မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာ ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း နဲ့ ကျောက်တော် မြို့နယ်တွေက ဒုက္ခသည်တွေဆီကို သွားရောက်ခဲ့ပါတယ်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး အစိုးရသစ်လက်ထက်မှာ လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေး ခဲ့ဲ့ပါတယ်။
“Ms. Yanghee Lee က မြန်မာနဲ့ပတ်သက်ပြီးတော့ အမြဲတမ်းသူက report တွေရေးတယ်၊ အကြံပြုချက်တွေ ရှိတယ်။ ဆိုတော့ ဒီ အကြံပြုချက်တွေကိုပဲ အဓိကထား အခြေခံ ပြီးတော့ ဆွေးနွေး သွားပါတယ်။”
အာရှဖွံ့ဖြိုးရေးဘဏ် ADB အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်လာဖို့အတွက် နှစ်စဉ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ အထိ ငါးနှစ်စီမံကိန်းနဲ့ ချေးငွေချပေးသွားမယ်လို့ ADB ဥက္ကဌ Takehiko Nakao က ပြောဆိုလိုက်ပါတယ်။
ဇွန်လ ၁၀ ရက်နေ့ကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်နေရာ အနှံ့မှာ ရေလွှမ်းမိုး ခဲ့ပြီးလူနေအိမ် ၁၅၀ ကျော် ပျက်စီးပြီးလူ ၆ ဦးသေဆုံးခဲ့ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့က ချပေးတဲ့ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေ အတွက် အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေ ကျပ် ဘီလီယံ ၂၀ကို အရေးပေါ် အခြေအနေ အတွက် သီးသန့်အသုံးပြုသွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို အတန်အသင့်ဖြေလျှော့လိုက်ပေမယ့်လည်း အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ အလုပ်လာလုပ်ဖို့အတွက် စိန်ခေါ်မှုတွေအများကြီးရှိနေသေးပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကို သိသိသာသာကူးပြောင်းနေပြီး ထင်ရှားတဲ့ တိုးတက်မှုတွေ ရှိနေတာကြောင့် အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ကို ဖြေလျော့ပေးလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။
စစ်ကိုင်းမှာ ၁ ယောက်၊ ရွှေဘိုမှာ ၁ ယောက်၊ မုံရွာမှာ ၃ ယောက်၊ ကန့်ဘလူမှာ ၁ ယောက်၊ အဲဒါတွေက သေဆုံးတာ။ မန္တလေးမှာဆိုရင် ကျောက်ဆည်မြို့နယ်တွင်းက ရေသယောက်ရွာမှာ ၆ ယောက်...
ဒီနေ့ ၂၀၁၆ ခုနှစ် မြေကမ္ဘာနေ့မှာတော့နိုင်ငံပေါင်း ၁၆၀ ကျော်က ပဲရစ်သဘောတူစာချုပ်ကို အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂရုံးချုပ်မှာ စတင် လက်မှတ်ရေးထိုးကြမှာဖြစ်တာကြောင့် ဒီနေ့ဟာ အရေးကြီးတဲ့နေ့တစ်နေ့လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေက သတ်မှတ်ကြပါတယ်။
အစိုးရသစ် လက်ထက်မှာ သောက်သုံးရေပြတ်လပ်တဲ့ ဒေသတွေ အတွက် ရေရရှိဖို့ ရက် ၁၀၀ စီမံချက်ရေးဆွဲထားပြီးမေလ အတွင်း ပြီးစီးအောင် လုပ်သွားဖို့ ရှိတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနကပြောဆို လိုက်ပါတယ်။
ဒီမိုကရေစီထွန်းကားရေးနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာမှုရှိလာစေဖို့အတွက် အားပေးကူညီသွားမယ်လို့ အမေရိကန်ဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် တာဝန်ယူရတော့မယ့် Scott Marciel က ပြောဆိုသွားပါတယ်။
“ဒီ ပဲခူး Segment နောက်ဆုံးလှုပ်ခဲ့တာက ၁၉၃၀ ။ ကျနော်တို့ဒီ နောက်ဆုံး information တွေရော၊ estimate parameter တွေရောသုံးပြီးတော့ ကျနော်တို့ predication လုပ်တဲ့အခါကျတော့ ပြန်လှုပ်ဖို့ လှုပ်မယ်ဆိုရင် လှုပ်ဖို့ chance များလာတယ်ပေါ့။”
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းလောက်က ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့အနီး မြစ်ကမ်းဘေး တလျှောက်မှာ ရုတ်တရက်မြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဘေးသင့်ပြည်သူလူထုနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ လျင်မြန်စွာ ပြန်လည်ထူထောင်နိုင်ရေး အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီက အမေရိကန်ဒေါ်လာ ငါးသန်း ကူညီထောက်ပံံ့မည်။
Scot Marciel ဟာ အာရှရေးရာကျွမ်းကျင်သူတစ်ဦးလည်းဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ပါဝင်ကူညီဖို့လည်း မျှော်လင့်တယ်လို့ နိုင်ငံခြားရေး ဒုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
"အာဏာခွဲဝေမှုအပိုင်းကို စနစ်ကျစေဖို့ဆိုရင် အားကောင်းတဲ့ တရားရေးမဏ္ဍိုင်ရှိပြီး လွတ်လပ်စွာ တရားစီရင်ဖို့ လိုအပ်ပါတယ်။"
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံကို မနေ့ကပဲ ရောက်လာတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ပြောကြားလိုက်ပါတယ်။
သူရဦးရွှေမန်း ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပြင်ဆင်မှုတွေ စတင်နေပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်