မကွေးတိုင်းဒေသကြီး သစ်ရာကောက်ရွာမှာ ရွာသားတွေကို ပြည်ထောင်စုဝန်ကြီး တယောက်အနေနဲ့ မကြာသေးခင်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကွင်းဆင်းချိန်မှာ ရိုင်းရိုင်းပြပြ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့က ဦးအုန်းမြင့်အပေါ်မှာ အရေးယူပေးဖို့ အတိုက်အခံပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး ဒီကနေ့ လွှတ်တော်မှာ အရေးတကြီး အဆိုတရပ်ကို တင်သွင်းလာခဲ့ပါတယ်။
သူ့ရဲ့အဆိုကို ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြန်လည်ဖြေကြားခဲ့ပြီးတော့ အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကို အရေးယူဖို့ လုံလောက်တဲ့အချိန် ပေးပါဆိုပြီး ပြန်လည် ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ပတုံးလုံးတုံးကျေးရွာမှာ ပြည်သူတွေနဲ့ တွေ့ဆိုခဲ့တဲ့အချိန် နောက် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ဒေသခံရွာသားတွေနဲ့ တွေ့ဆုံချိန်တွေမှာ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက် ဒေသဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောဆိုပုံတွေဟာ ရင့်သီးလွန်းတဲ့အတွက် အတိုက်အခံပါတီ NLD ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ပြည်သူ့လွှတ်တော်မှာ အရေးတကြီး အဆိုတစ်ရပ်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။
အခုလို တင်သွင်းခဲ့တဲ့နေရာမှာ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေး သမားတွေကို စော်ကားတဲ့အချက်နဲ့ ပြည်သူကို ခြိမ်းခြောက်တဲ့အချက်တွေ ပါဝင်နေတာကြောင့် အရေးတကြီးအဆို တင်သွင်းရတာဖြစ်ပြီးတော့ ဦးအုန်းမြင့်ရဲ့ ပြောဆိုချက်တွေအပေါ်မှာ အမြန်ဆုံး တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း ပြည်သူ့လွှတ်တော်ကနေ အရေးတကြီး တင်ပြတာဖြစ်တယ်လို့ အဆိုရှင် တနင်္သာရီတိုင်း လောင်းလုံမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦအောင်စိုးက တင်ပြခဲ့တာပါ။
ဦးအောင်စိုးတင်ပြတဲ့ အဆိုနဲ့ပတ်သက်ပြီး သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးရဲထွန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။
“မပြောသင့် မပြောအပ်တဲ့ စကားမျိုးတွေဖြစ်နေတော့ ဒီဟာနဲ့ပတ်သက်လို့ လွှတ်တော်ကိုလည်း စော်ကားရာရောက်တဲ့အတွက်ကြောင့် ဒီဟာကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးပါဆိုတဲ့ အရေးတကြီး အဆို တင်တာပေါ့နော်။ အဲတော့ သူ့ဆီက သိရတဲ့ အချက်အလက်အရဆိုရင် မနေ့က အရေးတကြီး အဆို ဒီဟာကို တင်လိုက်တယ်။ ဒီတနင်္သာရီတိုင်းဒေသက သူ့ဒေသ သူ့မဲဆန္ဒနယ်မြေဖြစ်တော့ ဒီဟာကို အဲ့ဒီဒေသက လူထုကလည်း သူ့ကို တိုင်ထားတာရှိတာပေါ့နော်။ အခု ဒီ မကွေးတိုင်းက ကိစ္စဖြစ်တဲ့အခါကျတော့ ဒါကတော့ ဆောင်ရွက်မှဖြစ်တော့မယ်ဆိုပြီးတော့ ဒီ အရေးတကြီး အဆိုကို တင်တာ။ မနေ့က တင်လိုက်တော့ မနေ့က လွှတ်တော်ဥက္ကဌက ဒါနဲ့ ပတ်သက်ပြီးတော့ အချိန်မရလို့ ဆိုပြီးတော့ မနေ့ကတော့ အရေးတကြီး အဆိုကို မတင်ပေးဘူး။ ဒီနေ့မှ ကျနော်တို့ လွှတ်တော်မှာ တင်ခွင့်ပြုလိုက်တာပေါ့။”
ဦးအောင်စိုး တင်သွင်းလာတဲ့ အဆိုအပေါ်မှာ အစိုးရအုပ်ချုပ်ရေးပိုင်းက ပြန်ကြားရေးဝန်ကြီးဖြစ်တဲ့ ဦးအောင်ကြည်က လွှတ်တော်မှာ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ ဦးအောင်ကြည်ရဲ့ ရှင်းလင်းမှုမှာတော့ စိတ်ခံစားမှုတွေကို ရှေ့တန်းတင်ပြီး မဆုံးဖြတ်ကြဖို့နဲ့ အစိုးရအဖွဲ့အနေနဲ့လည်း အလေးထား ဆောင်ရွက်နေသလို
ဖြေရှင်းဆောင်ရွက်တဲ့နေရာမှာ အချိန်အနည်းငယ် လိုတယ်ဆိုပြီး ပြန်လည် တင်ပြခဲ့တာကို တွေ့ရတယ်လို့ ဦးရဲထွန်းက ပြောပါတယ်။
“အဲတော့ ဦးအောင်စိုး အဆို တင်ပြီးတာနဲ့ ပြန်ကြားရေးဝန်ကြီးကလည်း
ပြန်လည် ရှင်းပြတယ်။ ရှင်းပြတဲ့အချက်ကတော့ ဦးအုန်းမြင့်က သူ့ရဲ့ လုပ်ရပ်တွေအရ ကြည့်မယ်ဆိုရင် ဒီဝန်ကြီးဟာ ဆင်းရဲတဲ့ ပြည်သူလူထုအပေါ်မှာ တကယ် စေတနာရှိတယ်။ စိတ်ရောကိုယ်ပါ လုပ်ပေးတာဟာ တွေ့ရတယ်။ သို့သော်လည်း သူ့မှာ အဲ့လို စကားကို တခါတခါမှာ မဆင်မခြင် ပြောတတ်တဲ့ အကျင့်တော့ရှိတယ်။ အဲ့လိုပြောတဲ့ကိစ္စနဲ့ ပတ်သက်လို့ သူဟာ တကယ်ကိုပဲ စိတ်ထဲက ဒီ လွှတ်တော်တို့ ပြည်သူလူထုတို့အပေါ်မှာ စော်ကားချင်တဲ့ စိတ်ကြောင့်လား။ ဒါမှမဟုတ် လုပ်ရပ်က တကယ့်ကို ပြည်သူလူထုအတွက် လုပ်ပေးနေပြီးတော့ ပါးစပ်က ဒီလိုပေါ့ ဒီကြောင့်ဖြစ်တာလား။ နောက် ပတ်ဝန်းကျင်ရဲ့ အခြေအနေက ဘယ်လိုရှိသလဲ စသဖြင့်ပေါ့ ဒါတွေကို အချိန်ယူပြီးတော့ သုံးသပ်ပြီးတော့မှ သူ့ကို အပြစ်ပေး အရေးယူတာ လုပ်သင့်တယ်ဆိုတဲ့ ပြန်ပြီးတော့ ရှင်းပြတာပေါ့။ ချေပတာပေါ့နော်။”
ပြည်သူ့လွှတ်တော်ဥက္ကဌကတော့ အုပ်ချုုပ်ရေးပိုင်းကို တာဝန်ယူထားတဲ့ အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စအပေါ်မှာ အလေးထား ဖြေရှင်းပေးဖို့ ပြန်လည်
ပြောဆိုခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ရဲ့ လွှတ်တော်မှာ ပြန်လည် ဖြေကြားခဲ့တဲ့ အချက်တွေဟာ ဦးအုန်းမြင့်အပေါ်မှာ အကာအကွယ် ပေးလွန်းတဲ့သဘော သက်ရောက်နေတာကို မြင်တွေ့ခဲ့ရတယ် လို့လည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးဖေသန်း က ပြောပါတယ်။
“သူက မှန်တော့ မှန်ကန်တယ်ပေါ့နော်။ ဒါပေမဲ့ စေတနာနဲ့ ပြောခဲ့တာပုံစံမျိုးပေါ့။
စေတနာနဲ့ပြောတဲ့၊ စေတနာနဲ့ ဆဲတဲ့ ပုံစံမျိုးပေါ့။ စေတနာနဲ့ ဆဲတယ်ဆိုတော့ အဲ့လိုမျိုးပြောသွားတော့ ရွာသားတွေကို ဆဲတယ်ဆိုတာကတော့ စေတနာနဲ့ ဆဲ ဆဲ၊ ဘာနဲ့ ဆဲ ဆဲ၊ ဒီဘက်က နိုင်ငံရေးသမားတွေကို လာပြီးတော့ ထိခိုက်တာကတော့ ဆိုးတာပေါ့။”
ဝန်ကြီး ဦးအုန်းမြင့်ရဲ့ ရင့်သီးစွာ ပြောဆိုချက်တွေဟာ လက်ရှိ အချိန်မှာတော့ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေသလို နယ်ပယ်အသီးသီးကလည်း
ဝေဖန်မှုတွေ ရှိနေတာပါ။ အလားတူ ဝန်ကြီးဦးအုန်းမြင့် ဇန်နဝါရီလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ကန့်ကွက် ဆန္ဒပြပွဲတွေလည်း ရန်ကုန်မှာ တောက်လျှောက်
ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။