မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း လူကုန်ကူးပွဲစားများက ရောင်းစားတာကြောင့် ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရတဲ့ ထိုင်းနိုင်ငံသူသုံးဦးကို မြန်မာနိုင်ငံတာချီလိပ်ဘက်ကနေ ထိုင်းနိုင်ငံမဲဆိုင်ဘက်က အာဏာာပိုင်တွေထံကို မြန်မာဘက်က နိုဝင်ဘာလ ၉ရက်နေ့ ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း လူကုန်ကူးပွဲစားတွေရဲ့ ရောင်းစားတာခံခဲ့ရတဲ့ ထိုင်းနိုင်ငံသူသုံးဦးဟာ ပြည့်တန်ဆာအဖြစ် အခိုင်းစေခံခဲ့ရတာ ဖြစ်ပြီး အခု သူတို့ ၃ ဦးကို မြန်မာနိုင်ငံ တာချီလိပ်ဘက်ကနေ ထိုင်းနိုင်ငံ မဲဆိုင်ဘက်ကို အာဏာပိုင်တွေက ပြန်ပြီး လွဲှပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီထိုင်းနိုင်ငံသူ သုံးဦးကို ထိုင်းနိုင်ငံကလေးနဲ့ အမျိုးသမီးရေးရာ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ Paweena Hongsakul ပဝီနာ ဟုန်စကွန် ကိုယ်တိုင် သွားရောက် လက်ခံကြိုဆိုခဲ့တာပါ။
အမျိုးသမီး သုံးဦးဟာ အသက် ၂၂နှစ် ၃၅နဲ့ ၄၁နှစ်အရွယ်တွေ ဖြစ်ကြပြီး ရှမ်းပြည်နယ် ကျိုင်းတုံ မြို့ကို သွားရောက် လည်ပါတ်စဉ်မှာ လူကုန်ကူး ပွဲစားတွေက သူတို့တွေရဲ့ နိုင်ငံကူး စာအုပ်တွေကို သိမ်းလိုက်ပြီး နောက်မြို့တမြို့က ပြည်တန်ဆာလုပ်ငန်းတွေမှာ ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်ပေးဖို့ရာ ထိုင်းအမျိုးသမီးတဦးရဲ့ မိခင်တစ်ဦးက ထိုင်းနိုင်ငံကလေးနဲ့ အမျိုးသမီးရေးရာ ကူညီစောင့်ရှောက်ရေး အဖွဲ့ကို အကူညီတောင်းခဲ့ရာကနေ အခုလိုကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေက မြန်မာအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး ကယ်တင်ပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံကလေးနဲ့ အမျိုးသမီးရေးရာ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ Paweena Hongsakul ပဝီနာ ဟုန်စကွန်က ထိုင်းဘာသာနဲ့ ပြောပါတယ်။
ပဝီနာ ဟုန်စကွန် သတင်းစာရှင်းပွဲမှာပြောသွားတာကတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်းက လူကုန်ကူးနဲ့ အွန်လိုင်လိမ်လည်ဂိုဏ်းတွေရဲ့ တန်ဆာခံအဖြစ် ခိုင်းစေခံနေရသူတွေ ၈၇ ယောက်ထိရှိပါတယ် ဒီအထဲမှာCall Center ဆိုင်ဘာလိမ်လည်ဂိုဏ်းမှာ အလုပ်လုပ်ကိုင်နေရသူ၆၀ကျော်ရှိပြီး ပြည့်တန်ဆာအဖြစ် အတင်းအကြပ်ခိုင်းစေခံရသူ ၂၅ယောက် ထိရှိနေပါတယ် သူတွေအားလုံးဟာ ကျမရဲ့အမျိုးသမီးရေးရာအဖွဲကိုတိုင်ကြားသတင်းပို့လာတာပါ ။ တချို့ကိုလည်း ကျမတို့ကယ်တင်နိုင်ခဲ့ပါပြီ သူတိုအားလုံးကယ်တင်နိုင်ဖို့ကျမဆက်လက် ကြိုးစားနေပါတယ် လို့ ပြောဆိုသွားတာပါ။ အခုလွတ်လာတဲ့ အမျိုးသမီးသုံးဦးဟာ ပြည်တန်ဆာအဖြစ် အခိုင်းအစေ ခံနေရချိန်မှာ နေအိမ်မှာ ပိတ်လှောင်ခံထားရတာ ဖြစ်ပြီး သူတို့ဟာ ရိုက်နှက်အနှိပ်စက်ခံခဲ့ရသလို အသက်အန္တရာယ် ပြုဖို့ ခြိမ်းခြောက်တာ အထိ ခံရတယ်လို့ လွတ်မြောက်လာတဲ့ အမျိုးသမီးတွေက သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။
အလားတူးပဲ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်ဘက်မှာ စစ်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၀ကျော်ကို ကယ်ဆယ်ဖို့ ထိုင်းအစိုးရ လည်းကြိုးပမ်းနေပါတယ်ဒီ ၁၆၀ ကျော်ထဲမှာလည်း လူကုန်ကူးခံရတာ၊ အွန်လိုင်း လိမ်လည်ဂိုဏ်းတွေ ပြည်တန်ဆာ လုပ်ငန်းတွေမှာ ရောင်းအစား ခံရတဲ့သူတွေ အများအပြားပါဝင်နေတာပါ။ ဒီထိုင်းနိုင်ငံသားတွေကို ထိုင်းဒုရဲချုပ် Surachate Hakparn ကိုယ်တိုင် မြန်မာနိုင်ငံ သွားရောက်ပြီး ကယ်ဆယ်ဖို့ကြိုးပမ်းနေတာ ဖြစ်ပါတယ်။