ဧပြီ ၂၂၊ ၂၀၂၁ - မြန်မာ့ အခြေအနေ ကောင်းကောင်းဆိုးဆိုး စင်္ကာပူကတော့ အမြဲတမ်း အမြတ်ထုတ်နိုင်ပုံကို ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဧပြီ ၁၅၊ ၂၀၂၁ - ထိုင်းဘုရင်က ချီးမြှင့်တဲ့ သူရဲကောင်းဘွဲ့ (၂) ခု ရထားသူ တပ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ကို ဦးအောင်ခင်နဲ့ ကိုဉာဏ်ဝင်းအောင်က ထိုင်းအစဉ်အလာနဲ့ နှိုင်းယှဉ် တင်ပြထားပါတယ်။
ဧပြီ ၀၈၊ ၂၀၂၁ - အာဆီယံနိုင်ငံတွေထဲမှာ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုဖြုတ်ချပြီး စစ်အာဏာသိမ်းတဲ့နေရာမှာ ထိုင်းနိုင်ငံဟာ အကြိမ် အများဆုံးဖြစ်ပါတယ်။
ဧပြီ ၁၊ ၂၀၂၁ -နိုဝင်ဘာ ရွေးကောက်ပွဲကို ချီးကျူး ဂုဏ်ပြုခဲ့တဲ့ တရုတ်အစိုးရဟာ မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကို မထောက်ခံပေမယ့် မကန့်ကွက်ပါဘူး။ တရုတ် ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ဦးအောင်ခင်က သုံးသပ်ပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မတ် ၂၅၊ ၂၀၂၁ - တပ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှုကို မင်းဆိုးမင်ညစ် ကြီးစိုးမှုအဖြစ် သတ်မှတ်ပြီး ပြည်သူပြည်သားတွေ ဆန့်ကျင်နေပုံကို ဦးအောင်ခင် က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
မတ် ၁၈၊ ၂၀၂၁ - စစ်အာဏာသိမ်းလိုက်တဲ့ တပ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ မိသားစုဟာ မြန်မာပြည်မှာ အချမ်းသာဆုံးမိသားစု ဖြစ်လာနိုင်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
မတ် ၁၁၊ ၂၀၂၁ - ပြည်သူအများဆုံးမဲပေးတဲ့ NLD ပါတီကို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အလားအလာ ဆိတ်သုဉ်းပြီး ၊ လုံးပါးပါးနေတဲ့ ကြံ့ဖွံ့ပါတီဟာ စစ်အာဏာသိမ်းရေးကို ထောက်ခံအားပေးရင်း ဆက်လက်ရှင်သန်ဖို့ ကြိုးပမ်းနေပုံကို ဦးအောင်ခင်က သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။
မတ် ၄၊ ၂၀၂၁ - စစ်အုပ်စုရေးဆွဲခဲ့တဲ့ အခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်တဲ့ NLD အရပ်သားအစိုးရ ကြီးစိုးမှာကို တွေးကြောက်တဲ့ စစ်အုပ်စုဟာ ရွေးကောက်ပွဲရလဒ်ကို လျစ်လျှူရှုပြီး စစ်အာဏာသိမ်းလိုက်ပုံကို ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၁ -- Mytel Telecom ဟာ ဗိုလ်ချုပ်လူတန်းစားအတွက် ဝင်ငွေ ပိုရှာပေးနေပြီး စစ်ဆင်ရေးကို အထောက်အကူပြုနေတဲ့ ဆက်သွယ်ရေးစနစ်ဖြစ်ကြောင်း ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
ဖေဖေါ်ဝါရီ ၁၈၊ ၂၀၂၁ - စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်တဲ့ လှုပ်ရှားမှုဟာ စိတ်ဓါတ်ခိုင်မာဖို့လိုတဲ့ ရေရှည်တိုက်ပွဲဖြစ်ကြောင်း ဦးအောင်ခင်က ရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၂၁ - အာဆီယံ(၁၀)နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျား၊ နယူးဇီလန် ပါဝင်တဲ့ (၁၅)နိုင်ငံက စီးပွားရေးသဘောတူညီချက် RCEP ကို လက်မှတ်ထိုးခဲ့ကြပါတယ်။ အဲဒီထဲ ပြိုင်ဆိုင်မှုစွမ်းအား အနည်းဆုံးဟာ မြန်မာနိုင်ငံဖြစ်ကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
