(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သတင်း ၃ ပတ်အတွင်း ရွှေဈေး တရိပ်ရိပ် တက်လာနေပြီး၊ ကျပ်ငွေတန်ဖိုးလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။
မတ်လ ၄ ရက်က အခေါက်ရွှေ တစ်ကျပ်သားကို ၁,၃၀၇,၀၀၀ ကျပ် ကနေ၊ အခု မတ်လ ၂၅ ရက်မှာ၊ ၁,၃၉၁,၀၀၀ ကျပ်အဖြစ်၊ ၈၄,၀၀၀ ကျပ် တက်လာချိန်မှာ၊ ဗဟိုဘဏ်ငွေလဲနှုန်းအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၄၂၁.၆ ကျပ်ကနေ၊ အခု ၁၄၅၆.၉ ကျပ်ကို၊ ၃၅.၃ ကျပ် တန်ဖိုး ကျလာပါတယ်။
ခုလိုဖြစ်လာတာက ရွှေတင်သွင်းမူပြတ်တောက်တာ၊ နိုင်ငံခြားငွေစီးဆင်းမူအားနည်းတာအပြင်၊ ငွေရိုက်ထုတ်နိုင်တာမျိုး ကောလဟာလနဲ့ အထွေထွေမတည်ငြိမ်မူတွေကြောင့်ဖြစ်တယ်လို့၊ အမည်မဖော်လိုတဲ့ စီးပွားရေးသုံးသပ်သူတစ်ဦးကဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။
စီးပွားရေးဆောင်းပါး အများအပြားကိုလည်း ရေးသားခဲ့တဲ့ စီးပွားရေး သုံးသပ်သူက ရွှေဈေးတက်ရခြင်းအကြောင်းအရင်းကို အခုလိုစရှင်းပြပါတယ်။
“ဒီ ရွှေနဲ့ ပတ်သက်ပြီးတော့ ကုန်သွယ်မှုတွေပေါ့နော် ၊ ရွှေချောင်းတွေ တင်သွင်းမှုတွေက ပြတ်လပ်နေတဲ့ သဘောပေါ်မှာ မူတည်ပြီးတော့ ရွေတက်တယ်လို့ထင်တယ်။”
မေး။ ။ ဟုတ်ကဲ့ မြန်မာငွေတန်ဖိုးကျပြီးတော့ ဒီ ဒေါ်လာဈေး တက်သွားတဲ့ သဘောပေါ့နော်။ အဲဒါကရော ဘာကြောင့်လဲ။
ဖြေ။ ။ လက်ရှိ ပြည်တွင်းပြည်ပ ကုန်သွယ်ရေးမှာ အထူးသဖြင့် ဒေါ်လာကို မှီနေတဲ့အချိန်မှာ ပုဂလိက ဘဏ်တွေရော၊ နိုင်ငံတကာဘဏ်တွေရော၊ အစိုးရရဲ့ MFTB (Myanmar Foreign Trade Bank) တွေရော၊ ဒီ ဘဏ်တွေကမှ ငွေသွင်း ၊ ငွေလွဲ လုပ်ငန်းတွေ ဒီ Transaction (လုပ်ငန်းစဉ်) မှာ သိပ်ပြီးတော့ အလုပ်မလုပ်ဘူးဆိုရင်တော့ ဒေါ်လာ Transaction က ရပ်တဲ့အတွက် အကြောင်းအရာတခုခု ရှိနိုင်တယ်ပေါ့နော်။ နောက်တခုက အဓိကအချက်ကတော့ ဒီအချက်ကြောင့်မို့ စီးပွားရေးလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် တော်တော်များများအပေါ်မှာ ဒေါ်လာအစိမ်းတွေပေါ့နော် ဝယ်တဲ့နေရာမှာ ဈေးကွက်မှာ ဝယ်မရ ၊ ပြုမရဖြစ်တဲ့အတွက် ဒေါ်လာ ရှားပြီးတော့မှ ဒေါ်လာတန်ဖိုးတွေ တက်တယ်ထင်တယ်။
မေး။ ။ ဟုတ်ကဲ့ အဲဒီတော့ ကျပ်ငွေတန်ဖိုးကျရခြင်း နောက်အကြောင်းအရင်းရော ရှိနိုင်သေးလား။
ဖြေ။ ။ ဈေးကွက်ထဲမှာတော့ ပြောနေတာက တချို့ ကျနော်တို့လည်း ကြားနေရတာပေါ့နော် ကျပ်ငွေ ၊ ငွေကြေး ပြတ်လပ်မူတွေရှိရင် ငွေထုတ်တာတို့ဘာတို့ပေါ့ Printing လုပ်တာတို့ ဘာတို့ပေါ့။
မေး။ ။ ဟုတ်ကဲ့ ငွေရိုက်ထုတ်တာေပေါ့နာ်။
ဖြေ။ ။ ဟုတ်၊ ဒါတွေက ရှိနိုင်ခြေရှိတာပေါ့နော် လောလောဆည် အခြေအနေအရဆိုရင်။ အဲဒါလည်း ကျပ်ငွေတန်ဖိုး ကျဆင်းရခြင်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ တခုပဲ။ လက်ရှိအနေအထားမှာတော့ Circulation of Money (ငွေကြေးလည်ပတ်မူ) ပေါ့နော် ငွေတွေက Market (ဈေးကွက်) ထဲမှာ လည်ပတ်မှု မရှိဘူးဆိုတော့ ငွေတွေက သုံးရမယ့် ကဏ္ဍတွေမှာ မသုံးပဲနဲ့ လက်ထဲမှာ၊ ငွေကြပ်နေတဲ့ သဘောလဲ ဖြစ်နိုင်တယ်။ အဓိကတော့ ပြည်တွင်း ဘဏ်တွေက တလခွဲ ၄၅ ရက်- ၅၀ ကျော် သွားပြီပေါ့နော်၊ ရက်ပိုင်း ၅၀ နားအထိ ဘဏ်တွေက ပိတ်ထားတဲ့အတွက် Velocity လို့ခေါ်တာပေါ့နော် ငွေကြေးလည်ပတ်မှုတွေက Market ထဲမှာ ပြတ်နေတဲ့အတွက်၊ တဖက်က သုံးရမယ့်နေရာမှာ ဘယ်ဆိုဒ် (Side) မှ၊ အခုဆိုရင် ဒီ Revenue (အခွန်ဝင်ငွေ) ဘက်က ကြည့်မယ်ဆိုရင်လည်း အခွန်တွေလည်း တခုရှိတယ်လေ။ နောက်အစိုးရရဲ့ သွင်းကုန်လိုင်စင်တွေ နောက် ပြည်တွင်းထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ လိုင်စင်တွေ အခွန်ခတွေအပေါ်မှာ ဒီ Revenue ဆိုဒ်က မရှိတဲ့အခါကျတော့၊ တဖက်က အဲဒီ Project (စီမံကိန်း) တွေသုံးတော့မယ်ဆိုရင် ငွေတကယ်လို့များ မရှိခဲ့ရင်ပေ့ါနော်၊ Printing (ငွေရိုက်ထုတ်တာ) တွေဖြစ်နိုင်တာပေါ့နော်။ ဒါကလည်း ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာတခုပါ။
မေး။ ။ ဟုတ်ကဲ့ အဲဒီတော့ အခုလို မြန်မာငွေ ကျဆင်းမှု၊ ခုနက ရွှေနဲ့ ဒေါ်လာ ဈေးတက်မှုကပေါ့နော် ဘယ်လောက်အထိ ပမာဏ ဘယ်လောက်ကြာကြာဖြစ်သွားမယ်လို့ မှန်းထားသလဲ။
ဖြေ။ ။ ကျနော်က ဘယ်လိုထင်သလဲဆိုတော့ အခု ဈေးကွက်ကြီးက ပျက်တော့မယ်၊ အခု ဟိုဝါတွေ ဖြစ်တော့မယ်၊ ဟိုက ဒီလိုတွေ ဖြစ်တော့မယ်ဆိုတဲ့ Assumption (အမှန်အဖြစ်ယူဆချက်) ပေါ့နော်၊ ဈေးကွက်မှာ ရှိတဲ့ သတင်းတွေက ခိုင်ခိုင်မာမာ တည်တည်ငြိမ်ငြိမ် မရှိတဲ့အပေါ်မှာ၊ ဘယ်အချက်အလက်တွေက မမှန်ကန်တာရယ်၊ ဘာဖြစ်မယ်ဆိုတဲ့ Rumor တွေ ကောလဟာလတွေ အဲဒီအပေါ်မှာ တည်ပြီးတော့မှာ Speculate (မှန်းဆဈေးကစားတာ) လုပ်နေတယ်ဆိုရင်၊ ဒါကြီးကို ဘယ်လောက်ကြာကြာ ဘယ်လောက်အထိ ထပ်တက်သွားမယ်၊ ကျသွားမလဲ ဆိုတာကို ခန့်မှန်းရတာ ခက်တယ်ပေါ့နော်။
မေး။ ။ အခုလို မတည်မငြိမ် ကမောက်ကမဖြစ်နေတဲ့ အနေအထားကေပေါ့နာ်၊ အခုလက်ရှိ အစိုးရအပြောင်းအလဲနဲ့ ဆန္ဒပြပွဲတွေ နှိမ်နင်းမှုတွေကြောင့်ရော ပတ်သက်မှုရှိလား။
ဖြေ။ ။ ဒီ Effect (သက်ရောက်မူ) ကတော့ ရှိတာပေါ့။ ဒီ Effect ပေါ်မှာ တည်ပြီးတော့မှ စင်္ကာဘူဘဏ်တွေမှာ မြန်မာငွေကြေးနဲ့ ပတ်သက်ပြီးတော့ ဒေါ်လာတွေနဲ့ ပတ်သက်ပြီးတော့၊ ကိုင်တွယ်မှု ကိစ္စတွေ အကြောင်းတွေ၊ နောက် အထူးသဖြင့် အမေရိကန်ကနေပြီးတော့မှ ဖိအားပေးထားတဲ့ အကြောင်းတွေ၊ ဒါတွေကတော့ နိုင်ငံရေး အပေါ်ကနေပြီးတော့ Financial Sector (ဘဏ္ဍာငွေကြေးကဏ္ဍ) ကို လာထိတာ။ Financial ကနေပြီးတော့ ကျနော်တို့ Banking Sector (ဘဏ်ကဏ္ဍ) ကို လာထိတဲ့သဘောဖြစ်နေတယ်။
မေး။ ။ အဲဒီတော့ သက်ရောက်မှုကရော ဘယ်လို ဆက်ဖြစ်လာဖို့ မှန်းသလဲ။
ဖြေ။ ။ ဒီစီးပွားရေးတို့ အဓိကတော့ ဒီဘက်ခေတ်ကြီးထဲမှာတော့ Financial နဲ့ Banking Sector ကြောင့် ဖြစ်လာတယ်ဆိုရင်၊ ဒီသက်ရောက်မှုတွေက တော်တော်ကြီးတယ်ခင်ဗျ။ ဥပမာ ကျနော်တို့ အင်ဒိုနီးရှားတို့ ဆိုရင် တအားသိသာပါတယ် ဒီ Financial Crisis (ငွေကြေးအကြပ်အတည်း) နောက်ပိုင်းမှာ ၉၈-၉၉ နောက်ပိုင်းမှာ၊ ဆူဟာတို (အင်ဒိုနီးရှားသမ္မတဟောင်း ဗိုလ်ချုပ်ကြီးအငြိမ်းစား) တို့ ဘာတို့ ပြုတ်ကျသွားတယ်ဆိုတာ၊ တကယ့် Base (အခြေခံ) က၊ ဒီ Financial Crisis ဖြစ်လာတဲ့ ပြဿနာပေါ်မှာ တည်ပြီးတော့မှ ဖြစ်သွားတာဆိုတော့၊ လက်ရှိ အတိုင်းအတာအရဆိုရင် ကျနော်တို့ စီးပွားရေးတွေ ရပ်တန့်တာတို့ ၊ အလုပ်လက်မဲ့တွေ များလာတာတို့၊ ဒါတွေက ရေတိုမှာ ဖြစ်လာနိုင်တယ်။ နောက်လုပ်ငန်းတွေ ရပ်ဆိုင်းတာတို့ပေါ့နော်၊ ကုန်သွယ်မှုတွေ ရပ်ဆိုင်းတာတို့ ဒီ Logistic (ကုန်သယ်ယူပို့ဆောင်မူ) ပိတ်နေတဲ့အတွက် ရပ်ဆိုင်းတာတို့၊ နောက်ပြီးတော့မှ ကျနော်တို့ အမြဲတမ်း ကြောက်နေတဲ့ Inflation (ငွေကြေးဖောင်းပွတာ) တို့ ဘာတို့ ဖြစ်လာမှာ။
..........
(Unicode)