ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေထဲက ပထမဆုံးအသုတ် ၄၁ ဦးကို ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့အထိ ထုတ်လာနိုင်ခဲ့ပြီး နိုဝင်ဘာ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ထိုင်းဘက်ကို လွဲပြောင်းပေးမယ်လို့ နိုဝင်ဘာလ ၁၅ ရက်မှာ ထိုင်းဝန်ကြီးချုပ်က တရားဝင် သတင်းထုတ်ပြန် သွားပါတယ်။
"ကျနော်တို့ကတော့ သုံ့ပန်းဥပဒေအတိုင်းပဲထားတယ်။ နှိပ်စပ်ညှင်းပမ်းတာမလုပ်ဘူး စစ်ဆေးမေးမြန်းတာတော့လုပ်တယ်၊ သူတို့ရဲ့ နေမှု ထိုင်မှု၊ သွားလာမှုတွေကိုတော့ MOD( ကာကွယ်ရေးဝန်ကြီးဌာန NUG) ကပဲ စီစဉ်ပေးမှာဖြစ်ပါတယ်၊ သူတို့ဘာဖြစ်ချင်လဲဆိုတာ ဆောင်ရွက်ပေးမယ်။" (ပူးပေါင်းတပ်ဖွဲ့ခေါင်းဆောင်တဦး)
“မွန်ပြည်နယ် ချောင်းနှစ်ခွ ကျေးရွာဘက်မှာ ဒီနေ့နေ့လည်ပိုင်းမှာ လေယာဉ်နဲ့လာပစ်တာပေါ့နော် ကလေေးတွလည်း ပုန်းလျိုးနေရာကနေ ကလေး၂ ယောက် ထိမှန်သွားတာပေါ့နော်။ ပေါလောကျေးရွာက အသက် (၇ ) နှစ်နဲ့အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တာပါ။” (ဒေသခံ)
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း လူကုန်ကူးပွဲစားများက ရောင်းစားတာကြောင့် ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရတဲ့ ထိုင်းနိုင်ငံသူသုံးဦးကို မြန်မာနိုင်ငံတာချီလိပ်ဘက်ကနေ ထိုင်းနိုင်ငံမဲဆိုင်ဘက်က အာဏာာပိုင်တွေထံကို မြန်မာဘက်က နိုဝင်ဘာလ ၉ရက်နေ့ ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ ထိုင်းနိုင်ငံ ဒုရဲချုပ် Surachate Hakparn ဦးဆောင်တဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့မှာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေ နေရပ်ပြန်နိုင်ဖို့ အတွက် ဆွေးနွေးညိနှိုင်းခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့က နယ်ခြားစောင့်တွေ ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်မြို့သစ်မှာ ထိုင်း-မြန်မာနယ်စပ်ဖြတ်သန်းခွင့်တားမြစ်ကြောင်း ထိုင်း၊ မြန်မာ၊ တရုတ်နဲ့ နိုင်ငံခြားသားများသွားလာခွင့်ကို တလယာယီပိတ်လိုက်ကြောင်း မြန်မာနဲ့တရုတ် နှစ်ဘာသာနဲ့ရေးသားပြီး ကရင်နယ်ခြားစောင့်တပ် BGF က ပိတ်လိုက်ပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းမှာ စစ်ကောင်စီ တပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲ တွေ အခုရက်ပိုင်း ပြင်းထန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံဖွန်ခရိုင်နဲ့ ပရာကျွတ် ခီရီခန်ခရိုင်၊ ဘန်ဆာဖန်နွယ် မြို့နယ်အစပ်မှာ တရားမဝင် မြန်မာတွေသယ်ဆောင်လာတဲ့ ကားတစီးဟာ လုံခြုံရေး စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးမခံပဲ မောင်းပြေးရာကနေ ကားတိမ်းမှောက်ပြီး ကားပေါ်ပါလာသူအားလုံးနီးပါး ဒဏ်ရာတွေရခဲ့ပြီး ဆေးရုံ ၄ ခုကိုပို့ ကုသနေရပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျောက်ကြီးပေါက်၊ ဆမ်မန်းပေါက်၊ သပြေညွန့်၊ ရွှေပြည်သာ၊ လေလံကုန်းကျေးရွာတို့ကို လက်နက်ကြီးနဲ့ထုပစ်တာပေါ့။ လက်နက်ကြီး၂ လုံးထုတော့ ထွက်ပြေးတာပေါ့။ အဲဒီရွာတွေက အရင်ကတည်းက အမဲရောင်နယ်မြေထဲကရွာတွေဆိုတော့ စစ်တွေထိုးလာရင်မနေရဲတော့ဘူး။ အဲဒီမှာက ရွာသားက ၂,၀၀၀ ကျော် အိမ်ခြေစုစုပေါင်းက ၃၂၉ အိမ်ရှိတယ်။”(ဒေသခံ)
ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung (ဖတ်ထလုံ) ခရိုင်မှာ မသင်္ကာဖွယ် ကား ၂ စီးကို ဖတ်ထလုံး ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာမှာ မလေးရှားကိုသွားမယ့် အထောက်ထားမဲ့ရိုဟင်ဂျာ ၂၁ ဦးကို ဖမ်းမိခဲ့ပါတယ်။
ထိုင်းလဝက တံဆိပ်တုံးအတု လုပ်ပေးတဲ့ ပွဲစားကို တဦးကို ထိုင်းဘတ်ငွေ တသိန်း နှစ်သောင်း ပေးခဲ့ရတယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံအတွင်း လဝကရဲ့တံဆိပ်တုံးအတု လုပ်ဆောင်မူအတွက် ထောင်ဒဏ်အနည်းဆုံး ၃ နှစ်ကနေ ၁၀ နှစ် ထက်မနည်း ကျခံခဲ့သူတွေ အရင်ကလည်း ရှိခဲ့ဖူးတာပါ။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ Selayang မြို့နယ်ထဲက မြန်မာတွေအများဆုံးအလုပ်ကြတဲ့ စျေးသစ်ကြီး ထဲကို မလေးရှားအာဏာပိုင်တွေကအောက်တိုဘာလ၂၈ရက်နေ့ မနက်ပိုင်းမှာ စစ်ဆင်ရေး လုပ်ပြီး ဝင်ရောက်ဖမ်းဆီးချိန် မြန်မာတွေအပါအဝင်နိုင်ငံခြားသား အလုပ်သမားပေါင်း ၁၂၀ကျော် ဖမ်းဆီးခံခဲ့ ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား ၃ ဖွဲ့က ထိုးစစ်ဆင်တိုက်တဲ့ တချိန်ထဲမှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့နယ်ထဲမှာလည်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို မီးရှို့ခဲ့ပါတယ်။
ထိုင်းနယ်စပ်ကိုထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာဒုက္ခသည်တွေ၊ စစ်ဘေးတွေကြောင့်ထွက်ပြေးလာသူ၊ စစ်ကောင်စီကို အကြမ်းမဖက်အာဏာဖီဆန်ပြီး CDM လုပ်လာကြသူတွေဟာ ထိုင်းမြန်မာနယ်စပ်မှာ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းသွားတာ တောင်ဖမ်းဆီးခံငွေညှစ်တောင်းခံတာကြောင့် အခက်အခဲတွေဖြစ်နေရတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နားမှာ စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေကြား အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွါးခဲ့တဲ့နောက် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံရွာသားတွေ ဘေးလွတ်ရာ ရှောင်ပြေးနေရပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဝါးစကင်းကျေးရွာက အထည်ချုပ်(အိမ်ရုံ) စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၄ ဦးကို ကြိုတင်အကြောင်းမကြားပဲ အလုပ်ထုတ်ခဲ့တာကြောင့်ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကလိုက်ပါဆောင်ရွက်ပြီး ညှိနှိုင်းပေးခဲ့ပါတယ်။
“ဆောက်လုပ်ရေး အလုပ်ဆိုဒ်နေရာမှာ မြန်မာသုံးယောက် သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ပါဟန်ရဲက ထိခိုက်ဒဏ်ရာကြောင့်လား၊ ပြင်ပထိခိုက်ဒဏ်ရာတွေကြောင့်လားဆိုတာ ရဲတွေက စစ်ဆေးပါတယ်။ စစ်ဆေးမှုရလဒ်က ဓါတ်မတည့်တာ၊ အစာဆိပ်သင့်တာတခုခုဖြစ်နိုင်တယ်လို့ မှတ်ချက်ချတယ်။" (ဦးစိုးထက်သိန်း-အလုပ်သမားရေးကူညီသူ)
ရေးတံတားတိုက်ပွဲ၊ ကျုံလောင်းရွာနဲ့ ဝဲပေါင်ကျေးရွာကြား မှာတိုက်ပွဲ တွေဖြစ်ပြီးတဲ့နောက် ဒေါနစစ် ကြောင်းက ကြေငြာတာကတော့ စစ်ကောင်စီဘက်က အင်အား(၄၀)လောက်ကျဆုံးသလို ပူးပေါင်းတပ်ဖွဲ့ တွေဘက်ကလည်း ၁၀ ဦးကျော်ဒဏ်ရာတွေရခဲ့တယ်လို့ဆိုပါတယ်။
မလေးရှားမှာ အောက်တိုဘာလ ၂၀ရက်နေ့က နိုင်ငံခြားသားတွေ အများစုနေထိုင်နေတဲ့ နေရာတခုကို လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲဝန်ထမ်း အင်အား ၃၀၀ ကျော် ဝင်ရောက် စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသားတွေအပါဝင် နိုင်ငံခြားသား သုံးထောင်ကျော်ကို စစ်ဆေးမေးမြန်းထိန်းသိမ်းတာတွေလုပ်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်