အောက်တိုဘာ ၁၇၊ ၂၀၂၁ - NCA အပစ်ရပ်သဘောတူညီချက် ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲတွေကို စစ်ကောင်စီနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ကြေငြာထားပေမယ့် လက်ရှိအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်သူတွေကြား ဆွေးနွေးညှိနှိုင်းသွားမှာ ဖြ
လာမယ့် ထိပ်သီးဆွေးနွေးပွဲအတွက် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်ကို မဖိတ်ဖို့ အာဆီယံ ဆုံးဖြတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတချို့ အမှုနဲ့ပတ်သက်ပြီး ပြောဆိုခွင့် စစ်ကောင်စီ ပိတ်ပင်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦးတို့ စုစည်းတင်ပြထားပါတယ်။
မြန်မာနဲ့နယ်စပ်၊ တရုတ်နိုင်ငံ ရွှေလီမြို့မှာ မြန်မာနိုင်ငံသားတွေဖွင့်ထားတဲ့ အစားအသောက်ကအစ ကျောက်မျက်ရတနာလိုဆိုင်မျိုးတွေအများအပြားရှိနေပြီး အခုတော့ မြန်မာနာမည်ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့နဲ့လုပ်ငန်းလိုင်စင်ယူဖို့ တရုတ်အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
မြန်မာနိုင်ငံအနောက်မြောက်ဘက် အိန္ဒိယနိုင်ငံကနေ အရှေ့မြောက် တရုတ်နိုင်ငံအထိပေါက်တဲ့ ကချင်ပြည်နယ်ထဲက ဖားကန့်မြို့နယ်နဲ့ တနိုင်းမြို့နယ်အစပ်ဒေသက လီဒိုလမ်းမကြီးပေါ်မှာ စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးမှာ ဒီကနေ့မနက်လည်း စစ်ကောင်စီနဲ့ KIA အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ဝါရာဇွပ်ကျေးရွာအတွင်းကို လက်နက်ကြီးကျည် ကျတာကြောင့် ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မြန်မာစစ်ကောင်စီဘက်က တနိုင်ငံလုံးအတိုင်းအတာ စစ်ရေးလှုပ်ရှားမှုတွေကို နောက်ထပ် ငါးလ ထပ်မံတိုးမြှင့်ကြေညာတဲ့အပေါ် NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ကြိုဆိုလိုက်ပြီး တဆက်တည်းမှာပဲ NCA လိုက်နာဖို့ လိုအပ်ကြောင်း ထောက်ပြလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်က ဒွမ်ဘန်ရွာအနီးမှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုတွေ ဆက်လက်ရှိနေသလို ခွန်ဆိုင်ယန်ရွာက စစ်ရှောင် ၄၀၀ လောက်ဟာလည်း လဝါးရွာမှာပဲ ဆက်လက် တိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်က လဝါးကျေးရွာအနီးမှာ ဒီမနက် စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတကြိမ် ဖြစ်ခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာလည်း ရှမ်းနဲ့ တအာန်း(ပလောင်) တိုင်းရင်းသား လက်နက်ကိုင်တွေအကြားမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်က အကျဉ်းထောင်တွေမှာ ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးခံထားရ သူ ၂၀၀ကျော်အထိရှိနေတာပါ။ အဲဒီထဲကတစ်ချို့ကို ဒီလအတွင်းမှာပဲ ပြန်လွတ်ပေးခဲ့ပြီး အများစုကတော့ နှစ်နဲ့ချီပြီး အမှုရင်ဆိုင်နေကြ ရ။
အမျိုးသားညီညွှတ်ရေးအစိုးရ NUG က D-Day ပြည်သူ့တော်လှန်ရေးနေ့ ကြေညာလိုက်မှု ပြည်တွင်း၊ ပြည်ပတုန့်ပြန်ချက်များ၊ စစ်အာဏာရှင်တော်လှန်ရေး လုပ်ဆောင်မှုတွေ ၊ ပြီးတော့ ကုလသမဂ္ဂအစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးမယ့်အစီအစဉ်၊ ဒီလိုတပတ်အတွင်း သတင်းစုစည်းမှုကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။
