MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း အဆင့်မြင့်အရာရှိကြီးက၊ Total နဲ့ Chevron တို့ရဲ့ ဓာတ်ငွေ့သယ်ယူမူဆိုင်ရာ ဒီဆိုင်းငံ့ငွေပမာဏက၊ စုစုပေါင်းဓာတ်ငွေ့ရောင်းဝင်ငွေရဲ့ ၁၀ % ခန့်ရှိပြီး၊ တခြားရေနံကုမ္ပဏီကြီးတွေလည်း ရှေ.မှာအလားတူဆက်လုပ်လာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။
မြန်မာစစ်ကောင်စီကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နှစ်စဉ်ညီလာခံ တက်ရောက်ခွင့် ဆိုင်းငံ့လိုက်ပြီး၊ နိုဝင်ဘာမှာလုပ်မဲ့ ကုလအထွေထွေညီလာခံရဲ့ တရားဝင်မူဆိုင်ရာဆုံးဖြတ်ရေးအဖွဲ့ကို ရွေ.ဆိုင်းလိုက်တဲ့အပေါ်၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ကြိုဆိုလိုက်ပါတယ်။
မြန်မာလေတပ်အကြီးအကဲရဲ့ ရုရှားရဟတ်ယာဉ်ပြပွဲခရီးစဉ်က၊ လက်ရှိလေကြောင်းစစ်ဆင်ရေးတွေပိုဖြစ်လာတာနဲ့ ဆက်စပ်မူရှိနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Burgener နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-o-cha တို့ရဲ့ သောကြာနေ့က တွေ့ဆုံမှုနဲ့ အာဆီယံ ဥက္ကဋ္ဌရဲ့ ခရီးစဉ်အပေါ် အာဆီယံအရေး ကျွမ်းကျင်သူ Kavi Chongkittavorn နဲ့ ထိုင်း-မြန်မာအရေးကျွမ်းကျင်သူ ဦးအောင်သူငြိမ်းတို့ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာစစ်အာဏာသိမ်းအပြီး ကျန်းမာရေးဝန်ထမ်းတွေအပေါ် ပစ်မှတ်ထားနှိမ်နင်းနေမူတွေကို၊ နိုင်ငံတကာ အရေးပေါ်ဆေးပညာရှင်များအဖွဲ့ချုပ်က ရှုတ်ချလိုက်ပြီး၊ မြန်မာအရေးပေါ်ဆေးပညာအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမော်မော်ဦးကို၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းအပြီး ဖြစ်လာတဲ့ ဘဏ်ငွေထုတ်မူပြဿနာပိုဆိုးလာနေကာ၊ နောက်ဆက်တွဲအဖြစ် ဒေါ်လာဈေး၊ ရွေဈေးတွေပါ ကမောက်ကမ ဖြစ်လာနေပြီလို့ သုံးသပ်သူတွေ့ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ စိုးရိမ်ကြတဲ့ ပြည်သူတွေဟာ အစိုးရဘဏ်တွေရော ပုဂ္ဂလိက ဘဏ်တွေမှာပါ အပ်နှံထားတဲ့ ငွေတွေကို ထုတ်ယူနေကြပါတယ်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၃ လကျော် ကြာလာတဲ့ အချိန်အထိ ကန့်ကွက်ဆန္ဒပြပွဲတွေနဲ့ မတည်မငြိမ် အခြေအနေတွေအပေါ် စိုးရိမ်မှုတွေနဲ့အတူ ဘဏ်လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရပါတယ်။
မြန်မာနိုင်ငံမှာ ပစ်ခတ်သတ်ဖြတ်မူတွေရပ်ဖို့အပြင်၊ တည်ငြိမ်မူပြန်ဖော်ဆောင်ပေးဖို့၊ မြန်မာစစ်ခေါင်းဆောင်ကိုရှေ့အပတ်စနေနေ့မှာလုပ်မဲ့ အရေးပေါ်အာဆီယံထိပ်သီးအစည်းအဝေးပွဲအတွင်း အားလုံးကဝိုင်းဖိအားပေးတောင်းဆိုသင့်တယ်လို့၊ မြန်မာ့အရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းအပြီး ကျန်းမာရေးဝန်ထမ်းတွေအလုပ်မဆင်း သပိတ်မှောက်ခဲ့တာကြောင့် ပိတ်ခဲ့ရတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို၊ မြန်မာစစ်ကောင်စီက၊ အင်္ဂါနေ့ကစပြီး ပြန်ဖွင့်ဖို့ကြိုးစားစီစဉ်ခဲ့ပေမဲ့၊ အရင်လို ပုံမှန် မလည်ပတ်နိုင်ဘူးလို့၊ ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်အနီး အလောဘွမ်စခန်းမှာ၊ မြန်မာစစ်တပ်ဘက်ကနေ မနေ့က လေကြောင်းကဗုံးကြဲခဲ့ပြီး၊ နောက်ထပ်လေကြောင်းတိုက်ခိုက်မူတွေ ထပ်ပြင်းထန်လာနိုင်တယ်လို့၊ KIO သတင်းပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ထံ အမြန်ဆုံး လွဲှပြောင်းပေးနိုင်ရေး CRPH ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ နိုင်ငံတကာ ဥပဒေအကျိုးဆောင်အဖွဲ့က ပြင်ဆင်နေပါတယ်။
စစ်ကိုင်းတိုင်းက ကလေးနဲ့ တန့်ဆည်မြို့တွေမှာ ပစ်ခတ်နှိမ်နင်းမူတွေ ပြင်းထန်ခဲ့တာကြောင့်၊ သေဆုံးဒဏ်ရာရမူများပြားခဲ့ကာ၊ အနည်းဆုံးသေဆုံးသူက ကလေးမှာ ၁၂ ဦးရှိခဲ့ပြီး၊ တန့်ဆည်မှာ ၅ ဦး ရှိသွားပါပြီ။
မြန်မာနိုင်ငံရဲ့ အခြေနေသိပ်ဆိုးဝါးလာနေတာအတွက် လုံခြုံရေးကောင်စီက အထူးစိုးရိမ်ကြောင်းနဲ့ စစ်တပ်ဘက်က အဆုံးစွန်းထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ကြေညာချက်ထုတ်ပြန်ပြောဆိုမှုဟာ သေရေးရှင်ရေးဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် လုံလောက်မှုမရှိတာကြောင့် ပိုထိရောက်အောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေအနေနဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံရအပြီး၊ တရားရုံးကိစ္စတွေအပါအဝင် အခက်အခဲမျိုးစုံကြုံနေရတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထား၊ မှတ်တမ်းတွေကို နိုင်ငံထဲ သွားခွင့် မရသေးပေမဲ့လည်း စတင်စုဆောင်းနေပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သတင်း ၃ ပတ်အတွင်း ရွေဈေး တရိပ်ရိပ် တက်လာနေပြီး၊ ကျပ်ငွေတန်ဖိုးလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။
မြန်မာစစ်အာဏာသိမ်းအပြီး ကျူးလွန်ခံနေရတဲ့ အကြမ်းဖက်နှိမ်နင်းမူတွေကို၊ တိုင်ကြားကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာစုံစမ်းစစ်ဆေးမူယန္တယား (IIMM) က အများပြည်သူကို ကမ်းလှမ်းတောင်းဆိုတာဟာ အထူးအရေးပါပြီး နောက်ပိုင်းတရားစွဲနိုင်ချိန်အတွက် ထိရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းနေတာတွေ ရပ်တန့်ပြီး၊ ပြန်တည်ငြိမ်မူရေ စေရေးအတွက် အာဆီယံထိပ်သီး အရေးပေါ်အစည်းအဝေးကျင်းပပေးဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို တောင်းဆိုလိုက်သလို မလေးရှားဝန်ကြီးချုပ် Tan Sri Dato' Haji Muhyiddin bin Haji Muhammad Yassin ကလည်း ဒီတောင်းဆိုမှုကို ထောက်ခံလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အာဏာပိုင်တွေက နေ့ရော၊ ညပါ အကြမ်းဖက် နှိမ်နင်းတာတွေ ရန်ကုန်မြို့ အပါအဝင် နေရာအနှံ့မှာ ဆက်လုပ်နေပါတယ်။ ဖမ်းဆီးမှုတွေ ပစ်ခတ်မှုတွေကြားမှာပဲ ဆန္ဒပြလှုပ်ရှားမှုတွေလည်း ရှိနေဆဲပါ။
နောက်ထပ်ကြည့်ရှုရန်