ငလျင်ဒဏ်သင့် ပုဂံဘုရားပုထိုးတွေ ပြန်လည်ပြုပြင်ဖို့အတွက် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က နည်းပညာနဲ့ ငွေကြေးအကူအညီပေးမယ်လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကနေပြီးရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အရေးကိစ္စတွေကိုဖြေရှင်းဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘယ်ဆုရှင် ကိုဖီအာနန် ဦးဆောင်တဲ့ ဒီအကြံပေးကော်မရှင်ကိုဖွဲ့စည်းလိုက်တာပါ။
သံလွင်ရေကာတာ စီမံကိန်းတွေ ဆောက်ဖြစ်ရင် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်နိုင်တာကြောင့်၊ ရေကာတာကြောင့် သဘာဝဘေးအန္တရာယ်တင်မကဘဲ ဒေသခံတွေအနေနဲ့ စစ်ပွဲတွေဒဏ်ပါ ခံရနိုင်တယ်လို့ ရှမ်းလူထုအဖွဲ့အစည်းတွေက ပြောပါတယ်။
ကန်နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ ဒီနေ့မှာ မြန်မာစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးပြည်ထောင်စု ဝန်ကြီးနဲ့ တွေ့ဆုံပြီး မြန်မာကို ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေး GSP ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအပါအဝင် စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖို့အတွက်ရည်ရွယ်ပြီး အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအနေနဲ့ ရန်ကုန်မြို့မှာ ရုံးခွဲသစ်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်တော့မှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာန FAS က ပြောဆိုလိုက်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးက ခရိုင် ၃ ခုမှာ ကြိုတင်ကာကွယ်တာတွေ လုပ်ဖို့အတွက် အရေးကြီးအခြေအနေ အဖြစ် ထုတ်ပြန်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နဲ့လမ်းပမ်း ဆက်သွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ပြည်တွင်းဘဏ်နဲ့ ADB ပူးပေါင်းလုပ်ကိုင်မည်
မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်လုပ်ငန်းကို အားပြုပြီး အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ တိုးတက်ဖို့ ဆောင်ရွက် လိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီး က ပြောဆို လိုက်ပါတယ်။
ရွေးကောက်ပွဲစနစ်ဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့ IFES ကနေ ၂၀၁၅ ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေ မဲထည့်နိုင်အောင် ဆောက်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ဥက္ကဋ္ဌ ကိုနေလင်းစိုးကို ဒီမိုကရေစီဆု ချီးမြှင့်လိုက်ပါတယ်။ ကိုနေလင်းစိုးကို VOA ရန်ကုန်ရုံးက မသိင်္ဂ ီလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအနှံ့မှာရေလွှမ်းမိုးနေတာကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၆ ခုမှာ လူဦးရေ ၁ သိန်းနီးပါးပြောင်းရွှေ့နေထိုင်နေရတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနကပြောဆို လိုက်ပါတယ်။
NLD အစိုးရဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီး ဘက်ညီမျှတစွာ တိုးတက်ရေး၊ အားလုံးပါဝင်ရေးနဲ့ အလုပ်အကိုင်ရရှိရေး စတာတွေကို အခြေခံတဲ့ စီးပွားရေးမူဝါဒ ၁၂ ချက် ကို ဒီနေ့ နေပြည်တော်မှာ ထုတ်ပြန်လိုက်ပြီး ဒီမူဝါဒတွေကို အမှန်တကယ် အကောင်အထည်ဖော်နိုင်အောင် တိုင်းနဲ့ ပြည်နယ်အလိုက် စီမံကိန်းတွေ ဆက်ပြီး ရေးဆွဲသွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးသန်းမြင့်က ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်ကလည်း အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ရပ်ဆိုင်းခံရတာ မဟုတ်တဲ့အတွက် လက်ရှိ ရန်ကုန်မြို့မှာရှိတဲ့ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အထပ်တွေ လျော့ချခံရတာနဲ့ ပတ်သက်လို့ အစိုးရ၊ လွှတ်တော်၊ စိစစ်ရေးကော်မတီ နဲ့ လုပ်ငန်းရှင်တွေကြား တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်လိုက်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး ၉ ယောက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရန်ကုန် မြို့လည်က အတွင်းဝန်များရုံးနေရာကို မကြာခဏ လေ့လာခွင့်ရဖို့ ပြည်သူတွေ မျှော်လင့်နေကြတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက မြန်မာတခွင်အစီအစဉ်ကနေ တင်ပြထားပါတယ်။
ချင်းတွင်းမြစ်ရေဟာ နောက် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ် အထက် မြင့်တက်နေမှာဖြစ်ပြီး ငဝန်မြစ်ရေဟာလည်း စိုးရိမ်ရေမှတ်မှာ ဆက်ရှိနေမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
၂၀၁၅ ခုနှစ်တုန်းက ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်တဲ့ လမ်း၊တံတားတွေ တည်ဆောက်ဖို့ ကမ္ဘာ့ဘဏ်အနေနဲ့ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးသွားမှာဖြစ်ပါတယ်
"ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်နိုင်ဖို့ စိန်ခေါ်မှုတွေရှိနေတာကိုလည်း တွေ့ရပါတယ်။ ဒီ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက်ကတော့ အပြုအမူနဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်ပါတယ်။ ဒီပြောင်းလဲမှုအတွက် အချိန်ယူရမယ်ဆိုပေမယ့် ဦးစားပေးဖို့ အရေးကြီးပါတယ်။"
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee ဟာ ဒီကနေ့မှာတော့ လွှတ်တော်တွင်းက အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင်၊ လွှတ်တော်ရဲ့ လုပ်ငန်းတွေကို ဆွေးနွေးကြပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီကနေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံအတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အခြား ဝန်ကြီးဌာန ၂ ခုကို သွားရောက်ပြီး ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းစဉ်တွေကိုလေ့လာခဲ့ပါတယ်။
ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ပြည်နယ်တွေမှာ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာခဲ့တဲ့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ ရန်ကုန်မြို့ အင်းစိန်ထောင်ကို သွားရောက်လေ့လာခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်