မြန်မာနိုင်ငံတဝန်း လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်လာမှာ စိုးရိမ်မှုတွေရှိနေကြချိန်မှာပဲ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ တက်သွားခဲ့ပါတယ်။ ရွှေဈေးကွက် စဖွင့်ချိန်မှာ အကယ်ဒမီအခေါက်ရွှေ တကျပ်သားကို ကျပ် ၁၈ သိန်းနဲ့ ဈေးကို စဖွင့်ပါတယ်။ နောက်ပိုင်းအရောင်းအဝယ်လုပ်ချိန်မှာ ၁၈ သိန်းကျော်နဲ့ အရောင်းအဝယ်လုပ်ခဲ့ကြပါတယ်။
လူသားချင်းစာနာတဲ့ အကူအညီပေးနိုင်ရေးအတွက် အာဆီယံအထူးသံတမန်က ၄ လတာအပစ်အခတ်ရပ်စဲဖို့ စစ်ကောင်စီကို တောင်းဆိုတဲ့အပေါ် TNLA တအန်း(ပလောင်)အဖွဲ့က အပြုသဘောနဲ့ ကြိုဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုအကူအညီတွေပေးလုပ်ငန်းတွေ ထိခိုက်နေတဲ့အတွက် နိုင်ငံတကာရဲ့စိုးရိမ်မှု တိုးလာပါတယ်။ စစ်တပ်ကို အကူအညီပေးနေတဲ့ ဦးတေဇနဲ့ ထူးကုမ္ပဏီကို ဗြိတိန်က ပစ်မှတ်ထားဒဏ်ခတ်လိုက်ပါတယ်။ ဒီလို တပတ်အတွင်း သတင်းစုစည်းမှုကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦး ဆက်ပြောပြပါမယ်။
ချင်းပြည်နယ်၊ မင်းတပ်-မတူပီလမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ မင်းတပ် CDF တို့ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးပြီး ၁ ဦးကို CDF ဘက်က လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ CDF ဖက်က ပြော
အမေရိကန်နိုင်ငံ၊ အရှေ့ပိုင်းဒေသစံတော်ချိန် မနက် ၁၀ နာရီမှာလုပ်မယ့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံအခြေအနေဆိုင်ရာ ဆွေးနွေးဖို့ရှိတယ်ဆိုတာ လုံခြုံရေးကောင်စီ အစည်းအဝေးအစီအစဉ်ကို ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အင်တာနက်စာမျက်နှာမှာ တွေ့ရ
လူမှုဖူလုံကြေးပေးသွင်းထားတဲ့ အစိုးရ၊ ပုဂ္ဂလိက အလုပ်သမားတွေကို COVID ကာကွယ်ဆေး စထိုးပေးနေပြီလို့ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ဗွီအိုအေကို ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး ဖမ်းဆီးတာ၊ ပစ္စည်းတွေ လုယက်ဖျက်စီးတာ၊ ဆိုင်ကယ်လ်တွေ မီးပုံရှို့တာ စတဲ့လုပ်ရပ်တွေကို လုပ်နေကြပြီး ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရအောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နိုင်ငံအရေးဖြေရှင်းဖို့အတွက် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ဘရူနိုင်းနိုင်ငံက ဘရူနိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးကို မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တဲ့အပေါ် မြန်မာ စစ်ကောင်စီဘက်က လက်ခံလိုက်ပေမယ့် မြန်မာနိုင်ငံရေးမှာ ထူးထူးခြားခြား တိုးတက်တာ မရှိနိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကနီနယ်ထဲ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တွေ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း ဖမ်းဆီးခံရသူတွေကိုလည်း အလောင်းပဲ ပြန်ရနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့အနီးအနား ဒေသခံအများအပြားလည်း ထွက်ပြေးနေရသလို အကူညီတွေလည်း လိုအပ်နေပါတယ်။
မြန်မာအကျပ်အတည်းပြေလည်ရေး နိုင်ငံတကာကူညီနိုင်မယ့်နည်းလမ်းတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ် လုံးဝလက်ခံနိုင်စရာ မရှိဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ဒီလို သီတင်းပတ်တွင်း သတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦးတို့က တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်