စင်္ကာပူရေပြင်မှာ သန့်ရှင်းလောင်စာရေယာဉ်တွေပဲ အသုံးပြုရမယ် ဆိုတဲ့ စင်္ကာပူအစိုးရရဲ့ စည်းကမ်းနဲ့အညီ Shell ရှဲလ်ရေနံကုမ္ပဏီက လျှပ်စစ်သင်္ဘော အသစ် ၃ စီး အရင် ထုတ်လိုက်တာဖြစ်ပြီး တနှစ်ကို ဒီဇယ် တန်၂၀၀၀ နီးပါး သက်သာစေသလို ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထုတ်လုပ်မှု တနှစ်ကို တန် ၆,၀၀၀ ကျော် လျှော့ချနိုင်မှာပါ။
ကမ္ဘာမှာ နှစ်ပေါင်း သန်းပေါင်းများစွာက နေထိုင်ခဲ့တဲ့ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုကြီးကို ဒေါ်လာ ၆ သန်းကျော်နဲ့ လေလံတင်ရောင်းချလိုက်ပါတယ်။ ဈေးကတော့ ရမယ်လို့ မှန်းထားတဲ့ ဈေးထက်နိမ့်ရခဲ့ပြီး တခြားအပိုဆောင်းကြေးတွေနဲ့ ရောင်းဈေးက လေလံဈေးထက် မြင့်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်က ဝှာဆွန်မြို့သစ်မှာ အိမ်ရာသစ် တစ်သောင်း ဆောက်လုပ်ပြီးစီးမှု အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၃၊ ဧပြီ ၁၇ ရက်နေ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တက်ရောက်သွားခဲ့တယ်လို့ KRT သတင်းမှာ ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းကမ်းရိုးတန်းပြည်နယ်တခုဖြစ်တဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကားရပ်တဲ့ အိမ်အဖီခေါင်မိုးအောက်မှာ ပလက်ကုလားထိုင်နဲ့ အေးအေးဆေးဆေး စာဖတ်နေတဲ့အမျိုးသား အိမ်ကိုမဖိတ်ခေါ်ပဲ ရောက်လာခဲ့တဲ့ ဧည့်သည်ကြောင့် တော်တော်လန့်သွားရပါတယ်။
အီတလီနိုင်ငံ စစ္စလီကျွန်းအရှေ့ခြမ်း ကမ်းလွန်ပင်လယ်ပြင်မှာ Guardia di Finanza အထူးရဲတပ်ဖွဲ့က ကိုကင်းအထုပ်ပေါင်း ၁၆၀၀ပင်လယ်ပြင်မှာမြောနေတာကို ဧပြီလ ၁၇ ရက်နေ့က သိမ်းဆည်းရမိခဲ့တာပါ။သင်္ဘောပေါ်ကပစ်ချသွားတယ်လို့ ရဲက ယူဆပြီး အနီးက ကာတားနီးယားဆိပ်ကမ်းက စက်လှေတွေကို စုံစမ်းနေပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွန်ပင်မြို့တော်က ပန်းတိမ်ဆရာတစ်ဦးဟာ ကျည်ဆံအခွံတွေကို လက်ဝတ်လက်စားတွေအဖြစ် ပြောင်းလဲဖန်တီးနေတာပါ။ အကြမ်းဖက်မှုပြယုဒ်ဖြစ်တဲ့ ဒီကျည်ခွံတွေကို လက်ဝတ်လက်စားအဖြစ်ပြောင်းလဲလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးရဲ့ ပြယုဒ်ဖြစ်သွားစေဖို့ ဖန်တီးသူ ပန်းတိမ်ဆရာက မျှော်လင့်ပါတယ်။
ထိုင်းနိုင်ငံ အလယ်ပိုင်း ဘန်ကောက်မြို့တော်ကနေ မိုင် ၇၀ လောက်အဝေး သဘာဝသစ်တော အတိုင်းရှိနေတဲ့ အရပ်မှာ တောမီးစွဲလောင်တာကြောင့် ရဟတ်ယာဉ်တွေ အသုံးပြုပြီး မီးငြိမ်းသတ်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ ကမ္ဘာကျော်လှပတဲ့ ဖီဖီကျွန်းက မာယာဘေး ကမ်းခြေဟာ ဧည့်သည်တွေအလာများလို့ ဂေဟစနစ်ထိခိုက်ပြီး ၂၀၁၈ ထဲက ဒီကမ်းခြေ ပိတ်ထားခဲ့ရတာပါ။ ၂၀၂၀ မှာ ကိုဗစ်ကပ်ဘေးကြီး ကျရောက်လာလို့ ၂၀၂၂ အထိ စုစုပေါင်း ၄ နှစ်ပိတ်ထားခဲ့တော့ အဲဒီရေပြင်ထဲကို သန္တာကျောက်ပွင့်တွေ၊ ငမန်းတွေ ပြန်ရောက်လာခဲ့ပါတယ်။
အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းကို ဝင်ရောက်နေတဲ့ လေထုစီးလှိုင်းမုန်တိုင်းတွေမှာ အခုတစ်ခေါက်က ၁၂ ခုမြောက် အဖြစ် ဝင်ရောက်တိုက်ခတ်ပါတယ်။ လေထုထဲမှာ သမုဒ္ဒရာထဲက အငွေ့ပြန်ရောက်ရှိနေတဲ့ ငွေ့ရည်ဖွဲ့လေကြောင်းကြီးတွေ ရွေ့လျားပြီး မိုးတွေ၊ဆီးနှင်းတွေအဖြစ် ပြန်ရွာချနေတာ ဖြစ်ပါတယ်။
