သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဆိုင်ရာ ကန့်သတ်ချက်တွေ စစ်ကောင်စီ ဖြေလျှော့ပေး


အနာဂတ်မှာအသုံးမယ့် ရွေးကောက်ပွဲ အီလက်ထရောနစ် မဲပေးစက်တွေအကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတဦးက ရှင်းလင်းပြောပြနေစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)
အနာဂတ်မှာအသုံးမယ့် ရွေးကောက်ပွဲ အီလက်ထရောနစ် မဲပေးစက်တွေအကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတဦးက ရှင်းလင်းပြောပြနေစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)

မြန်မာစစ်ကောင်စီက ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီတွေအတွက် စည်းကမ်းတချို့ကို လျှော့ပေါ့ပေးလိုက်ပေမဲ့ ရွေးကောက်ပွဲ ဘယ်အချိန်ကျင်းပမလဲ ဆိုတာကို ဖေါ်ပြထားခြင်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရေးပေါ် အုပ်ချုပ်ရေး ကြေညာထားတာ နောက်ထပ် သက်တမ်းကုန်ကာနီး အချိန်မှာပဲ ကြေညာချက် ထွက်ပေါ်လာတာပါ။

ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေအတွက် သတ်မှတ်ထားတဲ့ ပါတီဝင် အရေအတွက်နဲ့ နိုင်ငံရေးပါတီ တခုအတွက် လုပ်ငန်းတွေလုပ်ဖို့ သတ်မှတ်ထားတဲ့ အနည်းဆုံး မြို့နယ် အရေအတွက်တွေကို လျှော့ချပေးလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေမှာ ပါတီဝင်အရေအတွက် အနည်းဆုံး ၁ သိန်း သတ်မှတ်ထားတာကို ၅ သောင်း၊ မြို့နယ်အားလုံးရဲ့ ထက်ဝက်မှာ ပါတီလုပ်ငန်းတွေရှိရမယ်လို့ သတ်မှတ်ထားတာကိုလည်း ၃ ပုံ ၁ ပုံ လျှော့ချလိုက်တာပါ။ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ စည်းမျဉ်းတွေကို ပြင်ဆင်ရတဲ့ အကြောင်းရင်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကတော့ ဖယ်ရှားလိုက်တဲ့ အရပ်သား အစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိတယ်ဆိုပြီး စွပ်စွဲထားတာပါ။ နိုင်ငံတကာ ရွေးကောက်ပွဲ အကဲခတ်တွေနဲ့ လေ့လာသူတွေကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိတယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG