မြောက်ကိုရီးယားမြို့တော် အိမ်ရာသစ် တစ်သောင်း ပြီးစီး
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်က ဝှာဆွန်မြို့သစ်မှာ အိမ်ရာသစ် တစ်သောင်း ဆောက်လုပ်ပြီးစီးမှု အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၃၊ ဧပြီ ၁၇ ရက်နေ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တက်ရောက်သွားခဲ့တယ်လို့ KRT သတင်းမှာ ဖော်ပြပါတယ်။ အိမ်ရာသစ် ၅ သောင်း ၅ နှစ်အပြီးဆောက်လုပ်ဖို့ စီမံကိန်းချ လုပ်ဆောင်နေတာပါ။