ဒီကနေ့ စက်တင်ဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ညနေပိုင်းက ဗုံး ၄ လုံးပေါက်ကွဲပြီး စစ်ကောင်စီဖက်က တပ်သားတွေ သေဆုံးမှုနဲ့ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန် မန္တလေး ကလေး၊ ထားဝယ် စတဲ့ မြို့တချို့မှာ တတ်ကြွလှုပ်ရှားသူတချို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လျှပ်တပြတ်သပိတ်တွေ လုပ်ခဲ့ကြ
Time မဂ္ဂဇင်းက နှစ်စဉ် ရွေးချယ်ဖော်ပြတဲ့ ကမ္ဘာမှ ာ ဩဇာသက်ရောက်မှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းထဲမှာ မြန်မာအမျိုးသမီး သုံး ယောက် ရွေးချယ်ခံခဲ့ရပါတယ်။ အင်္ဂါဂြိုလ် စူးစမ်းရေးရဟတ်ယာဉ်ငယ်ကို တီထွင်ခဲ့သူ မြန်မာအင်ဂျင်နီယာတဦးနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့တိုင်းရင်းသူအမျိုးသမီး နှစ်ဦးတို့ဖြစ်ကြပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းထဲက မြို့နယ်တချို့မှာ အင်တာနက်ဖြတ်တောက် ခံထားရပါတယ်။ စစ်ကိုင်းတိုင်းမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး သတင်းအချက်အလက်တွေ မရနိုင်ပဲ ဖြစ်နေချိန်မှာ စစ်ကောင်စီက ထိုးစစ်ဆင်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတာပါ။
သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့အပေါ် စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ နဲ့ အမှုတတွဲထဲ တရားစွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်၊ လုပ်ဆောင်မှုကို ရှေ့သီတင်းပါတ်ကျရင် စွဲချက်တင်သင့်မသင့် ဆုံးဖြတ်ဖို့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုးပြီးသူ သြဂုတ်လ ၃၁ ရက်နေ့အထိ စုစုပေါင်း ၄၇ သိန်း ၆ သောင်းကျော်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အပြည့်အဝ ကာကွယ်ဆေးထိုးပြီးသူက ၂၁ သိန်းကျော်ရှိပြီး ကာကွယ်ဆေး တကြိမ်ထိုးထားပြီးသူက ၂၆ သိန်း ၆ သောင်းကျော်ရှိတယ်လို့ ဖော်ပြထား
တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဘက်က ရွာတွေကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တာကြောင့် ရွာ ၇ ရွာ လူဦးရေ ၂၅,၀၀၀ လောက် သြဂုတ်လ ၂၆ ရက်နေ့ကတည်းက အိုးအိမ်စွန့် ထွက်ပြေးနေကြရပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းက ဒေသတချို့မှာ အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများပြီး မြေနိမ့်ပိုင်းအိမ်တချို့ရေကြီးနေတဲ့အတွက် ဒေသခံတချို့ ရေဘေးလွတ်ရာ ယာယီပြောင်းရွှေ့နေရပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက နေရာတချို့ ရေဘေးကြုံနေ
ရခိုင်ပြည်နယ်က အထောက်အပံ့လိုအပ်နေသူတွေအတွက် WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က လစဉ် အစားအသောက်နဲ့ ငွေသားထောက်ပံ့မှုကို အခုသီတင်းပါတ်က စပြီး ပြန်လည်ပေးနေပါပြီ။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို အလိမ္မာကတင်ပြပါမယ်။
စစ်တပ်က အာဏာသိမ်း အုပ်ချုပ်တာကိုဆန့်ကျင်တဲ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ထဲက ဒီကနေ့ဆန္ဒပြပွဲတခု ဖြိုခွဲခံရပြီး ဆန္ဒပြအမျိုးသမီး ၁ ယောက်ဖမ်းဆီးခံရပါတယ်။ မနေ့ညကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ စစ်သားတွေပစ်ခတ်လို့ လမ်းမှာ ဈေးရောင်းနေသူတဦး သေဆုံးခဲ့ပါတယ်။
ကလေးမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဒီနေ့ ဆန္ဒပြစစ်ကြောင်းကို အရပ်ဝတ်တွေနဲ့ ဖြိုခွဲမှုအတွင်း မိန်းကလေး ၈ ယောက်အပါအဝင် ၁၂ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ မြင်းခြံမြို့မှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်တပါး ဖမ်းဆီးခံရပါတယ်။
