သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာ့အရေးတက်ကြွသူ ထိုင်းလူငယ်တချို့ကို ထိုင်းတရားရုံးပြစ်ဒဏ်ချမှတ်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ စစ်အာဏာသိမ်း ၂နှစ်ပြည့် ဆန့်ကျင်ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၁၊ ၂၀၂၃)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ စစ်အာဏာသိမ်း ၂နှစ်ပြည့် ဆန့်ကျင်ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၁၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် မြန်မာနိုင်ငံသားတွေနဲ့အတူ မြန်မာသံရုံးရှေ့ သွားရောက် ဆန္ဒပြ ကန့်ကွက်ရှုတ်ချခဲ့ကြတဲ့ ထမာဆပ် တက္ကသိုလ်က ထိုင်းကျောင်းသားတွေအပါအဝင် လူငယ် ၇ ယောက်ကို ထိုင်းတရားရုံးက ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်လိုက်ပါတယ်။ဒီထဲကအမြင့်ဆုံးပြစ်ဒဏ်က ၈နှစ်အထိချမှတ်လိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလက စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားကျောင်းသူတွေ ရွေပြောင်းအလုပ်သမားတွေနဲ့ အတူ ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ထမာဆပ်တက္ကသိုလ်ကျောင်းသားလူငယ်တွေကို ထိုင်းတရားရုံးကတရားစွဲဆိုပြီး မနေ့က ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်လိုက်ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် Labour Right Foundation ( LRF) အဖွဲ့က တာဝန်ရှိသူဖြစ်တဲ့ ဦးအောင်ကျော်ကအခုလိုပြောပါတယ်။


"မြန်မာနိုင်ငံမှာ ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူအစိုးရကို အာဏာသိမ်းလိုက်တဲ့အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ ပြည်သူတွေကလည်း ကမ္ဘာအရပ်ရပ်ကလို လုံး၀လက်မခံဘူးခင်ဗျ၊ ဒါလုံး၀တရားမျှတမှု မရှိဘူးဆိုပြီးထုတ်ဖော်ဆန္ဒပြကြတာ၊ အဲဒီလိုနဲ့ ဖမ်းဆီးသွားတာလည်းကြာခဲ့ပြီ၊ အခုကတော့ တရားစွဲဆိုပြီးထောင်ချတာ ငွေဒဏ်ချတာတွေကိုလုပ်ခဲ့တာဖြစ်တယ်၊ ကျနော်တို့ ကိုယ်တိုင်ကတော့ ကိုယ့်နိုင်ငံအရေးကိုလာလုပ်တဲ့ ထိုင်းတက္ကသိုလ်ကျောင်းသာတွေအတွက် ကျနော်တို့က စိတ်မကောင်းပါဘူး"

ထိုင်းတက္ကသိုလ်ကျောင်းသား အပါအဝင် ထိုင်းလူငယ် ၇ ဦးကိုတော့ထိုင်းနိုင်ငံအတွင်းကိုဗစ် ၁၉ ကာလမှာချမှတ်ထားတဲ့ ဥပဒေကိုချိုးဖောက်မှု လက်ရှိတာဝန်ရှိသူတွေကိုအာဏာာဖီဆန်မှုတွေနဲ့ အရေးယူခဲ့တာပါ ။ သူတို့တွေဟာ လွန်ခဲ့တဲ့ ၂နှစ်က တရားစွဲဆိုခံထားရပြီးနောက် တက္ကသိုလ်ကဆရာတွေ ထိုင်းလွှတ်တော်အမတ်တွေက အာမခံပေးတာကြောင့် အပြင်ကနေ အမှု ရင်ဆိုင်နေရတာပါ။ ဩဂုတ်လ ၂၁ ရက်နေ့ကတော့ သူတို့ ငွေဒဏ်နဲ့ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်ကတော့ ၄ နှစ်အထိချခဲ့တယ်လို့ ဦးအောင်ကျော်ကပြောပြပါတယ်။

"ဒီလိုမျိုး ပြစ်မှုပြစ်ဒဏ် ချမှတ်လိုက်တာ ထိုင်းတက္ကသိုလ်ကျောင်းသား ၇ ယောက်ခင်ဗျ၊ ကျ နော်တို့ စိတ်မကောင်းတာကတော့ တက္ကသိုလ်ကျောင်းသားတွေဆိုတာသူတို့ မိသားစုတွေကစီးပွားပြည့်စုံတဲ့လူတွေဖြစ်သားနဲ့မြန်မာပြည်အရေးကိုအခုလိုဆောင်ရွက်ပေးတာကို ကျနော်တို့က လေးစားဂုဏ်ယူမိပါတယ်"

အဲဒီထဲက ထမဆတ်တက္ကသိုလ်ကျောင်းသား ပနဖတ်ကျန်ထနန်ကွန်းဟာ ထောင်ဒဏ် ၁၂ လ အပြစ်ပေးခံထားရတဲ့အထဲ ၃ ပုံ ၁ ပုံလျှော့ပြီး ၄ လနဲ့ ၂၀ ရက် ထောင်ဒဏ်ချမှတ်ခံရပါတယ်။ ကစ်သီဆဒ်ဖန်းရေးနူးက ထောင်ဒဏ် ၃ နှစ် ၁ လ အပြစ်ပေးခံထားရပြီး ထက်ဝက်လျော့ကာ ၁ နှစ် ၆ လ ၁၅ ရက်ထိ လျှော့ပေါ့ကာ ဒဏ်ငွေ ဘတ် ၂၀,၀၀၀ ချမှတ်ခဲ့ပါတယ်။ တခြားလူငယ် ၅ဦးကတော့ ထောင်ဒဏ် ၄ နှစ် ငွေဒဏ် ဘတ် ၆၀,၀၀၀ စီ ကျခံထားရာက ထောင်ဒဏ် ၂ နှစ် ၁၅ ရက် လျှော့ပေါ့ပြီး ဒဏ်ငွေ ဘတ် ၃၀,၀၀၀ စီပေးဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်၊ မြန်မာ့အရေးကိုလုပ်ခဲ့သူကျေင်းသားများထောင်ဒဏ်မျာပေးခံရတဲ့အပေါ် မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ စိတ်မကောင်းဖြစ်နေကြပါတယ်ရှင်။

XS
SM
MD
LG