စစ်ကိုင်းတိုင်း ကနီနဲ့ ဒီပဲယင်းမြို့နယ်တွေမှာ မကြာခင်ရက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့လို့ ဒေသခံတော်တော်များများ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းက ဒီကနေ့ဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက ဖြိုခွဲဖို့လာခဲ့ပေမယ့် ဆန္ဒပြသူတွေက လူစုအရင်ခွဲလိုက်တာကြောင့် နှိမ်နင်းတဲ့အခြေအနေထိ ရောက်မသွားပါဘူး။ အဲဒီနောက် ရဲနဲ့စစ်သား အင်အားအမြောက်အများနဲ့ဝင်လာပြီး လမ်းပေါ်က အတားအဆီး အကာအရံတွေကို ဘူဒိုဇာနဲ့ ရှင်းလင်းဖယ်ရှားသွားပါတယ်။
ရန်ကုန်တစ်မြို့လုံး အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းပတမ်း ဖြိုခွင်းတာကြောင့် ခြောက် ဦး ထက်မနည်း သေကြေရသလို လူဦးရေ ရာနဲ့ချီ အဖမ်းခံထားရပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းပေမဲ့ ဆန္ဒပြပြည်သူတွေ အရင်ကထက် ပိုမိုပြင်းထန်လာပါတယ်။
ရန်ကုန်မြို့ လှည်းတန်း၊ မြေနီကုန်း၊ တာမွေ၊ ယုဇနပလာဇာ အင်းစိန်လမ်းမပေါ်စတဲ့ သပိတ်စစ်ကြောင်း နေရာတွေကို စစ်တပ်နဲ့ ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွဲနေတာပါ။
ရန်ကုန်မြို့က ဆန္ဒပြသူတွေကို ရဲတွေက အကြမ်းဖက် နှိမ်နင်းဖြိုခွဲတဲ့ အခြေအနေတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ဗွီအိုအေသတင်းထောက် အဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။
အင်ဒိုနီးရှားအနေနဲ့ စစ်အာဏာရှင်ရဲ့အစီအစဉ်တွေကို မထောက်ခံဘဲ မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ ရန်ကုန်မြို့အင်ဒိုနီးရှားသံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ အင်ဒိုနီးရှားသံရုံးဝန်းကျင်မှာတော့ ရဲတပ်ဖွဲ့က ပိတ်ဆို့နေရာယူထားပေမဲ့ ဆန္ဒပြသူတွေအရင်နေ့ကထက်ပိုမိုလာရောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးဖို့ ရန်ကုန်မြို့က သံရုံးတွေမှာ စုဝေးဆန္ဒပြကြရာမှာ ဒီကနေ့မှာတော့ အာဆီယံနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ သံရုံးရှေ့မှာ ဆန္ဒပြသူအတော်များများ ရှိခဲ့ပါတယ်။
ရန်ကုန်မြို့ နိုင်ငံတကာ သံရုံးတွေနဲ့ ဆန္ဒပြသူတွေ စုရပ်ဖြစ်တဲ့ ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်းလမ်းတွေမှာ သိန်းနဲ့ချီတဲ့ ဆန္ဒပြလူထုက အထိုင်သပိတ်နဲ့ သပိတ်စစ်ကြောင်းတွေနဲ့ ချီတက်ပြီး စစ်အာဏာသိမ်းမှုကို ဆန်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ သီတင်း ၂ ပတ်လောက် ရှိလာချိန်မှာပဲ အင်အားအလုံးအရင်းနဲ့ လမ်းပေါ်ထွက် ဆန္ဒပြတာ တွေ့ကြရသလို ပုံစံသစ်နဲ့ လှုပ်ရှားမှုတွေလည်း တွေ့ရပါတယ်။ VOA မြန်မာပိုင်းသတင်းထောက် မဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။
ရန်ကုန် ရထားဘူတာရုံကနေ UN ရုံး သို့ ချီတက်ဆန္ဒပြတဲ့ မြင်ကွင်း။ ~~~ ရနျကုနျ ရထားဘူတာရုံကနေ UN ရုံး သို့ ခြီတကျဆန်ဒပွတဲ့ မွငျကှငျး။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ချိန်ကစလို့ ရပ်ဆိုင်းထားရတဲ့ ရထားတွေ ပြန်လည်ပြေးဆွဲဖို့ အာဏာပိုင်တွေ ကြိုးပမ်းနေချိန်မှာပဲ ဆန့်ကျင်လှုပ်ရှားမှုတွေလည်း ဆက်လက် ထွက်ပေါ်နေပါတယ်။
အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာပဲ ရန်ကုန်မြို့ အပါအဝင် နေရာတော်တော်များများမှာ ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လက်ပေါ်ပေါက်နေပါတယ်။ နောက်ဆုံးအခြေအနေကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ဗွီအိုအေသတင်းထော် အဂ္ဂနွန် ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာပဲ ရန်ကုန်မြို့ အပါအဝင် နေရာတော်တော်များများမှာ ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လက်ပေါ်ပေါက်နေပါတယ်။
စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဆန္ဒပြသူ လူငယ်တချို့ကိုလည်း ဖမ်းဆီးသွားပြီး နောက်ပိုင်းမှာတော့ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တာပါ။
ရန်ကုန်မြို့ မြေနီကုန်းအနီး စစ်အာဏာဆန့်ကျင်ဆန္ဒပြ မြင်ကွင်း။ ~~~ ရနျကုနျမွို့ မွနေီကုနျးအနီး စဈအာဏာဆန့ျကငြျဆန်ဒပွ မွငျကှငျး။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုတွေမှာ သမားရိုးကျမဟုတ်တဲ့ ပုံစံမျိုးစုံနဲ့ ထူးထူးခြားခြား ပါဝင်လာသူတွေလည်း ရှိနေပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေအတွင်း ထူးထူးခြားခြား မြင်ကွင်းတွေကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် အဂ္ဂနွန်က တင်ပြပေးပါမယ်။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေမှာ အာဏာပိုင်တွေက အင်အားသုံး နှိမ်နင်းမှုတွေ ရှိနေပေမဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေကတော့ အလျှော့ပေးမှာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။ သွေးထွက်သံယို ဒဏ်ရာရတဲ့အထိ နှိမ်နင်းမှုတွေအပေါ် ဆန္ဒပြလူငယ်တွေရဲ့ တုန့်ပြန်မှုတွေကိုတော့ အဂ္ဂနွန်ကသတင်းပေးပို့ပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေမှာ အာဏာပိုင်တွေက အင်အားသုံး နှိမ်နင်းမှုတွေ ရှိနေပေမဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေကတော့ အလျှော့ပေးမှာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ လှည်းတန်းအနီး စစ်အာဏာဆန့်ကျင် ဆန္ဒပြပွဲ မြင်ကွင်း။ (ဓာတ်ပုံ - အဂ္ဂနွန် (ဗွီအိုအေ)) ~~~~ ရနျကုနျမွို့ လှညျးတနျးအနီး စဈအာဏာဆန့ျကငြျ ဆန်ဒပွပှဲ မွငျကှငျး။ (ဓာတျပုံ - အဂ်ဂနှနျ (ဗှီအိုအေ))
စစ်အာဏာသိမ်း ဆန့်ကျင်သူ ရန်ကုန်မြို့ခံတို့ရဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ချီတက်ပွဲ။ ~~~ စဈအာဏာသိမျး ဆန့ျကငြျသူ ရနျကုနျမွို့ခံတို့ရဲ့ ဖဖေောျဝါရီ ၈ ရကျနေ့ ခြီတကျပှဲ။
နောက်ထပ်ကြည့်ရှုရန်