ရခိုင်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ မငြိမ်းနိုင်သေးတာနဲ့အမျှ စားနပ်ရိက္ခာအခက်အခဲကြောင့် နေရပ်စွန့် ထွက်ပြေးသူ စစ်ရှောင်အရေအတွက် တနေ့တခြား ပိုတိုးလာနေပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အဲဒီစခန်းတွေထဲက ၂ခုကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ဇန်နဝါရီလ ၄ ရက်၊ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ မနက်စောစောမှာ “ရက္ခိုင့်တပ်မတော် AA” အဖွဲ့က လူသူ လက်နက် အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်တာခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင်းက နယ်ခြားစောင့် ရဲကင်းစခန်း လေးခု ထဲမှာ ခထီးလှကင်းစခန်းလည်း အပါအဝင်ပါ။
ရခိုင်ပြည်နယ် ဘူးသီးတောင်ဒေသက နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို ရခိုင် လက်နက်ကိုင်အဖွဲ့ AA က တိုက်ခိုက်ခဲ့တဲ့အခြေအနေ၊ ဒေသခံတွေရဲ့အမြင်၊ တာဝန်ရှိသူတွေရဲ့ တုံ့ပြန်ချက်နဲ့ နောက်ဆုံးအခြေအနေတွေကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက အထူး သတင်းဆောင်းပါးအဖြစ် စုစည်းတင်ဆက်ထားပါတယ်။
AA ရခိုင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာနေဆဲ ရှိပြီး လတ်တလောမှာပဲ နယ်စပ်ရဲကင်းစခန်းတွေ အတိုက်ခိုက်ခံခဲ့ရတာကြောင့် လုံခြုံရေး စိုးရိမ်စရာဖြစ်နေပြီး ဒေသတွင်း တည်ငြိမ်လုံခြုံမှုမရှိသေးတာကြောင့် နေရပ်ရင်းကို ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ စစ်ရှောင်တွေက ပြောကြပါတယ်။
"မိဘပြည်သူများအားလုံး ကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ရှေ့ခရီးကို ဆက်လက်တက်ကြွစွာပါဝင်နိုင်ကြပါစေလို့ ဆန္ဒပြအပ်ပါတယ်ခင်ဗျာ။" (သမ္မတဦးဝင်းမြင့်- နှစ်သစ်ကူးဆုတောင်း)
၂၀၁၈ ခုနှစ်ကုန်ဆုံးလို့ ၂၀၁၉ ခုနှစ်ကို ကူးပြောင်းခါနီး အခါသမယမှာ ဗွီအိုအေပရိသတ်များနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် မြန်မာနိုင်ငံ အဓိက ဘာသာကြီးလေးခုမှ ပုဂ္ဂိုလ်ကြီးများရဲ့ နှစ်သစ်ဆုတောင်းစကားများကို ဗွီအိုအေက စုစည်း တင်ဆက်ပေးလိုက်ပါတယ်။
ဒီဇင်ဘာ ၃၁၊ ၂၀၁၈ - ISP မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့၊ ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်း၊ မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိန်းတို့နဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန် VOA စတူဒီယိုမှာ သုံးသပ်ဆွေးနွေးထားပါတယ်။
မြန်မာ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့ မလေးရှားအခြေစိုက် EDS Business School ၊ အမေရိကန် အခြေစိုက် Akamai University တို့နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ကိစ္စအပေါ် ပြန်သုံးသပ်စေချင်ပြီးတော့ လူထုကို ရှင်းလင်းပြောဆိုစေချင်တယ်လို့ ဒီကျောင်းတွေနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြစာတွေကို ရေးသားနေသူ ကိုနေယံဦးက ပြောပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံလွှာနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၂၄ ရက်၊ တနင်္လာ နေ့ ဒီကနေ့ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ နှစ်ဘက် လျှောက်လဲချက်ပေးကြပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံလွှာနဲ့ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ နှစ်ဘက် လျှောက်လဲချက်ပေးကြပါတယ်။ ကိုကျော်ကျော်သိန်း သတင်းပေးပို့ထားပါတယ်။