၅ နှစ်တာကာလအတွင်း တောင်ကိုရီးယားနဲ့ အမေရိကန်တို့ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု ၁၀ ရက်ကြာပြုလုပ်ခဲ့တာမှာ မတ်လ ၂၂ ရက်နေ့ကတော့ မြေပြင်မှာ တကယ့်ကျည်အစစ်တွေ အသုံးပြုပစ်ခတ်ပြီး လေ့ကျင့်ခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံ ဇက်ပိုးရီးရှားမြို့က အထပ်မြင့်လူနေတိုက်တန်းတခုကို ဒုံးကျည်ထိမှန်တဲ့ အခိုက်အတန့် ကို ရိုက်တာသတင်းဌာနက ရရှိတဲ့ ဗွီဒီယိုမှာ တွေ့နိုင်ပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ မီးသတ်သမားတွေ လူနာတင်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်နေကြတာ တွေ့ရပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့တော် Ueno ပန်းခြံမှာ ချယ်ရီပန်းပွဲတော်က အထူးစည်ကားပါတယ်။ ဒီနှစ် တိုကျိုမှာက ရာသီဥတု အရင်ကထက် ပူနွေးတာကြောင့် ပန်းတွေလည်း စောပြီး ပွင့်တာ ဖြစ်ပါတယ်။ မှတ်တမ်းတင်ထားသမျှကာလထဲမှာ အခုနှစ်ချယ်ရီက အစောဆုံးပွင့်တာဖြစ်တယ်လို့ NHK သတင်းဌာနက ပြောပါတယ်။
AZ Groeninge ဆေးရုံမှာ ကျွေးတဲ့ အစားအသောက်က သိပ်ကောင်းပါတယ်လို့ ပြင်သစ်စားသောက်ဆိုင်အကဲဖြတ်အဖွဲ့က အတည်ပြုလိုက်တာကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ် ဒီနိုင်ငံ ၃ နိုင်ငံတွဲ ဘယ့်နလွတ်စ် ဒေသမှာ အခုလို အဆင့်ရောက်တဲ့ ပထမဆုံးဆေးရုံ ဖြစ်သွားပါတယ်။
အများအားဖြင့် ဝတ်ဖြူစင်ကြယ်ဝတ်ထားကြတဲ့ ဒေသခံနဲ့ နိုင်ငံခြားသားတွေ မက္ကဆီကိုနိုင်ငံမှာ တည်ရှိတဲ့ နေမင်းရဲ့ပိရိမစ်ပေါ်တက်ပြီး နွေဦးကျရောက်ချိန်ကို ကြိုဆိုခဲ့ကြတာပါ။
ရုရှားသမ္မတ ဗလယ်ဒီမီယာ ပူတင်ဟာ မော်စကိုမြို့တော်ရဲ့ အရှေ့ဘက် မိုင်ပေါင်း ၃၀၀၀ နီးပါးမှာရှိတဲ့ Buryatia သမ္မတနိုင်ငံလေးက လေကြောင်းစက်ရုံကို အလည်အပတ်သွားရောက်ပြီး စက်ရုံအလုပ်သမားတွေရဲ့ အမေးတွေကိုလည်း ဖြေကြားသွားပါတယ်။
စွန့်စားသရုပ်ပြလေယာဉ်မှူးတစ်ဦးဟာ ဒူဘိုင်းမြို့က နာမည်ကျော် မိုးမျှော်တိုက်ခေါင်မိုး နေရာကျဉ်းကျဉ်းလေးမှာ လေယာဉ်ငယ်လေးတစ်စင်းကို အောင်အောင်မြင်မြင် ဆင်းသက်ပြနိုင်ခဲ့ပါတယ်။
အမေရိကန်ထုတ် မောင်းသူမဲ့ဒရုန်းယာဉ်ဟာ တောင်ပံနှစ်ဖက်အလျား ၆၆ ပေရှိပြီး မော်ဒယ်အလိုက်အနည်းဆုံးအမြင့်ပေ ၅ သောင်းလောက်ကနေပျံသန်းနိုင်တဲ့ ထောက်လှမ်းရေးဒရုန်းအမျိုးအစားဖြစ်ပြီး ဗုံးသီးမျိုးစုံတင်ဆောင်နိုင်တဲ့ စစ်သုံးဒရုန်းယာဉ်လည်းဖြစ်ပါတယ်။
ရုရှားတပ်တွေက ယူကရိန်းနိုင်ငံတလွှားကို ကြာသပတေးနေ့က မစ်ဇိုင်းဒုံးကျည်တွေနဲ့ တရစပ်ပစ်ခတ်ခဲ့တဲ့ အတွက် သေဆုံးရသူ ၆ ဦးထက် မနည်း ရှိနေသလို သိန်းနဲ့ချီတဲ့ ဒေသခံတွေလည်း မီးပြတ်ပြီး အပူဓါတ် မရပဲ အအေးလွန်ကဲတဲ့ ဒဏ်ကို ခံနေရပါတယ်။
ကမ္ဘာမှာ ရုရှား၊ ယူကရိန်းစစ်ပွဲကြီးဖြစ်ပွားနေချိန်မှာ အနောက်နိုင်ငံထုတ် တင့်ကားနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်လိုအားမြင့်တက်နေသလို၊ အယောင်ဆောင် စစ်ပစ္စည်းတွေလည်း အဝယ်လိုက်နေပါတယ်။ ချက်နိုင်ငံ ကုမ္ပဏီထုတ် စစ်ဘက်ဆိုင်ရာပစ္စည်း အတုအယောင်တွေထဲမှာ နောက်ဆုံး ဟီးမားစ်ရွှေ့လျားဒုံးပစ်စနစ်ပါ ပါလာပါပြီ။
နောက်ထပ်ကြည့်ရှုရန်