သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့မြန်မာတွေ ပါလာတဲ့ကား ထိုင်းတောင်ပိုင်းမှာတိမ်းမှောက် 


ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၃ မှာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖထလွန်-ဟတ်ရိုင်အာရှလမ်းမပေါ်မှာ အထောက်အထားမဲ့ မြန်မာ ၃၀ နီးပါးကို ခိုးဝှက်သယ်ဆောင်လာတဲ့ယာဉ်တစီး တိမ်းမှောက်ခဲ့ပုံ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၃ မှာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖထလွန်-ဟတ်ရိုင်အာရှလမ်းမပေါ်မှာ အထောက်အထားမဲ့ မြန်မာ ၃၀ နီးပါးကို ခိုးဝှက်သယ်ဆောင်လာတဲ့ယာဉ်တစီး တိမ်းမှောက်ခဲ့ပုံ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံတောင်ပိုင်း ဖထလွန်ခရိုင်၊ ဖထလွန်-ဟတ်ရိုင် အာရှလမ်းမပေါ်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့က အထောက်အထားမဲ့ မြန်မာ ၃၀ နီးပါးကို ခိုးဝှက်သယ်ဆောင်လာတဲ့ယာဉ်တစီး တိမ်းမှောက်ပြီး မြန်မာတချို့ထိခိုက်ဒဏ်ရာရသလို တခြားလူတွေကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒီသတင်းကီုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်၊

ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခလာပြည်နယ် ဟတ်ရိုင်မြို့ကတဆင့် မလေးရှားနိုင်ငံထဲ ခိုးဝင်ဖို့ကြိုးစားကြတဲ့ မြန်မာ ၃၀ လောက်ပါတဲ့ လူကုန်ကူးလာတဲ့ကားတစီးဟာ ဖထလွန်မြို့နယ်ထဲမှာ တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါလာသူတချို့ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ကားပေါ်မှာပါလာသူအားလုံးလည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းတောင်ပိုင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့တာဝန်ခံ ဦးဘရီက အခုလိုပြောပါတယ်။

“ကားကတော့ မတော်တဆတိမ်းမှောက်တာပေါ့နော်၊ တယောက်ကတော့ လက်ကျိုးတာပေါ့နော်။ တချို့က တာ့ သေဆုံးတာထိဖြစ်နိုင်တယ်။ ဒဏ်ရာပြင်းတာပေါ့နော်။ ကျန်တဲ့သူတွေကတော့ကြောက်လန့်ပြီး ထွက်ပြေးကြတာပေါ့နော်၊ အနီးနားကလူတွေက ရဲစခန်းကိုတိုင်ကြားတဲ့အခါမှာ ကျိုးသွားတဲ့သူကိုတော့ ဖတ်တလုံဆေးရုံကိုခေါ်သွားပြီး ဆေးကုပေးတာပေါ့နော်၊ ခရီးသည်တွေထွက်ပြေးသွားတဲ့ဘက်ကို ထိုင်းလူမျိုးတွေက ပြောတဲ့အခါ လိုက်ရှာတော့ တောထဲမှာ ၂၈ ယောက်ကို တွေ့ရတယ်။”

ဖထလွန်-ဟတ်ယိုင် အာရှလမ်းမ၊ မူ ၅ ထာ့ခဲကျေးရွာအုပ်စု ဖထလွန်ခရိုင် ဖထလွန်မြို့နယ်ထဲမှာတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ပရာကျွတ်ခီရီကန်ဘက်ကလာတဲ့ကားဖြစ်ပြီး ကားတိမ်းမှောက်ပြီးတဲ့နောက် တချို့ ဒဏ်ရာရပြီး အားလုံးကတောထဲကိုထွက်ပြေးခဲ့ကြပါတယ်။ ဒီနောက် အာဏာပိုင်တွေရောက်လာတဲ့အခါ ကားပေါ်ပါလာတဲ့လူအုပ်စုကို လိုက်ရှာဖွေပြီး ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ ဒီမြန်မာနိုင်ငံသားတွေကို လူကုန်ကူးသူတွေက မလေးရှားနိုင်ငံထဲကိုပို့ဆောင်ဖို့အတွက် ခေါ်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“သိရချက်အရ ခရီးသည်တွေကတော့ မြန်မာကနေ မလေးရှားကိုခိုးဝင်မယ့်လူတွေပေါ့နော်။ သိရသလောက်ကတော့ အသေအပျောက်တောင်ရှိတယ်ကြားတယ်။ ဘယ်နှစ်ယောက်ဆိုတာတော့ မသိရသေးပါဘူး။”

အထောက်အထားမဲ့ဝင်ရောက်လာတဲ့ မြန်မာတွေကိုသယ်ဆောင်လာတဲ့လူကုန်ကူးကားတွေဟာ မကြာခဏ တိမ်းမှောက်တာတွေရှိပါတယ်။ အထူးသဖြင့် စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းမောင်းနှင်တာတွေ၊ ကားပေါ်မှာ လူတွေ ပြည့်ကြပ်နေအောင် အဆမတန်သယ်ဆောင်လာတာတွေ၊ မူးယစ်းဆေးဝါးသုံးစွဲပြီး မောင်းနှင် တာတွေကြောင့် ကားတိမ်းမှောက်လေ့ရှိပြီး မကြာခဏ လူသေဆုံးတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလထဲမှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ မြန်မာအလုပ်သမား ၁၄ ဦးကိုသယ်ဆောင်လာတဲ့ကားနဲ့ ပစ်ကပ်ကားတစီးတိုက်မိတာကြောင့် ယာဉ်တိမ်းမှောက်ခဲ့ပြီး မြန်မာအလုပ်သမားအားလုံး ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ်ကနေ လူမှောင်ခိုသမားတွေခေါ်လာတဲ့ မြန်မာ၂၀ ကျော်လိုက်ပါလာတဲ့ကားတစီးဟာ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်စောမှာ ဘန်ကောက်မြို့အနီး အယုဒ္ဓယပြည်နယ်အရောက် ကားတိမ်းမှောက်တာကြောင့် ၁၀ ဦးကျော် ဒဏ်ရာရခဲ့တာတွေလည်းရှိခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ မြန်မာတွေအစုလိုက်အပြုံလိုက် ကားတိမ်းမှောက်မှုကတော့ နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]








XS
SM
MD
LG