စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်တုံ့ပြန်နှိမ်နင်းရာမှာ အများပြည်သူရဲ့အခဲမကြေ မုန်းတီးမှုတွေဖြစ်လာစေမလား၊ သြစတြေးလျ စီးပွားရေးပညာရှင်အမှု၊ မြန်မာနိုင်ငံအကြပ်အတည်းအတွက် တရုတ်နိုင်ငံရဲ့ကမ်းလှမ်းမှုစတဲ့ မေးခွန်းတွေကို စစ်အုပ်ချုပ်ရေးကောင်စီသတင်းစာရှင်းလင်းပွဲမှာ VOA က မေးမြန်းခဲ့ပါတယ်။
ကမ္ဘာ့အမွေအနှစ်သတ်မှတ်ထားတဲ့ ပုဂံမြို့အတွင်း ရတပ်ဖွဲ့က ကြိုတင်သတိပေးခဲ့တာမျိုးမရှိဘဲပစ်ခတ်ခဲ့ရာမှာ ကျည်အစစ်ကိုသုံးတယ်လို့ ယူဆရပြီး ကလေးတဦး ပါးပေါက်သွားခဲ့ကြောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။
တအန်း(ပလောင်) လက်နက်ကိုင်အဖွဲ့ရဲ့ အပစ်ရပ်ကြေညာချက်ကို တအန်းအရပ်ဘက် အဖွဲ့အစည်းတွေက ကန့်ကွက်လိုက်ပြီး စစ်အာဏာသိမ်းမှုကို လူထုနဲ့အတူ ရပ်တည်ဖို့ တောင်းဆိုလိုက်တဲ့နောက် ဒီကနေ့ မနက်မှာတော့ တအန်း(ပလောင်) လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ လားရှိုးမြို့အနီး ချဉ်းကပ်လာခဲ့ပါတယ်။ VOA သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။
ရန်ကုန် ဆန္ဒပြပွဲအတွင်း သေနတ်ထိမှန်သေဆုံးသူများကို ၎င်းတို့ ကျဆုံးခဲ့ရာနေရာများမှာ ပန်းစည်း ပန်းခြင်းများနဲ့ အောက်မေ့ဂုဏ်ပြုခဲ့ကြတဲ့ မြင်ကွင်း။ ~~~ ရနျကုနျ ဆန်ဒပွပှဲအတှငျး သနေတျထိမှနျသဆေုံးသူမြားကို ၎င်းငျးတို့ ကဆြုံးခဲ့ရာနရောမြားမှာ ပနျးစညျး ပနျးခွငျးမြားနဲ့ အောကျမေ့ဂုဏျပွုခဲ့ကွတဲ့ မွငျကှငျး။
ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ စစ်ရေးတင်းမာမှုတွေ ကြောင့် ကားအသွားအလာတွေ သတိထားဖို့ KIAက ပြောဆိုလိုက်ပြီး နမ္မတူနဲ့ ကျောက်မဲခရိုင်အတွင်းမှာ တိုင်းရင်းသားတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာကြောင့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်ဖြစ်နေပါတယ်။ ဒီသတင်းတွေကို ကိုမိုးဇော်က စုစည်းတင်ပြပါမယ်။
NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတာတွေကို လက်ရှိအခြေအနေမှာ ရပ်တန့်ထားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ရေး NCA လက်မှတ်ထိုး ၁၀ ဖွဲ့အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့နဲ့ NCA လက်မှတ်ရေးထိုးစဉ် သက်သေအဖြစ် ပါဝင်ခဲ့တဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ တင်ပြထားပါတယ်။
ရန်ကုန်မြို့ရောက်တိုင်းရင်းသားလူမျိူး (၁၆)စုဆန္ဒပြပွဲ
မြန်မာစစ်တပ်က အာဏာသိမ်းတာကို လမ်းပေါ်ထွက် ကန့်ကွက်ကြတဲ့ ၆ ရက်မြောက်နေ့မှာ ရန်ကုန်မြို့ရောက် တိုင်းရင်းသား လူနည်းစုတွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ VOA မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားရာ ရှမ်းပြည်နယ်မှာ ဒေသခံအရပ်သားတွေ ပစ်ခတ်ခံရ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ အပါအဝင် ဥပဒေမဲ့ လုပ်ရပ်တွေ ပေါ်ပေါက်နေတဲ့အပေါ် ဒေသခံတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် စတဲ့မြို့ကြီးတွေမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို TNLA တအန်း(ပလောင်) လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အခုဆိုရင် ထိန်းသိမ်းထားတာ ၁ လကျော် ရှိလာတာကြောင့် မိသားစုက စိုးရိမ်နေပါတယ်။
