ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ ပူးပေါင်း PDF တပ်ဖွဲ့တွေကတဖက် စစ်ကောင်စီတပ်ဖွဲ့တွေကတဖက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာက စစ်ပြေးဒုက္ခသည် ၁၀၀၀ လောက် တာမခန်ရွာဘက်ကို တိမ်းရှောင်နေပြီး နေထိုင်ရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုရဲမွန် ပြောပြပါလိမ့်မယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေရပြီး အရပ်သား ကလေးငယ် ၁ ဦး လက်နက်ကြီး ထိမှန်ခဲ့ပါတယ်လို့ သိရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်း ကိုရဲမွန် ကပြောပြပါမယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ နိုင်ငံရေးပဋိ့ပက္ခ အခြေအနေတွေကြောင့် ရွှေ့ပြောင်းနေထိုင်သူဦးရေဟာ ၁ သန်းကျော်သွားပြီလို့ UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ စစ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၇၆၀,၀၀၀ နီးပါးလည်း ပါဝင်တယ်လို့ ဖော်ပြပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မှော်စီစာနဲ့ လုံးခင်းကျေးရွာအစပ်နားမှာ လက်နောက်ပြန်ကြိုးတုတ်ပြီး ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ အမျိုးသား ၃ဦး ရုပ်အလောင်းကို ဒီကနေ့ မနက်အစောပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်က ကိုင်းလယ်ရဲစခန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ၂ ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ရဲတပ်သား တဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အခြေအေနေတွေကို ကိုရဲမွန် ကပြောပြပါမယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေကို ကြာသပတေးနေ့မှာ စတင်ဖွင့်လှစ်ခဲ့ ပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် မဖွင့်နိုင်သေးတဲ့ စာသင်ကျောင်းပေါင်း ၁၀၀ ကျော်အထိ ရှိနေပါတယ်။ အဲဒီကျောင်းတွေဟာ မွတ်ဆလင် အများဆုံး တက်ရောက်တဲ့ ကျောင်းတွေဖြစ်ပါတယ်။
စစ်ကောင်စီက မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေက တချို့နေရာတွေမှာ နယ်မြေရှင်းလင်းရေး တွေ လုပ်နေပြီး မကွေးတိုင်း လက်ယက်မ ကျေးရွာ မှာတော့ စစ်ကောင်စီတပ်တွေ ပြန်ထွက်ခွါသွားချိန်မှာ မီးလောင်သေဆုံးနေတဲ့ ရွာသားတွေရဲ့ ရုပ်အလောင်းတွေ တွေ့ရတယ်လို့ ရွာခံတွေက ပြောပါတယ်။ ကိုရဲမွန် ကေ ပြာပြပေးမှာပါ။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ထဲမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ ကင်းမကျေးရွာနားမှာ ဧပြီ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ရွာလုံးကျွတ်နီးပါး နေအိမ်တွေမီးလောင်ထားတဲ့ ကင်းမရွာက ကျန်နေတဲ့ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေမှာ စစ်ကောင်စီက တပ်စွဲထားတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေပါတယ်။ ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာမှာ ထွက်ပြေးပုန်းခိုနေကြရပါတယ်။ ပေါက်တောင်ပိုင်းဘက်က အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း ကိုရဲမွန် ကပြောပြပါမယ်။
ရှမ်းပြည်နယ်တောင်ပိုင်း စစ်ရေးအရအချက်ချာကျတဲ့ နယ်မြေတချို့ကို တပ်နောက်ဆုတ်ပေးဖို့ စစ်ကောင်စီနဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSAကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံစဉ်တောင်းဆိုချက်ကို SSPPဘက်က လက်မခံဘူးလို့ SSPPဘက်ကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုရဲမွန် ကပြောပြပေးမှာပါ။
UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာဒေသမှာ ကိုဗစ်ကပ်ရောဂါကြောင့် မလိုအပ်ရင် အိမ်ပြင်မထွက်ရ Lockdown ကန့်သတ်ချက်တွေကို ရက်တိုးလိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုရဲမွန် ပြောပြမှာပါ။
မြန်မာလုပ်သား အများအပြားကို ခေါ်ယူဖို့ ထိုင်းအစိုးရက မကြာသေးခင်က ကမ်းလှမ်းပြီးတဲ့နောက် လုပ်သား ၂,၀၀၀ ဝန်းကျင်ကို သင်္ကြန်မတိုင်ခင် စေလွှတ်သွားမယ်လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတချို့က ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်း ကိုရဲမွန် က ပြောပြမှာပါ။
စစ်ကိုင်းတိုင်းဒေသကြီးထဲက စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတဲ့ ကနီနဲ့ မင်းကင်းတို့မှာ နေအိမ်တွေ ထပ်ပြီး မီးရှို့ခံရပါတယ်။ ကနီဘက်မှာလည်း တနင်္လာနေ့အထိ တိုက်ပွဲတွေဖြစ်နေပါတယ်။ ယင်းမာပင် ဘက်မှာလည်း စစ်ရေးတင်းမာနေပြီး စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပါတယ်။
မကွေးတိုင်းထဲမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ နှမ်းခါးကျေးရွာက ပြည်သူတွေ ဆေးဝါး အကူအညီ လိုအပ်နေကြပါတယ်။ ဆောမြို့နယ်မှာဆိုရင်လည်း ဆေးဝါးသယ်ဆောင်ဖို့ ဒေသခံတွေအနေနဲ့ ရဲစခန်းက ထောက်ခံစာတောင်း နေကြရပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကတင်ပြပါမယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မှာ ဖေဖော်ဝါရီ ၇ ရက်က စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် ရှင်းလင်းပြီး တပ်တွေကို ဖြန့်ချခဲ့ပါတယ်။ ဒါကြောင့် အနားက ဒေသခံတွေ စိုးရိမ်ပြီး ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ မင်းကင်းနယ်ဘက်က အခြေအနေကို ကိုရဲမွန် ကပြောပြပါမယ်။
တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့ ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်ကနေ ကုန်တင်မယ့် မြန်မာကုန်သည်တွေအားလုံးကို ဖေဖော်ဝါရီ ၁ရက်ကစပြီး ယွမ်ငွေနဲ့ အခွန်ဆောင်ရမယ်လို့ တရုတ်အကောက်ခွန်ဘက်က သတ်မှတ်လိုက်ပါတယ်။ ပြည်တွင်းက ပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုရဲမွန် က ပြောပြပေးမှာပါ။
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ကြားမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေကြောင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန်ကပြောပြပါမယ်။
မကွေးတိုင်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ဒေသခံတွေရဲ့ လက်ယက်ရေနံတွင်းတွေကိုပါ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝင်ငွေအတွက် အားထားနေရတဲ့ လက်ယက်ရေနံတွင်းတွေ ဖျက်ဆီးခံရလို့ ဒေသခံတွေ ဒုက္ခရောက်နေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန်ကပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်