ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ထဲမှာရှိတဲ့ DKBA ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေး နည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီး စောအေဝမ်းရဲ့ နေအိမ်ခြံဝင်းကို စစ်ကောင်စီက ဒီကနေ့ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ်ခွဲမှာ ပြုပြင်ထိန်းသိမ်းဖို့ရပ်နားထားတဲ့ ရေနံတင်သင်္ဘော Smooth Sea C22 ပေါက်ကွဲမှုမှာ မြန်မာအလုပ်သမား ၇ ယောက်အပါအဝင် သေဆုံးခဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက တယောက်ကို ဘတ်ငွေ ၈ သိန်းကျော်စီ လျော်ကြေးပေးခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်၊ မြဝတီ အာရှကားလမ်းတလျှောက်မှာ ဇန်နဝါရီလ ၁၉ရက်နေ့က မြဝတီကနေ ဆင်းလာတဲ့ ၆ဘီးကားတစီးကနေ အရှိန်မထိမ်းနိုင်ရာက ယာဉ်၆စီး ဆက်တိုက် မူဖြစ်ပြီး လူ၃ဦးကတော့ ထိခိုက်ဒဏ်ရာတွေရသွားခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
၃ နှစ်နီးပါကြာတဲ့အထိ ပိတ်ထားခဲ့ရတဲ့ ထိုင်း-မြန်မာ မဲဆောက်မြဝတီ ချစ်ကြည်ရေး တံတားအမှတ်(၁) ကို ပြန်ဖွင့်ခဲ့ပေမယ့် မြန်မာဘက်က စစ်ဆေးမှုတွေ တင်းကြပ်နေတာကြောင့် တပတ်ကြာတဲ့အထိ ထိုင်းဘက်ကို လာရောက်သူတွေဟာ နေ့စဉ်ရာဂဏန်းလောက်သာရှိနေပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖထလွန်ခရိုင်၊ ဖထလွန်-ဟတ်ရိုင် အာရှလမ်းမပေါ်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့က အထောက်အထားမဲ့ မြန်မာ ၃၀ နီးပါးကို ခိုးဝှက်သယ်ဆောင်လာတဲ့ယာဉ်တစီး တိမ်းမှောက်ပြီး မြန်မာတချို့ထိခိုက်ဒဏ်ရာရသလို တခြားလူတွေကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ်ခွဲမှာ ပြုပြင်ထိန်းသိမ်းဖို့ရပ်နားထားတဲ့ ဆီတင်ယာဉ်သင်္ဘော Smoosh Sea C22 ပေါက်ကွဲခဲ့တာကြောင့် မြန်မာအလုပ်သမား ၇ ဦး အပါအဝင် လူ ၈ ဦးသေဆုံးခဲ့ပြီး မြန်မာ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ထိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုရုံးချုပ်မှာ မနေ့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ကနေ တောင်ပေါ် တိုင်းရင်းသား မူးယစ်မှောင်ခိုဂိုဏ်းဝင်တွေနဲ့အတူ စိတ်ကြွဆေးပြား ၁၅ သန်းကို ဇန်နဝါရီလ ၁၅နဲ့ ၁၆ ရက်တွေမှာဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲချုပ်က သတင်းထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်ယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ ကော့ကရိတ်မြို့နယ် ကော့ဗိန်းရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဇန်နဝါရီလ ၁၃ ရက်နေ့ကတိုက်ပွဲဖြစ်ခဲ့သလို ကော့ကရိတ်မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
“ထိုင်းအစိုးရဝန်ထမ်းအယောင်ဆောင်မှုက အမှုပိုကြီးပါတယ်။ အမြန်လမ်းရဲဌာနရဲ့အမှတ်တံဆိပ်ကပ်တယ်။ ဒါက ယူနီဖောင်း တင်မဟုတ်ဘူး။ မော်တော်ယဉ်ကိုပါ အယောင်ဆောင်ကပ်တာဖြစ်ပါတယ်။ ထိုင်းလဝက၊ ရဲတို့၊ ဌာနဆိုင်ရာယူနီဖောင်းတို့ဝတ်ဆင်ပြီး လူကုန်ကူးတာတွေက ၂၀၂၂ မှာလည်း ဖမ်းမိခဲ့ဖူးပါတယ်။” (ဦးမိုးကြိုး-အလုပ်သမားရေးလှုပ်ရှားသူ)
