ထိုင်းနိုင်ငံနဲ့ အစပ် ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာ မြန်မာစစ်တပ် နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့အကြား နယ်စပ်တလျှောက် တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာပါ လုံခြုံရေး တင်းကျပ်ထားပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့အတွင်းက လက်ခတ်တောင် စခန်းကုန်းကို ပြန်လည် ရယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေ၊ နယ်ခြားစောင့်တပ်တွေနဲ့ တဘက်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဒီရက်ပိုင်း တိုက်ပွဲ ပြင်းထန်နေပါတယ်။
ကရင်ပြည်နယ်ထဲက ကော့ကရိတ် မြဝတီသွားတဲ့ အာရှလမ်းမကြီးပေါ်မှာ ရေကြီးပြီး မြေပြိုတာတွေကြောင့် ကျိုးကျေပျက်စီးသွားတဲ့ လမ်းမပိုင်းကို ပြင်ဆင်နေတဲ့ ကာလမှာ မြဝတီ-ကော့ကရိတ် လမ်းဟောင်းကိုသာ သုံးနေရပြီး သွားလာရေး ခက်ခဲနေပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ကရင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၄၈၀ ကျော် ရှိနေတယ်လို့ သြဂုတ်လ ၁၀ ရက်မှာပြုလုပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်တွေရဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်းနိုင်ငံ အနောက်မြောက်ဘက် မယ်ဟောင်ဆောင် ခရိုင်အတွင်းက ကရင်ဒုက္ခသည်စခန်း ၂ ခုမှာ ဒီရက်ပိုင်း မိုးများပြီး ရေကြီး မြေပြိုတာတွေကြောင့် လူနေအိမ်နဲ့ အဆောက်အဦး ရာနဲ့ချီ ပျက်ဆီးသွားပါတယ်။ တချို့ အိမ်အလုံးလိုက် ပါသွားတာတွေလည်း ရှိပါတယ်။
(၈) လေးလုံး အရေးတော်ပုံ ( ၃၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပြည်တွင်းမှာသာမက ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့မှာတော့ သြဂုတ်လ ၈ ရက်နေ့က မြန်မာကျောင်းသားတွေ စုစည်းထားတဲ့ Friends Against Dictatorship - FAD ကဦးဆောင်ပြီး ချင်းမိုင်တက္ကသိုလ်ထဲမှာ ညသပိတ်အဖြစ် လှုပ်ရှားခဲ့ပါတယ်။
မလေးရှားနိုင်ငံ ပီနန်း မြို့မှာ (၈) လေးလုံးအထိမ်းအမှတ် အခမ်းအနားနဲ့ တော်လှန်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲတခုကို ကွာလ္လာမ်ပူ အပါအဝင် မလေးရှားပြည်နယ်အသီးသီးက မလေးရှားရောက်မြန်မာတွေ ပူးပေါင်းပြီး သြဂုတ်လ ၆ ရက်နေ့ကကျင်းပခဲ့ပါတယ်။
ကရင်ပြည်နယ်အတွင်း ဒီရက်ပိုင်း မိုးများကြီး ရေကြီးနေတာကြောင့် မြဝတီမြို့နဲ့ ကောကရိတ်မြို့ကြား အာရှလမ်းသစ်မှာ မြေကြီးတွေ ကွဲအက်ပြီး လမ်းကြောနေရာတချို့ ပြိုကျသွားခဲ့တာပါ။
ထိုင်းနိုင်ငံ၊ စူရတ်ဌာနီပြည်နယ်၊ ကော့ဖငန်ကျွန်းမှာ ဩဂုတ်လ ၆ ရက်မနက်ပိုင်းမှာ မြန်မာအလုပ်သမားတွေကိုသယ်ဆောင်လာတဲ့ကားတစီး မတော်တဆတိမ်းမှောက်ခဲ့တာကြောင့် ၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိသူတချို့ကလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိသေးတယ်လို့ဆိုပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် သောင်ရင်းမြစ်ရေတက်လာပြီး ကရင်ပြည်နယ်ကနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ရေကြီးရေလျှံတဲ့ ဒဏ်ခံနေရတဲ့အတွက် ရေဘေးကယ်ဆယ်ရေးစခန်း ၅ ခု ဖွင့်ထားရပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ ရွှေ့ပြောင်းလုပ်သား အများအပြားနေထိုင်နေတဲ့ Cheras တိုက်ခန်းတွေကို မလေးရှားအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးရာမှာ မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်
