COVID-19 အရေးပေါ်ကာလအတွင်း ရန်ကုန်တိုင်းအစိုးရရဲ့ မေလ ၂၄ ရက်နေ့လုပ်တဲ့ ဘာသာရေးအခမ်းအနားတခုနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေ နိုင်ငံရေးအသိုင်းအဝိုင်းတွေအကြား ဝေဖန်ပြောဆိုနေကြတာကို ပြောပြပါမယ်။
ထိုင်းနိုင်ငံကနေ ပြန်ဝင်လာကြသူတွေက မြန်မာနိုင်ငံရဲ့တိုင်းနဲ့ ပြည်နယ်အတော် များများကို ရောက်နေကြပါပြီ။ ထိုင်းနိုင်ငံကနေ ပြန်ဝင်လာသူတွေအားလုံးကို တိုင်းနဲ့ ပြည်နယ်အလိုက် စောင့်ကြည့်မှုတွေလုပ်နေပြီး ဒီလို နိုင်ငံခြားကနေ ပြန်ဝင်လာသူ အားလုံးကို COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားမှာဖြစ်ပါတယ်။
နည်းပညာခေတ်မှာ သတင်းအချက်အလက် အဖြစ်အပျက်တွေကို လူတိုင်းအလွယ်တကူ သိနိုင်တာကြောင့် ကျောင်းသားကျောင်းသူတွေအနေနဲ့ မမြင်သင့်မကြားသင့်တာတွေနဲ့ နီးစပ်မှုတွေ ရှိနေတဲ့အတွက် အမှားအမှန်ခွဲခြား သင်ယူနိုင်စေဖို့ ဒီသင်ခန်းစာကို ထည့်သွင်းတာလို့ ပညာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ တရားရုံး ICJ က ဆုံးဖြတ်ထားတဲ့ ကြားဖြတ်စီမံမှုကိစ္စလိုက်နာဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ပထမဆုံး အစီရင်ခံစာကို မေလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး တင်ရသွင်းမှာဖြစ်ပါတယ်။
အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိတော့ကြောင်းနှင့် နောက်ထပ်ရွေးကောက်ပွဲတွေမှာလည်း ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံပိုင်ခွင့် မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ ၁၈ရက် တနလာၤနေ့က ထုတ်ပြန်ပါတယ်။
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် COVID ကာလမှာ စားဝတ်နေရေး အဆင်ပြေစေဖို့ ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် ငွေသားပေးဖို့ အစိုးရက စီစဉ်နေတယ်ဆိုတဲ့အကြောင်းကို ပြောပြပါမယ်။
COVID-19 ကပ်ရောဂါကြီးကြောင့် ကပ်ရောဂါတိုက်ဖျက်ရေးရှေ့တန်းက ဆောင်ရွက်နေကြတဲ့ မြန်မာ့ကျန်းမာရေးဝန်ထမ်းတွေမှာ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွေ ကြုံတွေ့နေရတဲ့ အကြောင်းကို ပြောပြပါမယ်။
မြန်မာမှာ COVID 19 ရောဂါ ကူးစက်မှုတွေကို တားဆီးနိုင်ဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မြို့နယ်အလိုက် COVID 19 ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီတွေက ဦးဆောင်ပြီး နှာခေါင်းစည်းတပ်ရေးလှုပ်ရှားမှု Mask Campaign တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနေတဲ့ အကြောင်းကို ပြောပြပါမယ်။ ကျွန်မ အိမ့်သန္တာထွန်းပါ
မြန်မာမှာ COVID-19 ရောဂါ ကူးစက်မှုတွေကို တားဆီးနိုင်ဖို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မြို့နယ်အလိုက် COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီတွေက ဦးဆောင်ပြီး နှာခေါင်းစည်းတပ်ရေးလှုပ်ရှားမှု Mask Campaign တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနေတဲ့ အကြောင်းကို ပြောပြပါမယ်။
နှာခေါင်းစည်းတွေကို မတပ်ဘဲ အပြင်ထွက်သွားလာကြရင် အရေးယူမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က မေလ ၁၁ ရက် တနလာၤနေ့က ထုတ်ပြန်လိုက်သလို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးတွေကလည်း ဒါကို တဆင့် အများပြည်သူကို ထုတ်ပြန်ပေးနေပါတယ်။
အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ကြရမယ်ဆိုပေမဲ့လည်း COVID-19 ရောဂါ အခြေအနေတွေကြောင့် ကျောင်းပြန်ဖွင့်မယ့်ရက်ကိုတော့ အတိအကျ မသိရသေးပေမဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ကျောင်းပြန်ဖွင့်မယ့် အခြေအနေနဲ့ ပတ်သက်လို့ ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။
EU ဥရောပသမဂ္ဂရဲ့ ဘဏ္ဍာရေးစနစ်အတွက် အန္တရာယ်ရှိတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းလိုက်တာပါ။ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်အဖွဲ့တွေအပေါ် ငွေကြေးထောက်ပံ့မှုတွေကို မဟာဗျူဟာမြောက် တားဆီးတာတွေ မလုပ်နိုင်ခဲ့ဘူးဆိုပြီး ဒီစာရင်းထဲမှာ မြန်မာနိုင်ငံကို ဥရောပကော်မရှင်က ထည့်သွင်းလိုက်ပါတယ်။
COVID-19 တုံ့ပြန်မှု ရန်ပုံငွေကနေ ထုတ်ချေးတဲ့ ချေးငွေတွေကို တခြား ပြည်တွင်းလုပ်ငန်းတွေထက် စိုက်ပျိုးရေး ကဏ္ဍမှာ ပိုမို သုံးစွဲထောက်ပံ့သင့်တယ်လို့ တောင်သူလယ်သမားအရေးလှုပ်ရှားသူတွေက တိုက်တွန်းတဲ့သတင်းကို ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးရှိ၊ မရှိ ဓါတ်ခွဲစမ်းသပ်ပြီး ရောဂါပိုးရှိကြောင်းအဖြေထွက်သူ အရေအတွက်က ဒီနေ့ မွန်းလွဲပိုင်းအထိ စုစုပေါင်းက ၁၆၁ ဦး ရှိနေပြီး အဲဒီစာရင်းအရ ရန်ကုန်တိုင်းမှာတင် ရောဂါပိုးတွေ့ရှိသူ ၁၂၆ ဦး ရှိနေပါတယ်။
နိုင်ငံရပ်ခြားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ အထူးသဖြင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၁၅၀,၀၀၀ ဝန်းကျင်လောက် မြန်မာနိုင်ငံထဲကို မကြာခင်ရောက်လာတော့မယ့် အနေအထားရှိတာမို့ သီးခြားစောင့်ကြည့်နေရာတွေ ပြင်ဆင်ထားတာနဲ့ ပတ်သက်လို့ ပြောပြပေးပါမယ်။
COVID-19 ကပ်ရောဂါဖြစ်နေတာကြောင့် လုပ်ငန်းတွေအားလုံးနီးပါးကို ရပ်ဆိုင်းထားရပြီး လူတိုင်းကို တတ်နိုင်သမျှအိမ်ပြင်မထွက်ကြဖို့ကို အစိုးရက တိုက်တွန်းထားပါတယ်။ COVID-19ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့စည်းမျဉ်းညွှန်ကြားချက်တွေကိုလည်း ဧပြီလ ၃၀ရက်နေ့ကနေ မေလ ၁၅ရက်နေ့အထိထပ်တိုးသတ်မှတ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက နှစ်စဉ်ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီခံစာမှာ မြန်မာနိုင်ငံကို ဆက်လက်ထည့်သွင်းထားဖို့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်မှု ကော်မရှင် (USCIRF) က တိုက်တွန်း အကြံပြုထားပါတယ်။
COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ပြန်လည်ကုစားနိုင်ဖို့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေအတွက် COVID-19 ရန်ပုံငွေက ထုတ်ချေးတဲ့ ချေးငွေ အစီအစဉ်နဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တွေရဲ့ အမြင်ဘယ်လိုရှိသလဲဆိုတဲ့ အကြောင်း ပြောပြပါမယ်။
COVID 19 ရောဂါကို တားဆီးကာကွယ်တဲ့ အနေနဲ့ လမ်းတွေ၊အဆောက်အအုံ တွေကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် တာဝန်ရှိသူတွေက ပိုးသတ်ဆေးတွေ ဖြန်းတာတွေလုပ်ကြပါတယ်။ ပိုးသတ်ဆေးတွေကို လိုအပ်တဲ့ အချိန် လိုအပ်တဲ့ နေရာတွေမှာသာ စနစ်တကျဖြန်းကြဖို့ ဆောင်ရန်ရှာင်ရန်တွေကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပိုးသတ်ဆေးတွေကို လိုအပ်တဲ့ အချိန် လိုအပ်တဲ့ နေရာတွေမှာသာ စနစ်တကျဖျန်းကြဖို့နှင့် ဘယ်လိုနေရာတွေက ဖျန်းသင့်တယ်၊ မဖျန်းသင့်ဘူးဆိုတဲ့ ဆောင်ရန်ရှာင်ရန်တွေကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်