“သမီးတို့ နေရာတွေက MOU စာချုပ်ပါ စည်းမျဉ်းနဲ့လည်းလွဲတယ်။ နွံထဘူရီမှာ ကုမ္ပဏီဆိုက်မှာလုပ်ရမယ်ဆိုပြီး ပန်းရံလုပ်ရတယ်။ သံချည် သံကွေးလုပ်ရတယ်။ နေပူကြီးထဲမှာပေါ့။ အဲဒါလုပ်ပြီး ပထုံဌာနီကတရုတ်ဆိုက်ထဲ ပို့တယ်။ သမီးတို့ကမလုပ်နိုင်တော့ အေဂျင်စီကိုအကြောင်းကြားတယ်။ အေဂျင်စီတွေက လာမရှင်းပေးဘူး။” (အလုပ်သမတဦး)
ဖာပွန်မြောက်ပိုင်းမှာ သူတို့ ဘက်က အဲဒီမှာ အရပ်သားတွေလုံးဝမရှိဘူးဆိုတဲ့ ဟိုးလွန်ခဲ့တဲ ခင်ညွန့်လက်ထက်ကတည်းက အမိန့်အာဏာကို မရုပ်သိမ်းခဲ့ဘူး။ NCA ကာလမှာလည်း အဲဒီလိုပဲ သတ်မှတ်ထားတယ်။ ဒီနယ်မြေကို အမဲရောင်နယ်မြေလို့သူတို့သတ်မှတ်ထားတာလေ။” (ဖဒိုကလဲစေး-KNU သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ)
ထိုင်းနိုင်ငံ ရာချ်ဘူရီဆေးရုံမှာ ယာဉ်မတော်တဆမူ့နဲ့ရောက်ရှိလာပြီး သေဆုံးသွားခဲ့တဲ့ မြန်မာအလုပ်သမားတဦးက လူ(၁၃)ယောက်အတွက်ခန္ဓာကိုယ် အစိတ်အပိုင်းတွေလျူဒါန်းခဲ့ကြောင်း ရာချ်ဘူရီဆေးရုံကြီးကသတင်းထုတ် ပြန်ခဲ့ပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလမ်းအင်ဘိ (Jalan Imbi) အရပ်မှာ တရားမဝင် ခိုးဝင်နေထိုင်သူတွေကို မလေးရှားအာဏာပိုင်တွေက လိုက်လံရှာဖွေဖမ်းဆီးတာမှာ မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ Lion Battalion Commando စစ်ကြောင်း စတဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၃၁ ရက်နေ့ကစပြီး ၅ ရက်ဆက်တိုက် လေကြောင်းကပါ တိုက်ခိုက်နေပါတယ်။
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် မယ်ဖါလွမ်ဒေသ မဲ့ကျလောင် ကျေးရွာအနီးမှာ ဇန်နဝါရီလ၂ ရက်နေ့က မူးယစ်ဆေး သယ်ဆောင်လာတဲ့ လက်နက်ကိုင်အုပ်စုနဲ့ ထိုင်းနယ်ခြားစောင့်တပ် ၃၁၀၉ တပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်တွေဖမ်းမိကာ မူးယစ်မှောင်ခိုသမား၂ ဦးလည်း သေဆုံးခဲ့ပါတယ်။
ထိုင်းနိုင်ငံကို မြန်မာတွေဟာ ၂၀၂၂ခုနှစ် တနှစ်လုံးမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး အဖမ်းခံရသူ မြန်မာ ၄ သောင်းကျော်လောက်ရှိမယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက ခန့်မှန်းကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
“စစ်ကောင်စီတပ်တွေနဲ့ ဂဠုန်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တယ်။ ကိုးတိုင်ရွာနားမှာဖြစ်တယ်။ တောင်ကြာအင်း၊ မြောက်ကြာအင်း သွားတဲ့လမ်းနေရာမှာပေါ့၊ ဆုတ်တဲ့အချိန်မှာတော့ ရွာတွေကို လက်နက်ကြီးနဲ့ပစ်သွားတယ်။” (ကော့ကရိတ်ဒေသခံ)
“ပါဆယ်ပုံးတွေ မလာကြဘူး။ မလာတာတော့ ၃ ရက် ၄ ရက်ရှိပြီ။ လမ်းအခြေအနေကြောင့် အတော်များများမလာဘူး။ တံတားကျိုးနေတော့ အဲဒီလမ်းကိုမဖြတ်ရဲဘူး။တခြားလမ်းတွေက ကွေ့လာတော့လည်း တခြားလမ်းကြောင်းကိုလည်း ကားတွေကမဖြတ်ရဲကြဘူး။ မြန်မာဘက်က ပစည်းတွေလည်းမလာဘူး။ ထိုင်းဘက်ကလည်း ပို့လို့မရဘူး။” ( DHL ပို့ဆောင်ရေးကုမ္ပဏီတာဝန်ခံ)
နောက်ထပ်ကြည့်ရှုရန်