စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ သင်္ဘောတွေကို ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်ခဲ့ရာက အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေး အဖွဲ့ကပြောပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒေသအခေါ်မူတြော်ခရိုင်အတွင်းမှာ စစ်ကောင်စီက ၃ ရက်အတွင်း လေကြောင်းကနေ ၈ ကြိမ်တိုက်ခိုက်ခဲ့တာမှာ စာသင်ကျောင်းတွေ ကို ဗုံးထိမှန်ခဲ့တာကြောင့် ကျောင်းသားကျောင်းသူတွေနဲ့ ဆရာတဦးအပါအဝင် စုစုပေါင်း ၄ ဦးသေဆုံးခဲ့ပါတယ်။
"ကမမောင်း ထွေအုပ်ရုံးပေါ့။ မြို့နယ်ရုံးပေါ့။ အဲဒီမှာ ကျနော်တို့ဘက်က ဒရုန်းတွေနဲ့ ဗုံးတွေကြဲချလိုက်ချိန်မှာ ထွေအုပ်ရုံးက အုပ်ချုပ်ရေးမှူးတဦး သေဆုံးတယ်။ တခြား ဒဏ်ရာရသူတွေလည်းရှိတယ်။" (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်)
ထိုင်းနဲ့ မြန်မာနယ်စပ် မြဝတီမြို့မှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်နောက်ပိုင်း ထိုင်းဘက်ခြမ်း နယ်စပ်မြို့ မဲဆောက်မှာ ထိုင်း အာဏာပိုင်တွေက လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေး ရှာဖွေတာတွေ လုပ်နေပါတယ်။
"သတင်းရတဲ့နေရာတွေကို လိုက်လံရှာတယ်။ ဖမ်းဆီးတယ်။ လုံခြုံရေးကတော့ အထူးချထားပြီးတော့ မတ်တပ်ရပ်ပြီးစောင့်နေတာရှိတယ်။ ကားတွေနဲ့သွားတာရှိတယ်၊ ဆိုင်ကယ်တွေနဲ့သွားတာရှိတယ်၊ လုံခြုံရေးကို ပိုပြီးချထားတာတွေရှိနေတယ်။" (ဒေသခံတဦး)
ကရင်ပြည်နယ်၊ မြဝတီ ခရိုင်ရဲတပ်ဖွဲ့ရုံးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက မနေ့က ဒရုန်းနဲ့ ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေဟာ ဒီကနေ့ဆိုရင် ၆ ဦး ရှိသွားပါပြီဖြစ်ပြီး ဒဏ်ရာရသူတွေလည်း ၁၀ ဦးကျော် ရှိနေပါတယ်။
Ayutthaya Province ခရိုင်မှာ စက်တင်ဘာ ၃ ရက်နေ့ မနက်အစောကြီးအချိန်မှာ ဝမ်ကျောက် မြို့နယ် ဗဟိုရိုသင် အဝေးပြေးလမ်းမပေါ်မှာ အမြန်နှုန်းနဲ့ မောင်းနှင်နေတဲ့ ပစ်ကပ်ကားငယ်တစ်စီးကို အမြန်လမ်းရဲတပ်ဖွဲ့ဝင်တွေက ကားကိုစစ်ဆေးဖို့ ရပ်တန့်ခိုင့်ခဲ့ရာမှာ ကားမောင်းသမားနဲ့အတူ ရိုဟင်ဂျာ ၂၁ ဦးကို ဖမ်းမိခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲက အဝေးပြေးလမ်းမပေါ်မှာ မြန်မာဒုက္ခသည်တွေပါတဲ့ ခရီးသည်တင်ယာဉ်နဲ့ ပစ်ကပ် ထရပ်ကားတစီး တိုက်မိလို့ လူ ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း တောနော်ရေတံခွန်အနီးမှာပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က မြေပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် တည်ဆောက်ထားတဲ့ ဘေလီတံတားက တံတားအကျယ်ကျဉ်းမြောင်းတဲ့အတွက် ဒီကနေ့ ဩဂုတ်လ ၃၀ ရက်မှာ ကားရာနှင့်ချီပြီး ပိတ်ဆို့မှုဖြစ်ပေါ်နေပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်တွေမှာ စစ်ကောင်စီက ဒီကနေ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
