နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ ဒီအဖွဲ့ဟာ COVID-19 ရောဂါ အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရရဲ့ မူဝါဒတွေနဲ့ အညီ ဆောင်ရွက် နိုင်ဖို့အတွက် စေတနာ့ ဝန်ထမ်းတွေကို လေ့ကျင့်ပါဝင်နိုင်စေဖို့ ရည်ရွယ်ပြီး ဖွဲ့စည်း လိုက်တာဖြစ်ပါတယ်။
မြန်မာမှာ COVID-19 ကပ်ရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး ဗဟို ကော်မတီက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ ညွှန်ကြားချက် တွေကို ဧပြီလ ၃၀ ရက်ကနေ မေလ ၁၅ ရက်နေ့ အထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။
ကမ္ဘာမှာ စီးပွားရေးကျဆင်းလာနိုင်တဲ့ အနေအထားမှာပဲ မြန်မာ့စီးပွားရေးအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားတာပါ။ ဒီလိုအနေအထားမှာ စက်ရုံ၊ အလုပ်ရုံတွေမှာလည်း ထိခိုက်မှုတွေ ရှိလာရင် အလုပ်သမားတွေကို လျှော့ချတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ယူဆနေကြပါတယ်။
တနိုင်ငံလုံးမိုးနည်းပြီးအပူချိန်မြင့်မားနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ အပူချိန်တွေမြင့်တာကြောင့် မိုးတိမ်တောင်တွေဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ဒီရက်ပိုင်းအတွင်း လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်ပြီး မိုးကြိုးပစ်တာတွေ ဖြစ်နေပါတယ်။
တချို့ရပ်ကွက်တွေ ကျေးရွာတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လမ်းတွေပိတ်တာ၊ အဝင်အထွက် ကြပ်မတ်စီစစ်တာတွေ ရှိနေပါတယ်။ ဒီလိုတွေလုပ်တာက မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်တဲ့အပြင် လူ့အခွင့်အရေးကိုလည်း ထိခိုက်တယ်လို့ ရှေ့နေတွေနှင့် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
သင်္ကြန်ပိတ်ရက်တွေ ပြီးတယ်ဆိုပေမယ့် ဧပြီလ ၂၀ ကနေ ၃၀ ရက်နေ့အထိ အလုပ်ရုံ ၊ စက်ရုံတွေ ပိတ်ထားဖို့ အစိုးရက ညွှန်ကြားထားပေမယ့် ရန်ကုန်အပါအဝင် မြို့အချို့မှာ အလုပ်သမားတွေ စက်ရုံ တွေကို ပြန်ရောက်လာပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ခြွင်းချက်နဲ့ လူ ၅ ဦးထက် ပိုပြီး မစုဝေးကြဖို့နဲ့ မလိုက်နာရင် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူမယ်လို့ ဧပြီလ ၁၆ ရက် ရက်စွဲနဲ့ မနေ့က ထုတ်ပြန်ပါတယ်။
သင်္ကြန်ကာလ ရုံးပိတ်ရက်တွေက မကြာခင်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိရတဲ့ သူတွေများလာနေတဲ့ အချိန်မှာ သင်္ကြန်ကာလ ရုံးပိတ်ရက်တွေပြီးလို့ လုပ်ငန်းခွင်ပြန်ဝင်ကြရမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက စိုးရိမ်မှုတွေ ရှိနေကြတဲ့ အကြောင်းကို ပြောပြပေးပါမယ်။
COVID-19 ရောဂါတွေ့ရှိသူအရေအတွက် တိုးလာတာနဲ့အတူပဲ မန္တလေးတိုင်းဒေသကြီးမှာတော့ လူစုလူဝေးတွေမှာ နှာခေါင်းစည်း မဖြစ်မနေတပ်ဖို့ ဆောင်ရွက်ချက်တွေနဲ့အတူ သင်္ကြန်အပြီးကာလမှာလည်း ရောဂါကာကွယ်ရေးကို တိုးမြှင့်ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။
အစိုးရက အိမ်ပြင်မထွက်ဖို့ ညွှန်ကြားထားတဲ့ ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေ အတွက် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တို့ကို ရပ်ကွက်အလိုက် ပေးဝေနေကြပါပြီ။ ဒီလို ပေးဝေတဲ့ အခါ တချို့နေရာတွေမှာ အခက်အခဲ ကြုံတွေ့ နေရတာတွေရှိပါတယ်။