ဖေဖေါ်ဝါရီ ၄၊ ၂၀၂၁ - မြန်မာ့ပညာရေးလောကဟာ အဆင့်နိမ့် နေပေမယ့် ပါရဂူဘွဲ့ရသူတွေ များပြားလာပုံနဲ့ တက္ကသိုလ် ဆရာ/ဆရာမများအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
ဇန်နဝါရီ ၂၈၊ ၂၀၂၁ - စစ်အစိုးရခေတ်ရဲ့ ရပ်ကွက် ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဟာ အခုခေတ်မှာ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ပြည်သူလူထု ပါဝင်မှုကတော့ နည်းပါနေသေးကြောင်း ဦးအောင်ခင် က ရေးသားပြီး ကိုဉာဏ်ဝင်းအောင် က ကူညီတင်ဆက်ထားပါတယ်။
ဇန်နဝါရီ ၂၁၊ ၂၀၂၁ - သယံဇာတနဲ့ ပတ်သက်လို့ အကျိုးအမြတ်ခံစားရ နေသူတွေကို အစိုးရက ဖေါ်ထုတ်ဖို့ လိုအပ်တယ်လို့ သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့က ပြောကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
ဇန်နဝါရီ ၁၄၊ ၂၀၂၁ - သယံဇာတ ထုတ်ယူမှုမှာ သိသာမြင်သာ ပွင့်လင်းတာဝန်ရှိစွာ လုပ်ကိုင်ဖို့တိုက်တွန်းနေတဲ့ "တွင်းထွက်သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့"ရဲ့ လုပ်ငန်းတိုးတက်လာပုံကို ဦးအောင်ခင်က သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
ဇန်နဝါရီ ၇၊ ၂၀၂၁ - ကျောက်စိမ်းလုပ်ငန်းမှာ တပ်မတော်အရာရှိတွေ ၊ ကုမ္ပဏီပိုင်ရှင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက အများဆုံး အကျိုးခံစားနေရပါတယ်။ ဒါပေမဲ့ ပြည်သူလူထုမှာတော့ ရေမဆေးကျောက်ရှာဖွေသူ ဘဝနဲ့သာ နိဂုံချုပ်ရပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
ဒီဇင်ဘာ ၃၁၊ ၂၀၂၀ - ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ငန်းဟာ ထုတ်လုပ်တဲ့တန်ဖိုး ကြီးမားသလောက် တိုင်းပြည်က အကျိုးခံစားရတာ အလွန်နည်းပါးနေပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
ဒီဇင်ဘာ ၂၄၊ ၂၀၂၀ - နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရရှိတဲ့အမြတ်စ ွန်းကို သီးခြား စာရင်းလုပ်ပြီး သိမ်းဆည်းထားပါတယ်။ ဦးသိန်းစိန် အစိုးရ တက်လာတော့လည်း အဲဒီစာရင်းတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၇၊ ၂၀၂၀ - စစ်ကိုင်းတိုင်း ဗန်းမောက် ဝန်းသိုနဲ့ ပင်လယ်ဘူးမြို့နယ်တွေက နေရာ အတော်များများမှာ တရုတ်ကုမ္ပဏီကို ကြေးနဲ့ ဆက်စပ်သတ္တုတေ ွ ရှာဖွေ တူးဖေါ်ခွင့် ပေးလိုက်တဲ့ကိစ္စအေကြာင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
ဒီဇင်ဘာ ၁၀၊ ၂၀၂၀ - ဒီမိုကရေစီ ဓလေ့ကို ပြုစုပျိုးထောင်ရာမှာ ပြည်သူ့သဘောထား စစ်တမ်းဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်