၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသူ အမျိုးသမီးနှစ်ယောက်ကို တရုတ်နိုင်ငံ ပေကျင်းမြန်မာသံရုံး အကူအညီနဲ့ ဇွန်လ ၁၇ ရက်နဲ့ ၂၁ ရက်တို့မှာ မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့တယ်လို့ ပေကျင်းမြန်မာသံရုံးက ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမှာ ကျင်းပတဲ့ ၄၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို တနလာၤနေ့က အတည်ပြုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ်မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်ထားပြီးတော့ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိရေးကို တောင်းဆိုထားတာပါ။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဉ်ထားပါတယ်။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီတွေနဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုတွေ အားနည်းတယ်ဆိုပြီး ပါတီတချို့က ဝေဖန်မှုတွေ ဒီရက်ပိုင်းမှာ ရှိလာနေပါတယ်။
ဆိပ်ကမ်းအာဏာပိုင်နဲ့ အကောက်ခွန်ဌာန ဦေးဆာင်ညွှန်ကြားရေးမှူး နှစ်ဦးဟာ စစ်တပ်ပိုင် ဦးပိုင်ကုမဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ ဖြစ်နေတယ်ဆိုတာသတင်းတွေမှာ ဖော်ထုတ်ရေးသားလာကြတဲ့နောက် တပ်ထွက်အစိုးရ အရာရှိတွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာတွေအပေါ် အတော်လေး မေးခွန်းဖြစ်နေပါတယ်။
၁၉၆၂ ခုနှစ်ကစခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေအနေနဲ့ ဒီလာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ ပြည်သူ့ပါတီက တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်း နိုင်ငံရေးပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် အကြိုပြင်ဆင်မှုတွေ ဆောင်ရွက်နေကြရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခဒေသတွေမှာ ရွေးကောက်ပွဲလုပ်နိုင်ပါ့မလား စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံတွင်း အိမ်အကူလုပ်သားတွေကို အိမ်တွင်းအကြမ်းဖက်မှု အမြတ်ထုတ်မှုသတင်းတွေ ဒီနှစ်ပိုင်းတွေ တော်တော်လေးတွေ့လာရပါတယ်။ ဒါကြောင့် အိမ်အကူလုပ်သားတွေရဲ့အခွင့်အရေးကို ဥပဒေအရတိတိကျကျ အကာအကွယ်ပေးနိုင်ဖို့ လွှတ်တော်ပိုင်းက ကြိုးစားနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ ရှိတဲ့ Cox's Bazar ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးကိစ္စနဲ့ ပတ်သက်လို့ အစိုးရအစီအစဉ်နဲ့ရော၊ ကိုယ့်သဘောဆန္ဒအလျောက် ပြန်ဝင်လာကြသူတွေကိုပါ မြန်မာနိုင်ငံက ပြန်ဝင်ခွင့်ကို ရပ်ဆိုင်းထားတာပါ။
လက်ရှိ ကိုဗစ်ကာလ ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ ကျောင်းတွေပြန်ဖွင့်ရမှာ ဖြစ်တာကြောင့် တစ်ခန်းကို ကျောင်းသား ၂၀ ကျော်သာ ထားနိုင်မှာ ဖြစ်တဲ့အတွက် အခု ဆရာ၊ ဆရာမ လိုအပ်ချက် ထပ်ဖြည့်ရတာလို့သိရပါတယ်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ပြန်လက်ခံရေးအတွက် အစီအစဉ်အားလုံးကို ရပ်ဆိုင်းထားပေမဲ့လို့ ဒုက္ခသည်တွေ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု တိုးများလာနေတဲ့ အခြေအနေကို ပြောပြပါမယ်။
