ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ဖြစ်လာဖို့ မျှော်လင့်ထားတဲ့ သမ္မတဟောင်း Donald Trump က ဖလော်ရီဒါပြည်နယ်မှာ ရွေးကောက်ပွဲ ရံပုံငွေ မဲဆွယ်ပွဲ ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီမိုကရက်တစ်ပါတီက လက်ရှိ သမ္မတ Joe Biden ကို ယှဉ်ပြိုင်ဖို့ လျောနည်းနေတဲ့ ရံပုံငွေ ပမာဏ ရအောင် အင်တိုက်အားတိုက် လုပ်ဆောင်လာနေပါတယ်။
အမေရိကန်ပြည်ထောင်စု အဓိကမြို့ကြီးတချို့က မြို့တော်ဝန် ရွေးကောက်ပွဲတွေမှာ အာရှနွယ်ဖွားတွေ ပထမဆုံးအကြိမ်အနေနဲ့ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရပါတယ်။ ဒီအကြောင်း အေပီသတင်းကို ကိုအောင်အောင်က စုစည်းတင်ပြပေးထားပါတယ်။
သမ္မတထရမ့်ပ်ဟာ Andrew လေတပ်စခန်းမှာ နှုတ်ဆက်ပွဲပြီးတဲ့နောက် ဖလော်ရီဒါပြည်နယ်ကို ထွက်ခွာသွားပါပြီ။
ဇန်နဝါရီလ ၂၀ ဗုဒ္ဓဟူးနေ့မှာ အရွေးကောက်ခံ ဒုသမ္မတ Kamala Harris ဟာ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Sonia Sotomayor နဲ့ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်တဲ့အတွက် ဒါဟာ ပထမဆုံး လက်တင်အမေရိကနွယ်ဖွား တရားသူကြီးဆီမှာ ပထမဆုံး လူမည်းနဲ့ တောင်အာရှနွယ်ဖွား အမျိုးသမီး ဒုသမ္မတ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပြောကြားမယ့်မိန့်ခွန်းမှာ အရွေးကောက်ခံသမ္မတ Joe Biden က နိုင်ငံတွင်း စည်းလုံးညီညွတ်ရေးအတွက် အဓိကပန်ကြားဖို့ရှိကြောင်း အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲအဖြစ် တာဝန်ယူတော့မယ့် Ron Klain က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ရွေးကောက်ခံသမ္မတ Joe Biden အနေနဲ့ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီး အစောပိုင်းအချိန်တွေ အတွင်းမှာပဲ သမ္မတအုပ်ချုပ်ရေး အာဏာကို အသုံးပြုပြီး သူ့အရင် သမ္မတ Trump လက်ထက် ဆုံးဖြတ်ခဲ့တဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကို ပြောင်းလဲသွားဖို့ ရှိပါတယ်။
ရွေးကောက်ခံသမ္မတ Joe Biden သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့် ဇန်နဝါရီလ ၂၀ ရက်မတိုင်မီ နိုင်ငံတဝန်း လက်နက်ကိုင် ဆန္ဒပြတာတွေ ပေါ်ပေါက်လာနိုင်ချေရှိတဲ့ သတင်းတွေကြောင့် ပြည်နယ်အသီးသီးက မြို့တော်တွေမှာရှိတဲ့ လွှတ်တော်အဆောက်အဦ တဝိုက်နဲ့ အရေးပါတဲ့ နေရာတွေမှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။
ရွေးကောက်ပွဲမှာ သမ္မတ Trump ကို Joe Biden က အနိုင်ရကြောင်း Electoral College သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်မဲတွေ အတည်ပြုဖို့ ဗုဒ္ဓဟူးနေ့မှာ အခမ်းအနားနဲ့ ကျင်းပမှာဖြစ်ပြီး ဒါကို အောက်လွှတ်တော်က ရီပတ်ဘလစ်ကန်အမတ် ၁၀၀ ကျော်နဲ့ အထက်လွှတ်တော်အမတ် တဒါဇင်လောက်က ကန့်ကွက်မှာဖြစ်ကြောင်း ပြောနေပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်တင်မြှောက်တဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ဆောင်ရမယ့် နောက်ဆုံးအဆင့်ကို လာမယ့် ဗုဒ္ဓဟူးနေ့ ဇန်နဝါရီ ၆ ရက်နေ့မှာ ပုံမှန်အတိုင်း အခမ်းအနားနဲ့ လုပ်သွားမှာဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာစေတဲ့ ပြဿနာကို ထိပ်တန်းဦးစားပေး ကိုင်တွယ်မယ်လို့ ကတိပြုခဲ့တဲ့ ရွေးကောက်ခံသမ္မတ Joe Biden က ဥတုရာသီဆိုင်ရာနဲ့ စွမ်းအင်ဆိုင်ရာ အရေးကိစ္စတွေကို ကိုင်တွယ်ဖို့ သူရွေးချယ်ထားတဲ့ အဖွဲ့ကို စနေနေ့မှာ ချပြခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲကနေ အမေရိကန်နိုင်ငံရဲ့ ၄၆ ဆက်မြောက် သမ္မတအဖြစ် Joe Biden ကို ရွေးချယ်တင်မြှောက်ကြောင်း Electoral College ခေါ် ပြည်နယ်ကိုယ်စားပြု သမ္မတရွေးချယ်ရေးအဖွဲ့က တရားဝင်ကြေညာဖို့ တရက်ပဲလိုတော့တဲ့ တနင်္ဂနွေနေ့အထိ သမ္မတ Donald Trump က ဒုတိယသက်တမ်း ပြန်အအရွေးခံရဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
ဒီမိုကရက်ပါတီက ပြိုင်ဘက်သမ္မတလောင်း Joe Biden ကို နိုဝင်ဘာရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ရလဒ်ကို ပြောင်းလဲဖို့အတွက် ဥပဒေကြောင်းအရ မအောင်မမြင် ကြိုးစားနေတဲ့ သမ္မတ Donald Trump ကို ထောက်ခံသူတွေ ထောင်နဲ့ချီပြီး မြို့တော် ဝါရှင်တန်ဒီစီမှာ စနေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်