သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ်မှာ မြန်မာလူငယ် ၂ ဦး လက်နက်နဲ့အတူ ဖမ်းဆီးခံရ


မေလ ၁ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီး လက်နက်တွေနှင့် ဖမ်းဆီးခံခဲ့ရသည့် မြန်မာ လူငယ် ၂ ဦး။ (ဓာတ်ပုံ၊ ထိုင်းရဲတပ်ဖွဲ့)
မေလ ၁ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီး လက်နက်တွေနှင့် ဖမ်းဆီးခံခဲ့ရသည့် မြန်မာ လူငယ် ၂ ဦး။ (ဓာတ်ပုံ၊ ထိုင်းရဲတပ်ဖွဲ့)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်၊ ဖွတ်ဖရမြို့နယ်နဲ့ အုန်းဖျန်သွား ကားလမ်းမပေါ်မှာ မသင်္ကာစရာ ဆိုင်ကယ်တစီးကို ထိုင်း ရဲလုံခြုံရေးတပ်ဖွဲ့တွေက မေလ ၁ရက်နေ့က ရပ်တန့်ခိုင်းပြီး စစ်ဆေးရာကနေ မြန်မာလူငယ်နှစ်ဦးဟာ မောင်းပြန်ရိုင်ဖယ်လက်နက် ၂လက်ကို ဓါတ်မြေသြဇာအိပ်ထဲ ဖွက်ယူလာခဲ့တာကြောင့် လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို ထားပါတယ်။

ထိုင်း−မြန်မာနယ်စပ် တာခ့်ပြည်နယ်၊ ဖွတ်ဖရမြို့နယ်နဲ့ အုန်းဖျန်အသွား ကားလမ်းမပေါ်မှာ ဆိုင်ကယ်တစီး မောင်းနှင်လာတာကို နယ်မြေခံရဲတပ်ဖွဲ့က မသင်္ကာလို့ လိုက်လံစစ်ဆေးပြီး ဖမ်းဆီးခဲ့ရာမှာ ဆိုင်ကယ်စီးလာတဲ့လူငယ်၂ဦးနဲ့အတူ ဓါတ်မြေသြဇာအိပ်နဲ့ ထည့်ထားတဲ့ သေနတ်တွေကို ဖမ်းမိခဲ့တာပါ။

ဆိုင်ကယ်မောင်းလာသူ လူငယ်တဦးနဲ့အတူ နောက်ကနေ သေနတ်တွေထည့်ထားတဲ့အိပ်ကို ကိုင်လာတဲ့လူငယ်တဦး စုစုပေါင်း မြန်မာလူငယ် နှစ်ဦးကို ဖမ်းဆီးလိုက်တဲ့အကြောင်း မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့က ထုန်ပြန်ထားပါတယ် ။

ဒီသတင်းနဲ့ပတ်သက်လို့ ဘယ်တပ်ရင်းတပ်ဖွဲ့က ဘယ်သူဘယ်ဝါတွေလဲဆိုတာ မသိရသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

“ဆိုင်ကယ်စီးရင်းနဲ့ မြွေခွံအိပ်ထဲမှာ ထည့်သွားတာကိုတွေ့ရင်းနဲ့ ဖမ်းမိလိုက်တာ။ အဲဒီလက်နက်ကို အိပ်ထဲမှာ ထည့်သွားတုန်းဖမ်းမိတာ။ သူတို့က မောင်းပြန်ရိုင်ဖယ်သေနတ်တွေကို အဲဒီထဲမှာ ထည့်သွားတာပါ။”

ဖမ်းဆီးခံရတဲ့ အသက်၂၀ နဲ့ ၂၅နှစ်အရွယ် မြန်မာလူငယ်နှစ်ဦးဟာ မြန်မာစစ်တပ်ကို တော်လှန်နေတဲ့ ကရင်လက်နက်ကိုင် အင်အားစုတွေနဲ့ ပါတ်သက်နေကြောင်း၊ သူတို့နယ်မြေ မြန်မာဘက်ခြမ်းမှာအသုံးပြုဖို့ လက်နက်တွေကို ထိုင်းဘက်ခြမ်းကနေ လာရောက် သယ်ဆောင်ခဲ့တဲ့အကြောင်း၊ သူတို့နှစ်ဦးထံကနေ သိမ်းယူရရှိထားတဲ့ လက်နက်တွေကတော့ အေကေ မောင်းပြန်ရိုင်ဖယ်တစ်လက်နဲ့ ပြောင်းရှည် သေနတ်တလက်၊ ကျည်ဘောက်တွေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

မဲဆောက်ရဲမူး Monsak Kaewon မွန်ဆပ် ကဲဝန် ကတော့ အခုလို ဖမ်းဆီးနိုင်ခဲ့တဲ့ ရဲဝန်ထမ်းဆွေကို ဝန်ထမ်းကောင်းဆုတဆိပ် ပေးခဲ့ပြီး အခုလိုနယ်စပ်ဒေသမှာ လက်နက်ကိုင်အင်အားစုတွေရဲ့ လှုပ်ရှားမူတွေကို စောင့်ကြည့် စစ်ဆေးဖို့ကိုလည်း အရေးပေါ်အစည့်အဝေး ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦးကိုဟာ တရားမဝင် စစ်သုံးပစ္စည်း သယ်ဆောင်မှု၊ နိုင်ငံတွင်းခိုးဝင်မှုတွေနဲ့ တရားစွဲသွားမယ်လို့ မဲဆောက်ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြ ပါရှိပါတယ်။

XS
SM
MD
LG