ဘန်ကောက်မြို့မှာ အလုပ်လုပ်ဖို့ လူကုန်ကူးသူ ပွဲစားတွေက ကုန်စိမ်းကြားဖွက်ပြီး ၆ ဘီးကားနဲ့ တင်ဆောင်လာချိန် ရှာဖွေ ဖမ်းဆီးခံခဲ့ရတာလို့ အလုပ်သမားရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီ နဲ့ ရနောင်း ပြည်နယ်တွေထဲကနေ တဆင့် တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်လာပြီး မလေးရှားနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ မြန်မာ၂၀ ကျော် ဒီရက်ပိုင်း ဖမ်းဆီးခံခဲ့ရပါတယ်။ သီးခြား နေရာ နှစ်ခုမှာ ဖမ်းဆီးခံရတာပါ။
တောင်ငူခရိုင်အတွင်းမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် လက်နက်ကြီး ကျည်ဆံတွေ ကျရောက်တာအပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့်ပါ ဒေသခံတွေ တောတောင်တွေထဲ ထွက်ပြေးနေရပြီး အစားအသောက်၊ အမိုးအကာ နဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်ခန့်က မလေးရှားနိုင်ငံ စီလန်ဂေါ (Selangor) ပြည်နယ် ဆာလာရမ်း (Selayang) မြို့မှာ ဒေသခံ Grab ယာဥ်မောင်းတဦးကိုသတ်ဖြတ်မှုနဲ့ အပြစ်ရှိတယ်ဆိုပြီး မြန်မာနိုင်ငံသားတဦးနဲ့ နိုင်ငံခြားသားတဦးတို့ကို ဇူလိုင်လ ၂၉ ရက်နေ့က သေဒဏ်ချမှတ်လိုက်ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေဖြစ်ပြီးနောက် ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်နေတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သန်းလောက်ထိတိုးလာတယ်လို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ခန့်မှန်းကြတယ်လို့လည်းဦးမင်းဦးကပြောပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့အထွက် တရုတ်လှကျေးရွာဘက်အခြမ်းမှာ ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နံနက် ၆ နာရီ ၅၀ မိနစ်ဝန်းကျင်လောက်က ဘားအံ သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ အကြီးစား ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
မလေးရှားနိုင်ငံ Sunway မြို့မှာ တရားမဝင် နိုင်ငံခြားသားတွေကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးစဉ် ထွက်ပြေးဖို့ ကြိုးစားတဲ့ မြန်မာအမျိုးသမီးတဦး လှေကားပေါ်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။
ထိုင်း−မြန်မာနယ်စပ် ရွှေတြိဂံဒေသကနေ ထိုင်းမြောက်ပိုင်း မယ်ဆိုင်မြို့ကိုဖြတ်ပြီး သြစတြေးလျ နိုင်ငံကို ပို့မယ့် ဘိန်းဖြူ အမြောက်အများကို ဖမ်းဆီး ရမိထားတဲ့အကြောင်း ထိုင်းအာဏာပိုင်တွေက ဇူလိုင် ၂၇ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံ၊ Pulau Burung ငှက်ကျွန်းအနီးမှာ ပြီးခဲ့တဲ့သီတင်းပတ်က နစ်မြှုပ်ခဲ့တဲ့ Tung Sung ကုန်တင်သင်္ဘောနဲ့အတူ ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေကို မလေးအာဏာပိုင်တွေက အပူတပြင်း ရှာဖွေ ကယ်ဆယ်နေတာမှာ အလောင်း ၄ လောင်းကို ဆယ်ယူရရှိထားပြီလို့ MMEA က သတင်းထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်