ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အကြား တိုက်ပွဲတွေ ရပ်တန့်ရေး ရှမ်းပြည်နယ် အစိုးရအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ လွှတ်တော်အမတ်တွေ တောင်းဆိုထားကြောင်းကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ဗွီအိုအေကိုပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အကြား စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေ ဆက်လက်ထွက်ပြေးနေသလို ရွေးကောက်ပွဲကို ထိခိုက်မှာ စိုးရိမ်မှုတွေ ရှိနေပါတယ်
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ ဒီမနက်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး သွားလာဖို့ ခက်ခဲတဲ့ ကျေးရွာက စစ်ရှောင်တွေအတွက် ရိက္ခာအခက်အခဲရှိနေတဲ့အကြောင်း ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါ ကူးစက်သူ အတည်ပြုလူနာ မရှိသေးတဲ့ ကယားပြည်နယ်မှာ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် လူပေါင်းရာချီ ပါဝင်ပြီး မဲဆွယ်စည်းရုံးနေတဲ့အတွက် စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အကြောင်း တင်ပြပါမယ်။ ကျနော်မိုးဇော်ပါ။
ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေချိန် AA လက်နက်ကိုင်အဖွဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံက အာချေးပြည်နယ်ကို ဥပမာယူပြီး အပစ်ရပ်ရေးဆွေးနွေးနွေးဖို့ အစိုးရဘက်က တိုက်တွန်းလိုက်ပါတယ်။
ပါတီရဲ့ မူဝါဒရပ်တည်ချက်တွေနဲ့ ဆောင်ရွက်ဖို့ ရည်မှန်းထားတာတွေကို ဖော်ပြထားတဲ့ NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ထုတ်ပြန်ခဲ့တာနဲ့ ထူးထူးခြားခြား ကွာခြားတာတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ စတင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ပါ အချက်တွေကို အတည်ပြုဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး UPDJC အစည်းအဝေးကို ဒီကနေ့ ကျင်းပခဲ့တာပါ။
ရှေ့သီတင်းပတ်ထဲ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရာမှာ အရေးပါတဲ့ သဘောတူညီချက်တွေချုပ်ဆိုဖို့ ရည်မှန်းထားပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဖုအထစ်တွေ ရှိနေဆဲ ဖြစ်တာကို အစိုးရနဲ့ တပ်မတော် တာဝန်ရှိသူတွေကိုယ်တိုင် ပြောဆိုနေကြတာတွေ တွေ့နေရပါတယ်။ သတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုမိုးဇော် တင်ပြပေးထားပါတယ်။
အစိုးရနဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့ ရှစ် ဖွဲ့အနက် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ချန်လှပ်ပြီး ကျန်အဖွဲ့တွေကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို တက်ရောက်ဖို့ ဖိတ်ကြားထားပေမဲ့ ကျန်အဖွဲ့တွေက မတက်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။
ရှေ့သီတင်းပတ်မှာကျင်းပမယ့်၂၁ ရာစုပင်လုံညီလာခံမှာ လက်မှတ်ရေးထိုးဖို့ ရည်မှန်းထားတဲ့ ပြည်ထောင်စုသဘောတူညီချက်မှာ တိုးတက်မှုတွေရအောင်ကြိုးပမ်းခဲ့တဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိုဆိုလိုက်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ကြန့်ကြာမှုတွေ မရှိအောင်လုပ်ဖို့တိုက်တွန်းလိုက်တဲ့အကြောင်း ပြောပြပါမယ်။
ရှေ့သီတင်းပတ်မှာ ကျင်းပမယ့် ၂၁-ရာစုပင်လုံ ညီလာခံမှာ ချုပ်ဆိုဖို့ ရည်ရွယ်ထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ်နဲ့ ပတ်သက်လို့ အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ အင်္ဂါနေ့က ဆက်လက်ဆွေးနွေးရာမှာ အချက်အချို့အပေါ် သဘောတူညီချက် မရသေးတာကြောင့် အစည်းအဝေးကို နောက်တစ်ရက်ထပ်တိုးလိုက်ရပါတယ်။
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေကြား စနေနေ့ အစည်းအဝေးမှာ မပြီးပြတ်သေးတဲ့ အချက်တွေကို ဒီနေ့ ဆက်လက်ဆွေးနွေးရာမှာ နှစ်ဖက်သဘောတူညီမှု ရခဲ့ကြပါတယ်။
ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ကြား သံတမန်ရေး တင်းမာမှုတွေဟာ မြန်မာနိုင်ငံကိုပါ ရိုက်ခတ်လာနေတာပါ။ ရေကြောင်းဗျူဟာကျ ပထဝီအနေအထားမှာရှိတဲ့ မြန်မာနိုင်ငံက ဒီပြဿနာမှာ ဘယ်လိုပတ်သတ်မှုရှိပါလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုမိုးဇော် တင်ပြပေးထားပါတယ်။
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေကြား ဒီကနေ့ အစည်းအဝေးမှာ နှစ်ဖက်ညှိနှိုင်းမှု မပြီးပြတ်သေးတဲ့အတွက် တနင်္ဂနွေနေ့မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြပါတယ်။
UWSA ထိန်းချုပ်နယ်မြေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်စမ်းသပ်ကျင့်သုံးနေတဲ့အပေါ် တပ်မတော်နဲ့ အခြားတိုင်းရင်းသားခေါင်းဆောင်တွေရဲ့အမြင်ကို တင်ပြပေးပါမယ်။
COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ကျောင်းဘော်ဒါဆောင်တွေကို ဆက်ပိတ်ထားဖို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်တဲ့အတွက် ကျောင်းသားတွေ ပညာရေးထိခိုက်မှာ စိုးရိမ်နေပါတယ်။
ကျောက်မဲမြို့နယ်မှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကြား ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းက တိုက်ပွဲဖြစ်ပွားရာမှာ အရပ်သား တစ် ဦး သေဆုံးပြီး နှစ် ဦးဒဏ်ရာရခဲ့တာကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းတွင်းမှာ မြေစာပုံပြိုကျမှုကြောင့် သေဆုံးပျောက်ဆုံးသူတွေကို ဒီကနေ့ထိ ဆက်လက် ရှာဖွေနေဆဲဖြစ်ပြီး ထိခိုက်သေဆုံးသူတွေနဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ အလှူငွေထည့်ဝင်နေတာ အခုဆိုရင် ကျပ် သိန်း ၆,၀၀၀ လောက် ရရှိထားတဲ့ သတင်းကို တင်ပြမှာ ဖြစ်ပါတယ်။
COVID-19 ကာလ အသွားအလာခက်ခဲနေချိန်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်မသွားစေဖို့ အစိုးရဘက်ကကြိုးစားနေတဲ့အခြေအနေနဲ့ မြောက်ပိုင်းအဖွဲ့တွေဘက်က လက်ရှိ သဘောထားနဲ့ အခြေအနေတွေကို တင်ပြပေးပါမယ်။
သတင်းထောက်တွေအနေနဲ့ သတင်းရယူပိုင်ခွင့်အရ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်မေးမြန်း တင်ပြတာတွေအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူမခံရအောင် ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတဲ့ အမြင်တွေကို ကိုမိုးဇော် စုစည်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်