ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်မှာ လိမ္မော်သီးခြင်း တွေတင်လာတဲ့ ကားတစ်စီးကို ကြိုတင်သတင်းအရ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှာ စိတ်ကြွဆေးပြား ၅သန်းနီးပါးကိုဖမ်းမိခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာတွေကြောင့် ကျေးရွာပေါင်း ၉၀ ကျော်က ဒေသခံ ၆၈,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ ထိုင်းတောင်ပိုင်းဆုံခလာခရိုင်ကိုမောင်းနှင်လာတဲ့ နှစ်ထပ်ခရီးသည်ယာဉ်တစီး ဒီဇင်ဘာလ ၅ရက်နေ့ မနက်တနာရီ မတိုင်ခင်မှာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့တာကြောင့် အနည်းဆုံး မြန်မာတဦးအပါအဝင် လူ ၁၆ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာတွေ ပြင်းထန်စွာရခဲ့ပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA-PDF ပူးပေါင်းတပ်ဖွဲ့တွေအကြားဖြစ်နေတဲ့ တိုက်ပွဲကြောင့် ဒီဇင်ဘာလ ၁ရက်နေ့ကနေစပြီး ၄ ရက်အတွင်း ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ တသောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီဇင်ဘာလ ၃ ရက်က ဗီယက်နမ် နိုင်ငံသား၂၀ ကျော်ကို တိုက်ခန်းတွေမှာ မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ကရင်ပြည်နယ် မြ၀တီမြို့နယ်ထဲက ရွှေကုက္ကိုလောင်းကစားမြို့တော်ကနေ လာကြသူတွေလို့ယူဆနေပြီး ထိုင်းအာဏာပိုင်တွေက စစ်ဆေးနေပါတယ်။
ပဲခူးတိုင်းအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေအတွင်း အချက်အခြာကျတဲ့ တပ်စခန်းတွေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း နကော် ပထုန် (Nakhon Pathom) ခရိုင် ကမ်ဖင်စန်မြို့က မလိုင်မန် အဝေးလမ်းမကြီးပေါ်မှာ မြန်မာနိုင်ငံသားတွေကိုတင်လာတဲ့ ကုန်တင်ယာဉ်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ညပိုင်းက တိမ်းမှောက်ခဲ့ရာမှာ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၈ ဦးရှိခဲ့တယ်လို့ နကော်ပထုန်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNU /KNLA - PDF ပူးပေါင်းတပ်တွေအကြား ကရင်ပြည်နယ်၊ကော့ကရိတ် မြို့နယ်ထဲမှာ မနက် ၃ နာရီကျော် အချိန်ကစပြီး နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အာရှလမ်းမကြီးမှာလည်း ကားတွေ ရာနဲ့ချီ ပိတ်ဆိုနေသလို လူတွေလည်း ဘေးလွတ်ရာ ဗုံးခိုကျင်းတွေထဲ ရှောင်ပုန်းနေရပါတယ်
ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖရအို မြို့နယ် အတွင်းက သစ်သီးခြံတခုအတွင်းမှာ သိုလှောင်ထားတဲ့ ပိုတက်ဆီယမ် ကရိုရိုတ် ဓါတ်မြေဩဇာ ဂိုဒေါင်ပေါက်ကွဲတာကြောင့် မြန်မာ ၂ ဦးအပါအဝင် လူ ၃ ဦးသေဆုံးခဲ့ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး တောင်ပိုင်းညီနောင်တပ်ပေါင်းစု- Southern Brothers Army(SBA) စစ်ကြောင်းကို ဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာလ ၂၈ ရက်နေ့က ကြေညာခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီဝန်ထမ်းတွေ ထွက်ခွာကြဖို့ မကြာသေးခင်ကပဲ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတိပေးခဲ့ပြီးနောက် ဝန်ထမ်းတွေ တိမ်းရှောင်တာ၊ ပြောင်းရွှေ့တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြိုနယ်၊ ဝမ်းရေးမြို့နယ်၊ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်တွေမှာ စစ်ကောင်စီ တပ်တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံး ဒဏ်ရာ ရသူတွေ ရှိနေပါတယ်။
“၂၀ရက်က ထိုင်းမှာရှိတဲ့မြန်မာအလုပ်သမားသံအရာရှိကနေ မြန်မာနိုင်ငံမှာရှိတဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားပြီးတော့ အကြောင်းအမျိုးမျိုးကြောင့်အဖမ်းခံရတဲ့ အမျိုးသမီးက ၁၉ ဦး၊ အမျိုးသားက ၅၆ ဦး။ ၇၅ယောက်ပါခင်ဗျ။ အသက် ၁၈ နှစ်အောက်က မိန်းကလေး ၂ ယောက်၊ ယောက်ကျားလေး တယောက်ပါတယ်။" ဦးမိုးဝေ (MWRC) တာဝန်ခံ
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့အထွက် ရဲစစ်ဆေးရေးဂိတ်မှာ မြေဩဇာအိတ်တွေ သယ်လာတဲ့ ပစ်ကပ်ကားတစီးကို လုံခြုံရေးအာဏာပိုင်တွေစစ်ဆေးရာမှာ ကားမောင်းသူထိုင်းနိုင်ငံသား ၂ ဦးနဲ့အတူ ပစ်ကပ်ကားငယ်ပေါ်က မြေဩဇာအိတ်တွေကြား အံဝှက်လုပ်ပြီးသယ်လာတဲ့ အထောက်အထားမဲ့ မြန်မာ၂၂ ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့တိုက်ပွဲတွေကြား ပိတ်မိနေကြတဲ့ မလေးရှားနိုင်ငံသား ၁၀၉ ယောက်ကိုကယ်ဆယ်ဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့က အုပ်ချုပ်ရေးအာဏာပိုင်တွေကို အကူအညီတောင်းထားသလို မြန်မာအာဏာပိုင်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။
ရှမ်းမြောက်ပိုင်းမှာ ညီနောင်မဟာမိတ် အဖွဲ့ ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေအတွင်း ပိတ်မိနေကြတဲ့ ထိုင်းနဲ့ တခြားနိုင်ငံသား ၂၇၃ ဦးဟာ နိုဝင်ဘာလ၂၀ ရက် မနက် (၃) နာရီက တရုတ်နိုင်ငံ ယူနမ်ပြည်နယ် ကူမင်းလေဆိပ်ကနေ ထိုင်းနိုင်ငံပိုင်လေယာဉ် နှစ်စင်းနဲ့ ဘန်ကောက်မြို့ ဒိုမောင်းလေဆိပ်ကို ဆိုက်ရောက်လာပါပြီ။
ရှမ်းပြည်နယ်၊ လောက်ကိုင်စစ်ပွဲတွေကြားပိတ်မိနေတဲ့ ထိုင်း ၂၆၆ ဦး၊ ဖိလစ်ပိုင် ၆ ဦး၊ စင်္ကာပူနိုင်ငံသားတဦးစုစုပေါင်း ၂၇၃ ဦးကို ထိုင်း၊ တရုတ်၊ မြန်မာ ၃ နိုင်ငံပူးပေါင်းကယ်ဆယ်ခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကိုရောက်သွားပြီး ၂၀ ရက်မှာ ထိုင်းကိုပို့ဆောင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၄၁ ယောက်ကို ဒီနေ့ အောက်တိုဘာ ၁၈ ရက်မှာ မြန်မာအာဏာပိုင်တွေက တာချီလိတ်-မဲဆိုင် နယ်စပ်တံတားကနေ ထိုင်းနိုင်ငံဘက်ကို ပြန်ပို့ခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ရေးရာ ကော်မတီက ဗိုလ်မှူး Natee Thimsen ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံ တာချီလိတ်မြို့က အာဏာပိုင်တွေနဲ့ သွားရောက်တွေ့ဆုံ ညိနှိုင်းနေပါတယ်၊ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ ရယောင်ခရိုင် နိုခုမ်ဖတ်ထနာမြို့ ဖနာနိခုမ်ကျေးရွာ အုပ်စု ၅ က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်ရှင်ကနေ လုပ်အားခလစာ၂ လစာမပေးဘဲ စွန့်ပစ်ထားတာကြောင့် ထိုင်းအလုပ်သမားရေးဆောင်ရွက်နေသူတွေနဲ့ ထိုင်းအာဏာပိုင်တွေက ကူညီဆောင်ရွက်ပေးနေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်