ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း အိမ်မှာပဲနေကြဖို့ အမိန့်ထုတ်ပြန်ထားတာကြောင့် အရေးပေါ်လိုအပ်ချက်တွေ ရှိလာခဲ့ရင် ကူညီနိုင်အောင် မြို့နယ်၊ ရပ်ကွက်အလိုက် စာရင်းကောက်ယူတဲ့ အစီအစဉ်တွေ စတင်နေတာပါ။
ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးနေချိန်မှာပဲ ပုံမှန်ဖြစ်နေကျ ရာသီတုပ်ကွေး အန္တရာယ်ကိုလည်း သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။
ကိုဗစ်ကပ်ရောဂါ အကြပ်အတည်းကာလအတွင်း နိုင်ငံဝန်ထမ်းတွေအတွက် ၂ လစာ ချေးငွေထုတ်ပေးဖို့ အစိုးရက ပြင်ဆင်နေပေမဲ့ ချေးငွေထက် အထောက်အပံ့ရဖို့ မျှော်လင့်သူတွေ ရှိနေတဲ့အကြောင်းပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အိမ်ပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ထားတာ တနင်္လာနေ့က စတင်အသက်ဝင်တဲ့ ရန်ကုန်တိုင်းအတွင်း ဒေသခံတွေ ဘယ်လိုအခက်အခဲတွေ ကြုံနေရသလဲ။
COVID 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ တစ်ရက်အတွင်း ၃၀၀ ကျော်၊ ၄၀၀ နီးပါးတိုးလာနေတာကြောင့် ကုသရေးအတွက် ယာယီဆေးရုံတွေ တည်ဆောက်ပေးနေသလို တချို့ Quarantine Center တွေမှာလည်း ကုသရေး စင်တာတွေပြင်ဆင်ပြီး ဆေးကုသမှုတွေ လုပ်ပေးနေကြရပါတယ်။
COVID-19 ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်သူတွေ တိုးလာနေတဲ့အတွက် မြန်မာလူထုကြား ရောဂါအန္တရာယ်ကို စိုးရိမ်မှုတွေနဲ့အတူ ကာကွယ်ဖို့ ကြိုးစားလာတာတွေ ရှိနေပေမဲ့ နည်းမှန်လမ်းမှန်ဖြစ်အောင် ဆောင်ရွက်ကြဖို့ သတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။
တိုင်းရင်းသားဒေသတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ရေး တိုင်းရင်းသားပါတီတွေ လွှတ်တော်မှာ ပိုပြီး ပါဝင်လာနိုင်ဖို့ လိုအပ်တယ်လို့ တိုင်းရင်းသားပါတီတွေရဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
ကိုဗစ်အတည်ပြုလူနာအရေအတွက် မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်နယ်တစ်ခုလုံးကို အသွားအလာ ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတာကြောင့် စစ်ရှောင်စခန်းတွေကို ရိက္ခာထောက်ပံ့မှုတွေ မလုံလောက်တဲ့အတွက် အခက်အခဲတွေ ရှိနေကြတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာမှာ ကိုဗစ်ကပ်ရောဂါ ဒုတိယအကြိမ် တကျော့ပြန်ကူးစက်မှုတွေကြောင့် အသွားအလာ တင်းကြပ်ကန့်သတ်မှုတွေ တိုးလာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ပြီး ပြည်သူတွေ အခက်အခဲကြုံလာကြရပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေအားလုံး ပိတ်ထားရချိန်မှာ ကျောင်းသားတွေရဲ့ ပညာသင်ယူမှု အခွင့်အလမ်းတွေ မဆုံးရှုံးစေဖို့အတွက် ကျောင်းသင်ခန်းစာတွေကို အွန်လိုင်း၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေတဆင့် ထုတ်လွှင့်သင်ကြားပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ တိုးလာနေတာနဲ့အမျှ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားတာကြောင့် စစ်ရှောင်ဒုက္ခသည်တွေနဲ့ ဒေသခံတွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။
ရခိုင်ပြည်နယ်မှာ မကြာသေးခင်ကစလို့ ကိုဗစ်ရောဂါ ကူးစက်သူတွေ တိုးလာနေသလို တခြားဒေသတွေအထိ ပျံ့နှံ့လာနေတာကြောင့် ကျန်းမာရေး ပညာရှင်တွေ ကြိုတင်ပြင်ဆင်နေကြသလို ကူးစက်မှုအန္တရာယ်အတွက် သတိထားဖို့လည်း တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။
ကိုဗစ်တစ်ကျော့ပြန်ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အမှုထမ်းနေကြတဲ့ ပညာရေးဝန်ထမ်းတွေကို အရေးပေါ်ကာလ ထောက်ပံ့ကြေးအဖြစ် တစ်ဦးကို ငွေကျပ် ၃၀၀၀၀ စီ ထောက်ပံ့နေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှုတွေ သိသိသာသာ တိုးလာနေတာကြောင့် မကြာသေးခင်ကမှ ပြန်ဖွင့်လိုက်တဲ့ အခြေခံပညာ အထက်တန်းကျောင်း အားလုံးကို မနက်ဖြန်ကစပြီး ပြန်ပိတ်ဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါကာလမှာ တက္ကသိုလ်တွေပိတ်ထားတာကြောင့် ကျောင်းသားတွေ ပညာသင်ယူနိုင်မယ့် အခွင့်အလမ်းရနိုင်ဖို့ ရည်ရွယ်တဲ့ Online ဆွေးနွေးပွဲအကြောင်း ပြောပြချင်ပါတယ်။
COVID 19 ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေအားလုံး ပိတ်လိုက်သလို မြန်မာတစ်နိုင်ငံလုံးက ကျောင်းတွေမှာလည်း ကျန်းမာရေးနှင့် ပတ်သက်တဲ့ စည်းကမ်းတွေ တင်းကြပ်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။
လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲက တချို့ကို သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး ကော်မရှင်က လက်မခံဘဲ ပယ်ဖျက်ခဲ့တဲ့အကြောင်း ပြောပြပါမယ်။
ကျန်နေသေးတဲ့ ကျောင်းတွေကိုတော့ ကျန်းမာရေးအတွက် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ-မရှိ စစ်ဆေးပြီး ဒီတစ်ပတ်အတွင်း ဖွင့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။
အခြေခံပညာအထက်တန်း ကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်ဖြစ်တဲ့ ဇွန်လမှာ ပြန်မဖွင့်နိုင်ခဲ့ဘဲ ဇူလိုင်လ တတိယပတ်မှာမှ ပြန်ဖွင့်ခဲ့ပေမဲ့ ကျန်းမာရေး သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် မဖွင့်နိုင်သေးဘဲ ဖြစ်နေတဲ့ ကျောင်းတွေလည်း အများအပြား ကျန်နေပါတယ်။
မန္တလေးလူငယ်သင်တန်းကျောင်းမှာ ထိန်းသိမ်းထားစဉ် ထွက်ပြေးသွားတဲ့ လူငယ် ငါး ဦးကို ပြန်လည်ဖမ်းဆီးရာမှာ နှစ် ဦးသေဆုံးခဲ့တဲ့ အမှုကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စတင်စစ်ဆေးနေတဲ့အကြောင်းကို ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်