နိုင်ငံတဝန်းက ရေကြီးမှုအတွင်း အနည်းဆုံး လူ နှစ် ဦးသေဆုံးခဲ့ကြောင်းလည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။ COVID-19 ကပ်ရောဂါကာလမှာ ရေဘေးဒုက္ခသည်တွေကို ကျန်းမာရေးအတွက် အထောက်အပံ့ အကူအညီတွေ ပေးနေတယ်လို့လည်း ပြောပါတယ်။
COVID 19 ကပ်ရောဂါကာလ အရေးပေါ် ထောက်ပံ့ကြေးအဖြစ် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ပေးတဲ့ ငွေကျပ် ၂၀,၀၀၀ ကို အပြည့်မရကြတဲ့ သူတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် လွှတ်တော်အမတ်တွေ စုံစမ်းနေတဲ့အကြောင်းကို ပြောပြပါမယ်။
ကမ္ဘာတဝန်း ကပ်ရောဂါကူးစက်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက် သတိထားဖို့ လိုအပ်နေပေမဲ့ မြန်မာနိုင်ငံက အများပြည်သူကြား ကာကွယ်ရေး အစီအမံတွေကို လိုက်နာဖို့ ပျက်ကွက်နေတဲ့အပေါ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးလိုက်တာပါ။
COVID 19 ကပ်ရောဂါကာလ စားဝတ်နေရေးအတွက် အခက်အခဲရှိနေကြတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ဒုတိယအကြိမ် ထောက်ပံ့ကြေးတွေ စပေးနေပါပြီ။
COVID ကပ်ရောဂါ ကာလအတွင်း သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ အရေးယူခံရတဲ့ အမှုပေါင်း ထောင်ချီ ရှိနေတဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေ စိုးရိမ်နေပါတယ်။
မြန်မာနိုင်ငံတဝန်း အခြေခံပညာကျောင်းတွေ ပြန်ဖွင့်လိုက်ပေမဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာတော့ ကျောင်းတော်တော်များများ ပြန်မဖွင့်နိုင်သေးပါဘူး။
ကျောင်းပေါင်း ၅,၈၀၀ ကျော်ကို ကျန်းမာရေးသတ်မှတ်ချက်တွေနဲ့ ညီမညီစစ်ဆေးခဲ့ပြီးတော့ သတ်မှတ်ချက်တွေနဲ့ ညီညွှတ်တဲ့ ကျောင်း ၃,၇၀၀ ကျော်ကို ပြန်ဖွင့်ခွင့်ပေးခဲ့တာပါ။
၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတအောင် ဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ ထပ်မံဂတိပြုလိုက်တဲ့အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံမှာတက္ကသိုလ်တွေ ပြန်မဖွင့်နိုင်သေးတဲ့အချိန်မှာ Onlineကနေသင်ကြားဖို့ ပညာရေးဌာနတာဝန်ရှိသူတွေ ပြင်ဆင်နေပေမဲ့ ကျောင်းသားတွေကြား စိုးရိမ်မှုတွေရှိနေပါတယ်။
COVID-19 ကပ်ရောဂါကာလမှာ မြန်မာနိုင်ငံတောင်ပိုင်းမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေသူတွေ အပါအဝင် ဒေသခံတွေ အခက်အခဲတွေ ကြုံနေရတဲ့အကြောင်း ပြောပြပေးပါမယ်။
ဒီလနှောင်းပိုင်း အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တဲ့အခါ COVID-19 ကပ်ရောဂါ မကူးစက်အောင် ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေ စီစဉ်နေပေမဲ့ မိဘတွေကြားမှာတော့ စိုးရိမ်မှုတွေ ရှိနေဆဲဖြစ်တဲ့အကြောင်း ပြောပြပါမယ်။ ကျွန်မ အိမ့်သန္တာထွန်းပါ။
COVID 19 ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းတွေကို ပုံမှန် ကျောင်းဖွင့်ရက်တွေထက် တစ်လကျော်နောက်ကျပြီး ဒီလဇူလိုင်လ ၂၁ ရက်မှာ ပြန်ဖွင့်မှာ ဖြစ်တာကြောင့်စာသင်ကျောင်းတွေမှာ ကျောင်းအပ်ဖို့ ဒီနေ့ပဲ စတင်လက်ခံနေကြတာပါ။
မိုးရာသီကာလမှာ ဖြစ်လေ့ရှိတဲ့ သွေးလွန်တုတ်ကွေးရောဂါကြောင့် ဒီနှစ်ထဲ သေဆုံးသူ ၁၂ ဦးထက်မနည်း ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူ အများစုကတော့ အသက် ၅ နှစ်ကနေ ၉ နှစ်ကြား ကလေးတွေပါ။
ဇူလိုင်လနောက်ဆုံးပတ်မှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တော့မှာ ဖြစ်တာကြောင့် ကျောင်းတွေမှာ ခိုလှုံနေကြရတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ယာယီတဲတွေစီစဉ်ပြီး ရွှေ့ပြောင်းပေးဖို့ စီစဉ်နေတဲ့ အကြောင်းကို ပြောပြချင်ပါတယ်။
မြန်မာနဲ့ တရုတ်နိုင်ငံကြား အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မူဆယ်ဂိတ်ကို ပြန်ဖွင့်ပေးထားပေမဲ့ ကန့်သတ်ချက်တွေ ရှိနေဆဲ ဖြစ်တာကြောင့် ကုန်စည်စီးဆင်းမှုတွေ ကြန့်ကြာမှုတွေနဲ့ နစ်နာဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကန္တာရကျိုင်းကောင်တွေကြောင့် စိုက်ခင်းတွေ ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံမှာလည်း သီးနှံစိုက်ခင်းတွေကို ကန္တာရကျိုင်းကောင် အန္တရာယ်က ကြိုတင်ကာကွယ်ဖို့ သတိပေးချက်တွေ ထုတ်ထားတဲ့ အခြေအနေကို ပြောပြပါမယ်။
ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားတွေကို ကိုဗစ်ကာလမှာ စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် မတ်လက အခြေခံ စားသောက်ကုန် ထောက်ပံ့ရိက္ခာ ငါးမျိုးကို ဝေပေးခဲ့ရာမှာ မပါဝင်ခဲ့သူတွေကို ငွေသားထောက်ပံ့ပေးနေတာပါ။
တိုက်ပွဲတွေကြောင့် ဒေသခံထောင်သောင်းချီ ထွက်ပြေးနေကြတဲ့ ရခိုင်ပြည်နယ်မှာ စားရေးသောက်ရေးနဲ့ နေထိုင်စရာ အခက်အခဲတွေ ကြုံနေရသလို ဒုက္ခသည်တွေ တနေ့တခြား ပိုတိုးလာနေတဲ့အတွက် ကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်လာနေပါတယ်။
COVID 19 ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းတွေကို တစ်လကျော်နောက်ကျပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြန်ဖွင့်တဲ့အခါ ကျန်းမာရေးအတွက် စိုးရိမ်မှုတွေ ရှိနေကြပေမဲ့ ကြိုတင်ကာကွယ်ရေး အစီအမံတွေ ချမှတ်ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံတွင်း အဓိက အားဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ညှဉ်းပန်းနှိပ်စက်မှုဖြစ်စဉ်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပူးတွဲကြေညာချက်က ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်