ချင်းပြည်နယ်၊ တီးတိန်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရှေ့က လုံခြုံရေးအစောင့်ရဲ ၃ ယောက်ကို ဒီကနေ့ ပစ်ခတ်ပြီး ဘဏ်ကိုဝင်လုသွားပါတယ်။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့က ကျေးရွာတရွာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး ရွာသားတွေကို ဖမ်းဆီးသလို နေအိမ်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။
ရန်ကုန်တိုင်းအတွင်း ကိုဗစ်တတိယလှိုင်းဖြစ်နေချိန် လူမမာရှိတဲ့အိမ်တွေအတွက် အစားအသောက်၊ ဆေးဝါးစတဲ့လိုအပ်တာတွေ ပေးပို့ကူညီနေတဲ့ ပရဟိတသမားတချို့ကို အာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းတာမျိုးရှိသလို တချို့ဆို ခြိမ်းခြောက်ခံရတဲ့အထိဖြစ်တယ်လို့ ကိုယ်တိုင်ကြုံရသူက ဗီအိုအေ ကို ပြောပါတယ်။
ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲမှာ မနေ့ညပိုင်းက စစ်တပ်က ဝင်ရောက်ရှာဖွေစစ်ဆေးပြီး လူတချို့ကို ဖမ်းဆီးသွားတဲ့အကြောင်း မြေအောက်လှုပ်ရှားမှုအဖွဲ့တဖွဲ့ဖြစ်ပြီး OCTOPUS လို့ အမည်ပေးထားတယ် ဆိုတဲ့အဖွဲ့ရဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အရင်ရက်တွေကထက် လုံခြုံရေးပိုတင်းကျပ်ပြီး စစ်ဆေးတာတွေလည်း ပိုလုပ်နေတယ်လို့ မြို့ခံတဦးနဲ့ ကိုယ်တိုင်တွေ့ကြံရသူတဦးက ဗွီအိုအေကိုပြောပါတယ်။ မြို့အခြေစိုက် တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတယ်ဆိုတဲ့သတင်း ထွက်လာပြီးတဲ့နောက် အခုလို လုံခြုံရေး ပိုတင်းကြပ်ထားတာကို တွေ့ကြရ
တရုတ်နိုင်ငံထုတ် ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို ပြည်တွင်းမှာ ဦးစားပေးအသုတ်အလိုက် စတင်ထိုးနှံပေးနေပါတယ်။ ရောဂါကူးစက်နှုန်းနဲ့ သေဆုံးသူဦးရေ တိုးနေတဲ့ ကပ်ရောဂါ တတိယလှိုင်းကာလမှာ လူတိုင်းကာကွယ်ဆေးထိုးနှံနိုင်ဖို့ကိုလည်း လိုလားနေကြပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်မှာလည်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ယောက် အသတ်ခံရပြီး စစ်တပ်သတင်းပေးတယ်ဆိုပြီး စွပ်စွဲခံရသူတွေ အခုလိုအကြမ်းဖက်သတ်ဖြတ်ခံရ
ပြည်တွင်းမှာ ကပ်ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက် အရင်ကထက် စာရင် လျော့ကျလာပြီလို့ မြေပြင်မှာကူညီဆောင်ရွက်ပေးနေသူတွေက ပြောနေကြပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရောဂါတိုက်ဖျက်နေရသူတွေလည်း ရှိနေတဲ့အတွက်ကြောင့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို မပေါ့ဆဘဲ ဆက်ပြီးလိုက်နာဖို့ကို တိုက်တွန်းနေကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း TNLA ၊ SSPP ပူပေါင်းအဖွဲ့နဲ့ RCSS တို့အကြား တိုက်ပွဲ ဖြစ်ပွားတဲ့နေရာတွေမှာ ရွာသားတွေ ထိခိုက်ဒဏ်ရာရသူတွေရှိသလို၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်ပျက်စီးမှုရှိပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြသူလည်း ရှိပါတယ်။
မနေ့ သြဂုတ်လ ၈ ရက်နေ့၊ ၈ လေးလုံး အရေးတော်ပုံ ၃၃ နှစ်မြောက်နေ့မှာ မန္တလေး အိုးဘိုအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတချို့ဦးဆောင်တဲ့ ဆန္ဒပြကြွေးကြော်သံတွေကို ထောင်အပြင်ဘက် ပတ်ဝန်းကျင်ကလူတွေ ကြားခဲ့ကြရပြီး သေနတ်ပစ်သံ ၂ ချက်ကိုလည်း ကြားခဲ့ကြရအောင် ထောင်နားဝန်းကျင်က သူတွေက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်