ရန်ကုန်တိုင်းအပါအဝင် မြို့အတော်များများမှာ မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရ ညွှန်ကြားချက်တွေကို ဒီကနေ့ကစပြီး ကျင့်သုံးနေကြပြီဖြစ်ပါတယ်။ ဒီလို နေအိမ်အပြင်မထွက်ရ ညွှန်ကြားချက်ကြောင့် ရန်ကုန်တစ်မြို့လုံးမှာတော့ လူအသွားအလာ နည်းပါးသွားပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် လုပ်ငန်းတွေ ရပ်နားထားရတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် နိုင်ငံတော်က ရိက္ခာ ထောက်ပံ့ပေးမယ့် ကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်နှင့် ဒေသအလိုက် ဘာတွေလုပ်ဆောင်နေကြသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနေသလဲဆိုတာကို တင်ပြပေးပါမယ်။
Quarantine Center တွေမှာ ၁၄ ရက် စောင့်ကြည့်ခံနေကြတဲ့သူတွေကို Volunteer တွေက အစားအသောက်ကျွေးမွေးတာ လိုအပ်တဲ့ ကိစ္စတွေ လုပ်ဆောင်ပေးတာတွေအပြင် သီးသန့်နေနေကြရတဲ့ သူတို့တွေအတွက် အကြပ်အတည်းကာလမှာ စိတ်သက်သာရာ ပျော်စရာတွေကိုလည်း တတ်နိုင်သ၍ ဖန်တီးပေးနေကြတယ်ဆိုတဲ့ အကြောင်းကို ပြောပြပေးပါမယ်။
တရုတ်နိုင်ငံက နိုင်ငံတွင်း အဝင်အထွက်ပိတ်လိုက်တာကြောင့် တရုတ်နိုင်ငံကို တရားမဝင် ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေကို ပေကျင်းမြို့က မြန်မာသံရုံးရဲ့အစီအစဉ်နဲ့ ပြန်လည်ပို့ဆောင်ပေးနေတဲ့ ကိစ္စကို မတ်လ ၃၁ ရက်နေ့မှာ ရပ်နားထားရတာပါ။
COVID-19 ရောဂါကို တားဆီးကာကွယ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံကနေ နယ်စပ်ကိုဖြတ်ကျော်ပြီး ဝင်လာကြတဲ့ မြန်မာအလုပ်သမားတွေကို နယ်ရပ်တွေမှာ Community Quarantine အဖြစ်ထားပြီး သီးခြားစောင့်ကြည့်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ အကြောင်းကို ပြောပြပေးမှာပါ။
ထိုင်းနယ်စပ်က ဝင်ရောက်လာကြတဲ့သူတွေနဲ့ နိုင်ငံခြားကနေ တရားဝင်လမ်းကြောင်းနဲ့ရောက်လာကြတဲ့သူတွေကို ၁၄ ရက် သီးသန့်စောင့်ကြည့်မယ့် နေရာတွေကို မြို့နယ်အလိုက် ကျန်းးမာရေးဌာနတွေ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဆောင်ရွက်နေကြပါတယ်။
တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ကော်မတီတွေ ဖွဲ့စည်းပြီး COVID-19 ရောဂါစောင့်ကြည့်တဲ့ Quarantine Center တွေကို WHO ရဲ့ စံသတ်မှတ်ချက်တွေနဲ့ အတတ်နိုင်ဆုံး ကိုက်ညီမှုရှိအောင် ဆောင်ရွက်နေကြပါပြီ။
ထိုင်းနဲ့ မြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီဘက်ကနေ အလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်လာကြတဲ့ မြန်မာအလုပ်သမားတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ သူနာပြုသင်တန်းကျောင်းက နောက်ဆုံးနှစ် ကျောင်းသားတွေပါ လာရောက်ပြီး ကျန်းမာရေး စစ်ဆေးတာတွေကို ကူညီပေးနေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူနှစ်ဦး စတင်တွေ့ရှိရပြီးတဲ့နောက် ရောဂါပိုးရှိသူ နောက်ထပ်တွေ့ရှိလာနိုင်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အဆင်သင့်ကြိုတင်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါရဲ့ သက်ရောက်မှု တခုအနေနဲ့ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းက ၈၀ ရာခိုင်နှုန်းအထိ ရပ်ဆိုင်းသွားပါတယ်။ ဒီအတွက် ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ လုပ်ငန်းလည်ပတ်နိုင်ဖို့ အစိုးရကနေ ချေးငွေထုတ်ပေးဖို့ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်