တလောကထိ တိုက်ပွဲတွေပြင်းထန်တဲ့ ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်တပ်ဖွဲ့နဲ့ စစ်တပ်အကြား တွေ့ဆုံ ဆွေးနွေးမှု ရှိလာလို့ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးငြိမ်းချမ်းရေး စိန်ခေါ်မှုတွေ ရှိသေးတယ်လို့ ပြောကြတာပါ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုမိုးဇော်က တင်ပြထားပါတယ်။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့က ထင်ရှားတဲ့ SP မုန့်တိုက်ပိုင်ရှင်ကို TNLA တအာင်း(ပလောင်) အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး စနေနေ့ညကလည်း အမျိုးသမီးတဦး နောက်ထပ် ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။
ရခိုင်ပြည်နယ်အရေး တပ်မတော်နဲ့ တိုက်ရိုက်လူချင်းတွေ့ဆွေးနွေးဖို့ ညှိနှိုင်းနေကြောင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်တဲ့အပေါ် နိုင်ငံရေးပါတီနဲ့ လေ့လာသူတွေက ကြိုဆိုလိုက်ကြတဲ့အကြောင်း တင်ပြပါမယ်။
မနေ့တုန်းကလည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်က နယ်စပ်မှတ်တိုင်အမှတ် ၁၂၅ အနီးမှာ တရုတ်နိုင်ငံက ခြံစည်းရိုးကာခဲ့တဲ့အတွက် မြန်မာဘက်က ကန့်ကွက်ထားကြောင်း လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက VOA ကို အခုလို ပြောပါတယ်။
UWSA ဝလက်နက်ကိုင်အဖွဲ့အနေနဲ့ ရွေးကောက်ပွဲ အလွန် နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာနိုင်မယ့် အလားအလာတွေကို ကိုမိုးဇော် က တင်ပြထားပါတယ်။
ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းမှာ မဲဆန္ဒရှင်အချို့ဟာ လွှတ်တော် ၃ ရပ်အတွက် မဲပေးခွင့်ရပေမယ့် တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် မဲပေးခွင့်မရကြသလို ရန်ကုန်တိုင်းဒေသကြီးမှာလည်း ဒီလိုအဖြစ်တွေ ကြုံတွေ့နေရပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်းက ပြည်သူ့စစ်နဲ့ ၀ တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးဖို့ အခက်အခဲတွေရှိနေသလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တာကြောင့် မဲရုံပိတ်သိမ်းဖို့ တောင်းဆိုထားတဲ့သတင်းကို တင်ပြပါမယ်။
စစ်ရေးတင်းမာမှုတွေကြောင့် နယ်မြေအခြေအနေ မတည်မငြိမ်ကြုံနေရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို၊ အရပ်သားတွေကိုလည်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေပါတယ်။
NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးတဲ့ ၅နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သဝဏ်လွှာနဲ့ ကြေညာချက်တွေ ထုတ်ပြန်ထားတဲ့အပေါ် ဘယ်လို ထူးခြားချက် ပါဝင်သလဲဆိုတာကို တင်ပြသွားပါမယ်။
နောက်ထပ်ကြည့်ရှုရန်