ထိုင်း−မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်၊ မယ့်ဖာလွမ်ဒေသမှာ မူယစ်ဆေးဝါး သယ်ဆောင်လာသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ဧပြီလ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပြီး မူးယစ်မှောင်ခိုသမား ၃ ဦး သေဆုံးသွားခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီး မြဝတီခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA, PDF စတဲ့ ပူးပေါင်းတပ်ဖွဲတွေကြား တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပေါ်နေတာကြောင့် ထိုင်း−မြန်မာနယ်စပ်တလျှောက် တာခ့်ပြည်နယ်အတွင်း နယ်စပ်လုံခြုံရေးကို ထိုင်းအာဏာပိုင်တွေက တင်းကျပ် ချထားပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်စခန်းတွေကို လိုက်လံ တိုက်ခိုက်တာ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ လုပ်နေပါတယ်။ ဒီအတွက် နှစ်ဖက် ထိခိုက်ကျဆုံးမူတွေလည်း ရှိနေပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဆေးကုသဖို့လာတဲ့ ကော့ကရိတ်ဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို ထိုင်းအာဏာပိုင်းတွေက ဖမ်းဆီးပြီး စစ်ကောင်စီထံကို လွှဲပြောင်းအပ်နှံတဲ့အတွက် ထိုင်းနိုင်ငံရေးပါတီတခုဖြစ်တဲ့ Commoners' Party က ဧပြီလ ၈ ရက်နေ့မှာ စာထုတ်ပြီး ကန့်ကွက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းစစ်ကြောင်းတွေအကြား ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ထိုင်း−မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ် ဒေသကကျေးရွာတွေက ထွက်ပြေးလာသူတွေကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့နေတာပါ။
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ထဲက ဖတ်ထရာအဝင်အဝေးပြေးလမ်းမပေါ်မှာ အလုပ်သမားလက်မှတ်သက်တမ်းတိုးဖို့ ခရီးသွားနေတဲ့ မြန်မာနဲ့ကမ္ဘောဒီးယားအလုပ်သမားတွေ လိုက်ပါလာတဲ့ကားက တခြားကားတစီးကိုတိုက်မိတဲ့အတွက် သေဆုံးသူ ၈ ဦးထက်မနည်းရှိသွားပြီလို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ထဲက ဖတ်ထရာအဝင် အဝေးပြေးလမ်းမပေါ်မှာ မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ လိုက်ပါလာတဲ့ ကားက တခြားကားတစီးကို တိုက်မိလို့ ဒီကနေ့ သေဆုံးသူ ၈ ဦးထက်မနည်း ရှိသွားပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသက ကျေးရွာမှာ စစ်ကောင်စီတပ်-နယ်ခြားစောင့် တပ်တွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပူးပေါင်းစစ်ကြောင်းနဲ့ ဧပြီလ ၇ ရက်နေ့မှာလည်း တိုက်ပွဲ ဆက်ဖြစ်နေတဲ့အတွက် ထိုင်းဘက်ကို စစ်ဘေးတိမ်းရှောင်ရသူ ၈,၀၀၀ ထက်မနည်း ရှိနေပြီလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်အတွင်းက ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ဧပြီလ ၇ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်နေ့အထိ ပိတ်လိုက်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းစစ်တပ်ကြောင်းတွေက အမိန့်ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသက စစ်ကောင်စီတပ်ရဲ့လက်အောက်ခံ နယ်ခြားစောင့် BGF စခန်းကုန်း ၅ ခုကို ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နယ်ခြားစောင့်တပ်သားတွေလည်း အကျအဆုံး များတယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ် စပ်မဲဆောက်မြို့မှာ လာရောက်ဆေးကုသနေတဲ့ Lion Battalion အဖွဲ့က ဒုစစ်ကြောင်းမှူး ကိုသီဟ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးဟာ မဲဆောက်မြို့မှာ အဖမ်းဆီးခံရပြီးနောက် ၃ရက်အကြာမှာ ထိုင်းအာဏာပိုင်တွေက ကရင်နယ်ခြားစောင့်တပ် BGF တွေရှိတဲ့ လှေဂိတ်ကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
သူတို့ဟာ မြန်မာဘက်ကို ပြန်သွားလို့မရတဲ့သူတွေဖြစ်ပြီး စစ်ကောင်စီဘက်ကိုရောက်ရင် အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် မြန်မာဘက်ကို လွှဲပြောင်းချိန်မှာ လှေပေါ်ကနေခုန်ချဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ကိုတော့ ကရင်နယ်ခြားစောင့်တပ်က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း Chom Phon ပြည်နယ်ထဲမှာ လူကုန်ကူးသူတွေ ကားသုံးစီးနဲ့အပြည့်ခေါ်ဆောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၈၉ ယောက်ကို အမြန်လမ်းရဲတပ်ဖွဲ့က ဧပြီလ ၄ရက် အင်္ဂါနေ့ကဖမ်းဆီးလိုက်ပါတယ်။
မြဝတီမြို့မြောက်ဘက်၊ ကာစီနိုလောင်းကစားရုံတွေ တည်ထားတဲ့ ရွှေကုက္ကိုလ်မြို့အနီးက ထီးကော်ထော ကျေးရွာမှာ ကရင်နယ်ခြားစောင့်တပ် BGF ကင်းစခန်း ၂ ခုကို ဒီနေ့ ဧပြီလ ၅ ရက်မနက်ပိုင်းက KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီက လေကြောင်းကနေ ရဟတ်ယာဉ် ၂ စင်းနဲ့ ပစ်ကူပေးခဲ့ပါတယ်။
စစ်ကောင်စီ တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ကြားမှာ မတ်လအတွင်း တိုက်ပွဲပေါင်း ၁၉၀ကျော် ဖြစ်ခဲ့ပြီး စစ်ကောင်စီနဲ့ နယ်ခြားစောင့် တပ်ဘက်က အရာရှိတစ်ဦးအပါအဝင် ၉၀ ကျော် ကျဆုံးခဲ့တယ်လို့ တပ်မဟာ (၅)ဘက်က သတင်း ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်အတွင်းက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး စတဲ့နေရာတွေမှာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ညတိုင်းလည်း စစ်ကောင်စီဘက်က ကရင်ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေပါတယ်။
မြဝတီခရိုင်အတွင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး ပူးပေါင်း တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တဲ့နောက် စစ်ကောင်စီဘက်က နေ့စဉ် လက်နက်ကြီးတွေနဲ့ရော လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ဒေသခံ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ
“လမ်းဖွင့်တယ်၊ ကျနော်တို့တက်လာတယ်။ အခုတော့ လမ်းမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ညီနောင်ဘက်မှာ ဖြစ်နေတယ်။ တိုက်ပွဲဖြစ်ချိန်တော့ သူတို့ကတော့ ခဏပိတ်ထားတာပေါ့။”
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဒေသအခေါ် မူတြော်ခရိုင်မှာ မြန်မာစစ်ကောင်စီ အခြေစိုက်စခန်းခုကို ဒီကနေ့ အစောပိုင်းမှာ ကရင်အမျိုးသား အစည်းအရုံးရဲ့ KNLA တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNU ကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်