ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအတွက် အရေးပါတဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို KNLA PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းယူခဲ့ပြီးတဲ့နောက် ဇူလိုင်လ ၂၄ ရက်နေ့ကစလို့ နှစ်ဘက် အပြန်အလှန် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ကျပ်ငွေ နှစ်သောင်းတန် အသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီက မနေ့က ကြေညာခဲ့ပြီးတဲ့နောက် မြန်မာကျပ်ငွေတန်ဖိုး ထိုးကျသွားပြီး ငွေဈေး မတည်ငြိမ် တော့တာကြောင့် ထိုင်း−မြန်မာနယ်စပ်က ငွေလွှဲလုပ်ငန်းတွေလည်း ရပ်တန့်သွားပါတယ်။
မြဝတီမြို့နားမှာ ၂ ရက်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့တဲ့နောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ(၁၁၈)တပ်စွဲရာ အရေးပါတဲ့ လတ်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
Pulau Burung ခေါ် ဌက်ကျွန်းရဲ့ အနောက်မြောက်ဘက် ရေမိုင် ၄ မိုင်အကွာ၊ Kuching မြို့နဲ့ Sebuyau မြို့ ကြား မလေးရှား ရေပိုင်နက်အတွင်း Kuching မြို့ကနေ ထွက်လာတဲ့ MV Tung Sung ကုန်တင် သင်္ဘောဟာ ဇူလိုင်လ ၂၀ ရက် မနက် ၉ နာရီ ခွဲကျော်ခန့်က နစ်မြုပ်ခဲ့တာပါ။
အခင်းဖြစ်ပွားတဲ့ နေရာမှာ ကားမောင်းသူနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၄ ဦးကတော့ ဒဏ်ရာ ရခဲ့တာလို့ တာ့ခ် လူမှုကယ်ဆယ်ရေး အဖွဲ့တွေကလည်း သတင်းထုတ်ပြန် ထားပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မဲဆောက် အပါအဝင် ထိုင်းနယ်စပ်ဒေသ မြို့နယ် ၅ ခုမှာ လုံခြုံရေး တိုးမြှင့် ချထားပါတယ်။
"၁၆ ရက်နေ့ အထိ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲမှာ ရှိတဲ့ မြေစရင်းရုံးတို့၊ ထွေအုပ်ရုံးတို့ ကို ဒရုန်းတွေနဲ့ စပြီး တိုက်ခိုက်ပါတယ်။ ခုတ်ခွါစခန်းမှာရှိတဲ့ တပ်ရင်းမှုး ဦးစီးတဲ့ စစ်ကြောင်း (၂) ကိုလည်း ကျနော်တို့ ဝင်ရောက်တိုက်ခိုက်တယ်။ ခမရ ၂၈၃ က စစ်ကူလာတဲ့ အချိန် ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တယ်။ "
မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်နဲ့ မြန်မာ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ မသူဇာမောင်နဲ့သူ့မမိသားစုဝင်အားလုံး ဇူလိုင်လ ၄ရက်နေ့ကစပြီး အတင်းအဓမ္မခေါ်ဆောင်ခံသွားရတယ်လို့ Human Rights Watch က ဇူလိုင်လ ၁၇ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းတောင်ပိုင်း ချွန်ဖော်ပြည်နယ် ဆဝီဒေသက လူသူ အရောက်အပေါက်နည်းတဲ့ ရာဘာခြံတခြံထဲမှာ မြန်မာလုပ်သား ၃ ဦး မနေ့က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ အနီးနား ရာဘာခြံက ပိုင်ရှင် ထိုင်းနိုင်ငံသားတဦးလည်း အသတ်ခံထားရပြီး သူတို့ ဘာကြောင့် သတ်ဖြတ်ခံရတယ်ဆိုတာ မသိရသေးသလို၊ သတ်ဖြတ်သူကို လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။
ပဲခူးတိုင်း ရွှေကျင်မြို့နယ် ဒေသအခေါ် ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံထောင်သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်ဖြစ်နေတဲ့ ရွှေပြောင်းအလုပ်သမားတွေနဲ့ပတ်သက်လို့ အထောက်အထား လက်မှတ်လုပ်ပေးဖို့အတွက် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း တင်ကြဖို့ ထိုင်းပြည်ထဲရေးဌာနက ဇူလိုင်လ ၁၄ ရက်နေ့က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
KNU တပ်မဟာ ၆ ထိမ်းချုပ်နယ်မြေ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင် ကျေးရွာအုပ်စုထဲမှာ ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းကစပြီး ၁၅ ရက်နေ့ထိ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ကေအန်အယ်လ်အေ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်းနေပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း အန်ထောင်းခရိုင် Pamok မြိုနယ်ထဲက စာသင်ကျောင်းမှာ အထောက်အထားမရှိဘဲ နယ်မြေကျော် စာသင်ကြားလို့ ကျောင်းကထုတ်ပယ်ခံရတဲ့ မြန်မာကလေးငယ် ၁၂၆ ဦးထဲက ၅၉ ဦးကို ထိုင်းအစိုးရက နေရပ်ပြန်ပို့ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ကရင်နီလူမျိုးစု တိုင်းလက်နက်ကိုင်တွေကြား ဒီလဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် ၅,၀၀၀ ကျော် ရှိနေပြီလို့ ထိုင်းနိုင်ငံ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
"ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာဆိုင်ရှင် ဈေးရောင်းတဲ့ဆိုင်ကို ဝင်ရောက် ဖမ်းဆီးအခါမှာ ဆိုင်ရှင်ကော အလုပ်သမား ၁၀ ဦး ဖမ်းဆီးခံရတယ်။ ထိုင်း လူဝင်မှုကြီးကြပ်ရေးကနေ ထိုင်းနိုင်ငံသားတွေပဲ လုပ်ခွင့်ရတဲ့အလုပ်တွေကို ဝင်ရောက်စစ်ဆေးတဲ့အခါမှာ တရားမဝင် လုပ်နေတာကို တွေ့လို့ ဖမ်းဆီးတာလို့ သိရပါတယ်။"
ထိုင်းဒုရဲချုပ် Pol. Gen. Surachate Hakpal ဟာ ဇူလိုင်လ ၇ရက်နေ့က ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကို ရောက်ရှိလာပြီးမြဝတီခရိုင်အတွင်းက အွန်လိုင်းလိမ်လည် ဂိုဏ်း တွေ၊ လူမှောင်ခိုဂိုဏ်းတွေကို ကို ပိုမိုဖိအားပေးဖို့ သက်ဆိုင်ရာ ထိုင်းဌာနဆိုင်ရာအဖွဲ့စည်းတွေနဲ့ လာရောက်ညှိနိုင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံ အန်ထောင်ပြည်နယ်တွင်း စာသင်ကျောင်းတခုမှာ တတ်ရောက်သင်ကြားနေတဲ့ အထောက်အထားမဲ့မြန်မာကလေးငယ် ၁၂၀ ကျော်ကို ဆိုင်ရာအာဏာပိုင်တွေက သူတို့ မူရင်းလာခဲ့တဲ့ ချင်းရိုင်ခရိုင်ကို ပြန်ပို့ခဲ့ပါတယ်။
ထိုင်း-မလေးရှားနယ်စပ် ဆုံခလာပြည်နယ်အတွင်း ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်တချို့ကို ဆက်တိုက် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး၊ ဇူလှိုင် ၄ ရက်နေ့ကတော့ အလုပ်ပွဲစားတဦးရဲ့နေအိမ်မှာ မလေးရှားကိုသွားမယ့် အထောက်အထားမဲ့ မြန်မာ ၂၀ ဖမ်းဆီး ရမိခဲ့ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တဝိုက်မှာ KNU-KNLA ၊ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား နေ့စဥ်ဆိုသလို တိုက်ပွဲတွေ ဖြစ်နေပြီး ထိခိုက် ဒဏ်ရာရတာတွေလည်း ရှိနေတာပါ။
မြန်မာ အလုပ်သမား တွေကို သယ်ဆောင်လာတဲ့ ကားတွေဟာ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမခံဘဲ အရှိန်မြှင့် မောင်းပြေးတာကြောင့် ကားတစင်းကတော့ ယာဥ်တိုက်မှုဖြစ်ပြီး ကားမီးလောင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်