တပ်မတော်ကို ဝေဖန်သံချပ်ထိုးခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို နောက်ထပ်ထောင်တစ်နှစ် ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ အခုလို လွတ်လွပ်စွာ ပြောဆိုခွင့်တွေကို ထိပါးနေတာကို အစိုးရအနေနဲ့ တစုံတရာ ဖြေရှင်းပေးသင့်တယ်ဆိုတဲ့ ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ အမြင်ကို ပြောပြပေးပါမယ်။
COVID -19 ရောဂါကူးစက် ပျံ့နှံ့မှုကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရှိတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကောဇ်ဘဇားခရိုင်တခုလုံးကို အသွားအလာတွေ ကန့်သတ်ထားတဲ့ကြားကပဲ၊ ဒုက္ခသည်တွေက စိုးရိမ်ပြီး စခန်းက ထွက်ပြေးတာတွေ ရှိနေပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို တိုင်းလွတ်တော်ကိုယ်စားလှယ် ၃၀ ကျော်က လက်မှတ်ရေးထိုးပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌကို ဇွန်လ ၅ ရက် လွှတ်တော်အရေးပေါ် အစည်းအဝေးရဲ့ နောက်ဆုံးနေ့က တင်ပြခဲ့ကြတာပါ။
COVID-19 ကပ်ရောဂါကြောင့် ကျောင်းတွေ ပြန်ဖွင့်ပြီးတဲ့အခါမှာ ကျောင်းသားတွေ ရောဂါကူးစက်မှုက ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လိုက်နာရမယ့် သတ်မှတ်ချက်တွေကို ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
UNFPA အနေနဲ့ လက်ရှိ COVID ကာလအတွင်းမှာ မြန်မာနိုင်ငံတွင်း အမျိုးသမီးတွေနဲ့ ဒုက္ခသည်တွေကို ဘယ်လို ကူညီပံ့ပိုးပေးနေတာသလဲ ဆိုတာတွေကို မြန်မာနိုင်ငံဆိုင်ရာ UNFPA ရုံး ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်ပေးပါမယ်။
လက်ရှိ အမေရိကမှာ ဖြစ်နေတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ်တွေကြားမှာ စိတ်ဝင်စားမှုနဲ့ သူတို့ရဲ့ အမြင်တွေကို ပြောပြပါမယ်။
ကျောက်ဖြူမြို့ ကျောက်တစ်လုံးဘက်မှာရှိတဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကိုလည်း မူလနေရာမဟုတ်ဘဲ ကျောက်တစ်လုံးကနေ နှစ်ဖာလုံနီးပါးဝေးတဲ့ နေရာမှာနေရာချထားပေးဖို့ ဆောင်ရွက်နေတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက မေလ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုအပြီး အခုလို တုံ့ပြန်လာတာပါ။
လှိုင်သာယာ စက်မှုဇုန်က သမဂ္ဂအဖွဲ့ဝင် အလုပ်သမား၃၀၀ ကျော် အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်လို့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကို တိုင်ကြားထားတယ်လို့ မြန်မာယူနီဗျူး စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုထက်လှိုင်ဖြိုးက VOA ကိုပြောပါတယ်။ ILO ဘက်ကတော့ ၁၅ ရက်အတွင်းမှာ ပြန်ဆက်သွယ်မယ်လို့ အကြောင်းပြန်တယ်လို့သိရပါတယ်။
မြဝတီနယ်စပ်ဂိတ်ပေါက်ကနေ မြန်မာနိုင်ငံထဲကို ပြန်ဝင်လာကြတဲ့ ဦးရေက တစ်ရက်ကို ၁,၀၀၀ ကျော် နီးပါး ရှိနေပါတယ်။ ပြန်ဝင်လာကြတသူတွေထဲက သွားလာရေး ကန့်သတ်ထားတဲ့ ပြည်နယ်၊ တိုင်းနဲ့ ခရီးအသွားအလာ ခက်ခဲမှု ရှိနေတဲ့ နေရာက လူတွေကိုပဲ မြဝတီမြို့ Quarantine Center တွေမှာ စောင့်ကြည်နေတာဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါ အကြပ်အတည်းကာလမှာ ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေနှင့် ဒုက္ခသည်စခန်းမှာရှိနေကြတဲ့သူတွေအတွက် ငွေသားထောက်ပံ့ကြေးကို ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ကြား သတ်မှတ်ပြီး ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်