"ကော့ကရိတ် အာရှလမ်းမှာ ကော့နွဲကျေးရွာဘက်မှာရှိတဲ့ တပ်စွဲထားတဲ့ စကစရဲတပ်စခန်းကို သွားပစ်တာပေါ့နော်။ ၁၀၇ မမ တပ်ဆင်ထားတဲ့ဒရုန်၊ ၆၀ မမ တပ်ဆင်ထားတဲ့ဒရုန်းတွေနဲ့ ကျနော်တို့ကသွားရောက်ပစ်ခတ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာတော့ သူတို့ဘက်က ၅ ယောက် သေဆုံးပြီးတော့ ၁၀ ဦးကျော် ဒဏ်ရာရပါတယ်။" (ပကဖ ခေါင်းဆောင်တဦး)
ကော့သောင်မြို့အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် သြဂုတ်လ ၂၄ရက်နေ့က ခမောက်ကြီးမြိုနယ် နဲ့ ချောင်းဝကျေးရွာတွေဘက်က ဒေသခံ စစ်ဘေးရှောင် ၁၀၀ ကျော် ထိုင်းနယ်စပ်၊ ရနောင်းခရိုင်ထဲကို ထွက်ပြေးလာခဲ့ကြပါတယ်။
"ဟုတ်တယ်။ ဖွင့်တာတော့ ဖွင့်တယ်။ ကားကြီးတွေက သွားလာလို့ မရဘူး။ လမ်းက မြေပျော့တော့ ကားကြီးတွေက သွားလာလို့ မရဘူးလေ။ အဓိကတော့ ကားကြီးတွေ သွားလာဖို့ လမ်းကို လုပ်တာလေ။"
မြန်မာနိုင်ငံသားတွေကို ထိုင်း−မြန်မာ နယ်စပ်ကတဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ခိုးသွင်းနေတဲ့ လူကုန်ကူးမှုဂိုဏ်းက အဓိက တာဝန်ရှိသူတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာ သက်ဆိုင်ရာနယ်မြေ လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးမှုကြောင့် တရားမဝင် အထောက်အထားမဲ့ မြန်မာလုပ်သား ၂၇ ယောက်က ပြည်နယ် ၃ ခုမှာ အဖမ်းခံရပါတယ်။ အယုဒ္ဓယ၊ ရနောင်း နဲ့ တာ့ခ် ခရိုင်၊ မဲဆောက်မြို့နယ်တွေမှာ ဖမ်းမိကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေး တပ်ဖွဲ့တွေက ထုတ်ပြန် ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် မြန်မာနိုင်ငံသားတွေနဲ့အတူ မြန်မာသံရုံးရှေ့ သွားရောက် ဆန္ဒပြ ကန့်ကွက်ရှုတ်ချခဲ့ကြတဲ့ ထမာဆပ် တက္ကသိုလ်က ထိုင်းကျောင်းသားတွေအပါအဝင် လူငယ် ၇ ယောက်ကို ထိုင်းတရားရုံးက ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်လိုက်ပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေတဲ့ မြဝတီခရိုင်နဲ့ ကော့ကရိတ်မြို့နယ်အတွင်း ခုလို မိုင်းဆွဲ တိုက်ခိုက်ခံရတာဖြစ်ပြီး ဘယ်သူ့လက်ချက် ဆိုတာတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လေးရက်အတွင်း ကလေးတွေအပါအဝင် အရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေး လိမ်လည်မှု လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်နေသူတွေကို ဘန်ကောက် အပါအဝင် ဒေသသုံးခုမှာ ရှာဖွေ ဖမ်းဆီးတာတွေ လုပ်ခဲ့ပြီး ဖမ်းဆီးခံသူတွေထဲမှာ မြန်မာတဦး ပါတဲ့အကြောင်း ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန (CCIB)က သြဂုတ်လ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့အတွင်းက လက်ခတ်တောင်စခန်းကုန်းကို ပြန်လည် ရယူဖို့ကြိုးစားနေတဲ့စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဒီရက်ပိုင်း တိုက်ပွဲပြင်းထန်နေပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်