သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ အခြေခံလုပ်အားခလစာ တနေ့ ဘတ် ၇၀၀ ကျော်ပေးဖို့ တောင်းဆို


ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနား
ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနား

ထိုင်းနိုင်ငံအတွင်းက အခြေခံလုပ်အားခ လစာကို လက်ရှိမှာ တစ်ရက်ကို ထိုင်းဘတ်ငွေနဲ့ ၃၀၀ ကျော် ပေးနေရာက ဘတ် ၇၀၀ ကျော်အထိ တိုးမြင့်ဖို့ ထိုင်းအလုပ်သမားသမဂ္ဂတွေနဲ့ မြန်မာ ရွေ့ပြောင်းအလုပ်သမားတွေက တောင်းဆိုလိုက်ကြပါတယ်။ ဒီကနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ထိုင်းအစိုးရထံ အခုလို တောင်းဆိုလိုက်ကြတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မေလ ၁ရက်နေ့မှာကျရောက်တဲ့ မေဒေးနေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် အနိမ့်ဆုံးလုပ်ခလစာကို လက်ရှိမှာ တနေ့ ၃၅၃ ဘတ် ပေးနေရာကနေ ၇၁၅ ဘတ်အထိ တိုးပေးဖို့နဲ့ ကိုယ်ဝန်ဆောင် အလုပ်သမားတွေရဲ့ အခွင့်ရေးတွေ တိုးမြှင့်ပေးဖို့ ထိုင်းအလုပ်သမား သမဂ္ဂတွေနဲ့ မြန်မာ ရွေပြောင်းအလုပ်သမားတွေက ထိုင်းအစိုးရထံ တောင်းဆိုခဲ့ကြပါတယ်။

ဒါအပြင် အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ပြုဖို့နဲ့ မြန်မာအလုပ်သမားတွေရဲ့ နေထိုင်ခွင့် အထောက်အထားစာရွက်တွေကို သက်တမ်းတိုးပေးဖို့တွေလည်း ထည့်သွင်း တောင်းဆိုခဲ့ကြပါတယ်။ “လုပ်သားတွေရဲ့ မိသားစု ၃ ယောက်စာဖူလုံတဲ့ လုပ်ခလစာရရှိရေး" စတဲ့ အချက်တွေ ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

လတ်တလောမှာတော့ အခြေခံအနိမ့်ဆုံးလုပ်အားခကို နှစ်ဆတိုး တောင်းဆိုလိုက်တယ်လို့ ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ရဲ့ အမူဆောင်ဒါရိုက်တာ ဦးထူးချစ်က အခုလိုပြောပါတယ်။

“ထိုင်းနိုင်ငံမှာတော့ အလုပ်သမားတွေက သူတို့ရဲ့ အခြေခံလုပ်အားခကို အမြဲတောင်းဆိုတာရှိတယ်။ ဒီနေ့ မေဒေးနေ့မှာတော့ တနေ့ အနှိမ့်ဆုံးလုပ်အားခကို ၇၁၅ ဘတ်ထိ တောင်းဆိုတာရှိပါတယ်၊၊”

‌ရွေပြောင်းအလုပ်သမားတွေကတော့ မိသားစု ၃ ယောက်စာဖူလုံတဲ့ လုပ်ခလစာရရှိရေးဆိုတဲ့ အချက်တွေ ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ရွှေပြောင်းအလုပ်သမားတွေ အခုလို လုပ်အားခ နှစ်ဆတိုး တောင်းဆိုတာဟာ ကုန်ဈေးနှုံးတွေ ကြီးမြင့်တာကြောင့်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ နှစ်ဆလို့ဆိုပေမယ့် တကယ်လို့နိုင်ငံတကာမှာ သွားလုပ်နေတဲ့ လုပ်အားခထက်စာရင်တော့ နည်းလွန်းပါတယ်။ လူမူ့ဖူလုံရေး ရံပုံငွေကျပြန်တော့လည်း လုပ်သမားတွေအတွက် အသုံးပြုတာက နည်းပါတယ်။ ဒီတော့ အလုပ်သမားတွေအတွက် ရသင့်ရထိုင်တဲ့ဟာလို့ ပြောချင်ပါတယ်။”

ဒီတောင်းဆိုမူဟာ အလုပ်သမားတိုင်းရသင့်တဲ့ အခွင့်ရေးဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အမြဲတမ်း အခြေခံလုပ်အားခ တောင်းဆိုတာတပိုင်း။ နောက်ပြီးတော့ ကျန်တဲ့လူမှုဖူလုံရေး အခွင့်ရေးကို တောင်ဆိုတာက တပိုင်းပေါ့။ ထိုင်းအလုပ်သမားတွေရတဲ့ လုပ်အားခအတိုင်း ကျနော်တို့ မြန်မာရွှေပြောင်းအလုပ်သမားတွေကလည်း ရသင့်ပါတယ်။”

ထိုင်း−မြန်မာနယ်စပ်မှာလည်း မေဒေးနေ့အခမ်းအနားတွေကို ရွှေပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေက စုပေါင်း ဆောင်ရွက်ကြပြီး အလုပ်သမားတွေရဲ့ရသင့်တဲ့အခွင့်ရေးတွေ၊ အလုပ်သမားတွေရဲ့ နစ်နာမူတွေကို ဖြေရှင်းနိုင်ဖို့တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံထဲမှာ တရားဝင် အထောက်အထားရှိတဲ့မြန်မာလုပ်သမား ၂ သန်းကျော်ရှိပြီး အထောက်အထားမဲ့တွေလည်း ၂ သန်းကျော် ၃ သန်းနီးပါးထိ ရှိလာတယ်လို့ ရွှေပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG