စားသောက်ဆိုင်ထက်ပိုကောင်းတဲ့ ဆေးရုံစာ
ဆေးရုံကအစားအသောက်၊ ကျောင်းတွေမှာ ကျွေးတဲ့အစားအသောက်တွေဟာ ခပ်ချာချာအဆင့်ရှိတယ်လို့ ထင်ထားတတ်ကြပေမဲ့ ဘယ်လ်ဂျီယံနိုင်ငံ အနောက်ပိုင်းက ဆေးရုံတစ်ရုံကတော့ အထင်နဲ့အမြင် လုံးဝလွဲသွားစေတာပါ။ AZ Groeninge ဆေးရုံမှာ ကျွေးတဲ့ အစားအသောက်က သိပ်ကောင်းပါတယ်လို့ ပြင်သစ်စားသောက်ဆိုင်အကဲဖြတ်အဖွဲ့က အတည်ပြုလိုက်တာကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ် ဒီနိုင်ငံ ၃ နိုင်ငံတွဲ ဘယ့်နလွတ်စ် ဒေသမှာ အခုလို အဆင့်ရောက်တဲ့ ပထမဆုံးဆေးရုံ ဖြစ်သွားပါတယ်။