တရုတ်-မြန်မာနယ်စပ်ဒေသတလျှောက် စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးလှုပ်ရှားမှုတွေကို ဒီနေ့ကစလို့ ၄ လ ကျော်ကြာ ရပ်ဆိုင်းမှာဖြစ်ကြောင်း မြန်မာစစ်တပ်က ကြေညာလိုက်ပါတယ်။
လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နောက်ကွယ်ကကိစ္စတွေ၊ နိုင်ငံရေးသဘောထားကွဲပြားနေတာတွေကို မရှင်းနိုင်ဘူးဆိုရင် တခုတည်းသောတပ်မတော်ဆိုတဲ့ကိစ္စကို ဖြေရှင်းနိုင်လည်း နောက်ပြဿနာတခု ထပ်ထွက်လာမယ်လို့ နိုင်ငံ ရေးသုတေသနအဖွဲ့တဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၆၊ ၂၀၁၈ - လက်ရှိမူဝါဒတွေကိုရော ထိထိရောက်ရောက် အကောင်အထည်ဖော်ပါရဲ့လား၊ WLB အထွေထွေအတွင်းရေးမှူး မလွေးပိုးငယ် ကို VOA ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
ကချင်ပြည်နယ်မှာ ကပ်ရောဂါလိုကျရောက်နေတဲ့ HIV ရောဂါနဲ့ မူးယစ်ဆေးပြဿနာ ဖြေရှင်းရေးအတွက် လာမယ့်ငါးနှစ်အတွင်း ဒေါ်လာ ၆ သန်း အကူအညီပေးမယ်လို့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန်အေဂျင်စီ USAID က ကြေညာပါတယ်။
ဒီဇင်ဘာ ၉၊ ၂၀၁၈ - မြန်မာနိုင်ငံအပေါ် ဂျပန်အနေနဲ့ မဟာဗျူဟာမြောက် ဘာတွေ စိတ်ဝင်စားတာလဲဆိုတာကို VOA ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama ကို တွေ့ဆုံ မေးမြန်းထားပါတယ်။
လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဂျပန်နိုင်ငံက ဘယ်လို ပံ့ပိုးကူညီပေးနေပါသလဲ … မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်ပြီးတည်ဆောက်နိုင်ခြေ အလားအလာအပေါ်မှာရော ဂျပန်နိုင်ငံက ဘယ်လိုမြင်ပါသလဲ ဆိုတာ ကိုကျော်ကျော်သိန်းက ဂျပန်သံအမတ်ကြီး Mr. Ichiro MARUYAMA တို့ တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်တိုးဖြစ်ပေါ်နိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ဘယ်လိုအကြံပေးထားသလဲ ဆိုတာကို VOA ဝိုင်းတော်သညး ကိုကျော်ကျော်သိန်းနဲ့ ဂျပန်သံအမတ်ကြီး Mr. Ichiro MARUYAMA တို့ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းမှာ တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေး ဒဏ်ခတ် အရေးယူ တဲ့နည်းနဲ့ ပြေလည်မယ်လို့ မယူဆတာကြောင့် အဲဒီလို အရေးယူတာတွေကို သဘောမတူဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Ichiro Maruyama က ပြောပါတယ်။ ကိုကျော်ကျော်သိန်းက သီးခြား တွေ့ဆုံ မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေး ဒဏ်ခတ် အရေးယူ တဲ့နည်းနဲ့ ပြေလည်မယ်လို့ မယူဆတာကြောင့် အဲဒီလို အရေးယူတာတွေကို သဘောမတူဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr.Ichiro MARUYAMA ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်လာရေးနဲ့ပတ်သက်ပြီး သူတို့ကြား မှာကို မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ရှိနေကြပုံရပါတယ်။
နောက်ထပ်ကြည့်ရှုရန်