စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိတဲ့ လယ်ဇင်စံပြကျေးရွာမှာ ဇန်နဝါရီ ၁၇ ရက်က စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာမှာ ၄ ဦးသေဆုံးပြီး၊ ၄ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြော
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အိုးအိမ်ပစ်ပြီး ဘေးလွတ်ရာ ထွက်ပြေးနေကြရသူတွေအနေနဲ့ အန္တရာယ်ဘေးကလွတ်အောင် အာရုံစိုက်နေရတဲ့အတွက် ကိုဗစ်ကပ်ရောဂါကို သတိမထားနိုင်ကြဘူးလို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာမှာ စစ်ကောင်စီက ရဟတ်ယာဉ် သုံးပြီး တိုက်ခိုက်တာကြောင့် သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ ဒေသခံရွာသားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းတွေအောက် ခရစ္စမတ် ရာသီ ဂျာမဏီနိုင်ငံ Frankfurt မြို့ ခရစ္စမတ်ပစ္စည်းတွေ ရောင်းတဲ့ ဈေးကြီးကို ပြန်ဖွင့်လိုက်ပါတယ်။ အေပီသတင်း တပုဒ်ကို အခြေခံပြီး မအလိမ္မာ က ပြောပြပေးပါမယ်။
မုံရွာကနေ စစ်ကိုင်းသွားတဲ့ စစ်ကောင်စီကားတန်းကို ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မနက်ပိုင်းကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ပြောပါတယ်။ မန္တလေးမြို့က ၄၁ လမ်း ကုန်ဈေးတန်းညဈေးမှာလည်း ဒီကနေ့မနက်ပိုင်း ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ကတည်းက ရောက်နေတဲ့ မစ္စတာ ဆာဆာကာဝါက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ပြည်သူ့ပါတီ တာဝန်ရှိသူတွေကို မနေ့က နိုဝင်ဘာ ၁၆ ရက်၊ ရန်ကုန်မြို့မှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
“အမျိုးသမီး ၆ ယောက်၊ အမျိုးသား ၂ ယောက် အဖမ်းခံထားရတယ်။ PDF က သူတို့ကို ဝိုင်းထားလို့ လမ်းဖွင့်ပေးဖို့ တောင်းဆိုတယ်လို့ ကြားသိရတယ်ခင်ဗျ။ ဒီဘက်ကလည်း သူတို့လူ ၈ ယောက်ကို ပြန်လွှတ်ပေးရင် ဖွင့်ပေးမယ်ပေါ့ဗျာ။...(ဒေသခံတဦး)
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည် နယ်ထဲမှာ စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ရှိနေပြီး သူတို့အတွက် လူသားစာနာမှု အကူအညီပေးနိုင်ဖို့လုံခြုံရေးအပါအဝင် အခက်အခဲမျိုးစုံရှိနေတယ်လို့ ကိုယ်တိုင်ကူညီနေသူတွေက ပြောပါတယ်။
ယင်းမာပင်အနီးတဝိုက်မှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီဖက်က ပစ်ခတ်တဲ့လက်နက်ကြီးတချို့ အနီးကျေးရွာတွေကို ကျရောက်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရသူကတော့ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတာကို အတည်ပြုပေမယ့်၊ အထိအခိုက်မရှိဘူးလို့ ပြောပါတယ်။
နိုဝင်ဘာ ၈ ရက် မနေ့က ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် လတူးကျေးရွာသစ်မှာ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာမီးလောင်တာ မြင်နေရပေမယ့် စစ်တပ်တွေ ရှိနေတဲ့အတွက် ရွာသားတွေ အနားသွားမကြည့်ရဲကြဘူးလို့ ဒေသခံတယောက်က ဗွီအိုအေကို ပြောပြပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ PR စနစ်နဲ့ပတ်သက်ပြီး နိုဝင်ဘာ ၅ ရက် လာမယ့် သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ရှိပေမယ့် တချို့ တိုင်းရင်းသားပါတီတွေကတာ့ ကိုဗစ်ကပ်ရောဂါအခက်အခဲကြောင့် တက်ဖြစ်မှာမဟုတ်ဘူးလို့ ဗွီအိုအေကို ပြောကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အမှုတွဲ Sean Turnell အတွက် တရားခွင်မှာ ပညာရေးဝန်ကြီးဌာနက စကားပြန်တယောက် ထားပေးကြောင်းနဲ့ Australia သံရုံးကတာဝန်ရှိသူတွေ တရားခွင်မှာ လာရောက်နားထောင်နိုင်ဖို့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေကြောင့် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ စစ်တပ်နဲ့ရဲလုံခြုံရေးတွေနဲ့အတူ မီတာရုံးဝန်ထမ်းတွေက လျှပ်စစ် မီတာခ လိုက်လံကောက်ခံနေတာမှာ မီတာခ ချက်ချင်းပေးဆောင်ခိုင်းပြီး မဆောင်တဲ့အိမ်တချို့က မီးကြိုးတွေ ဖြတ်သွားတာ၊ မီတာပုံးတွေဖြုတ်သွားတာမျိုးလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒုက္ခသည်သောင်းနဲ့ ချီရှိပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က VOA ကိုပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်း အလိမ္မာ က ပြောပြပါမယ်။
PJ လို့ခေါ်တဲ့ အလုပ်အကိုင် Passport နဲ့နိုင်ငံခြားထွက်သူတိုင်း ပြည်ပအလုပ်အကိုင် သက်သေခံ OWIC စမတ်ကဒ် မပါရင် ပြည်ပထွက်ခွင့်မရှိတော့ဘဲ အရင်က MOU နဲ့ ပြည်ပမှာ အလုပ်သွားလုပ်သူတွေသာလိုတဲ့ ကဒ်ကို အခု PJ Passport ကိုင်သူတိုင်း ပြရမယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ လူဝင်မှုကြီးကြပ်ရေးက သတ်မှတ်လိုက်ပါတယ်။
နိုင်ငံတွင်း ရွှေဈေး၊ ဒေါ်လာဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်း အပြောင်းအလဲတွေနဲ့အတူ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး ကုန်စည်ဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးတွေလည်း တက်လာနေပါတယ်
မကွေးတိုင်း နှမ်းခါးကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်ပွားတာမှာ ကျေးရွာနေအိမ်တချို့ မီးရှို့ခံရပြီး ကျေးရွာသားတွေလည်း ထွက်ပြေးကြရသလို စစ်ကိုင်းတိုင်း ကနီမြို့မှာတော့ စစ်ကောင်စီတပ်ရဲ့စက်လှေကို ကနီ PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံတဝန်း ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်နေချိန်မှာပဲ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေကလည်း တစထက်တစ တက်လာနေပြီး ဒီကနေ့ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားကို ၂၂ သိန်းကျော် အထိ ရှိခဲ့ပြီး ဒေါ်လာဈေးကလည်း မြန်မာငွေ ကျပ် ၂,၄၅၀ အထိ ပေါက်ဈေးရှိခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell နဲ့ အစိုးရအဖွဲ့ဝင်ဟောင်း သုံးဦးတို့ကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)/ဂ နဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ စွဲဆိုထားတဲ့အမှုကို ဒီကနေ့ နေပြည်တော် ဒက္ခိဏသီရိတရားရုံးမှာ ပြောင်းရွှေ့စစ်ဆေး
မုံရွာမြို့ မီးပွိုင့်တစ်ခုမှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲတစ်ဦး ဒီကနေ့ နေ့လည်ပိုင်းက သေနက်နဲ့အနီးကပ်ပစ်ခတ်ခံရပါတယ်။ တချိန်တည်းမှာတော့ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အင်အား အလုံးအရင်းနဲ့ ဝင်ရောက်ပြီး ဖမ်းဆီးတာတွေ လုပ်နေ
နောက်ထပ်ကြည့်ရှုရန်