ICC ခေါ် နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ တရားရုံး ရှေ့နေ Fatou Bensouda က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ICC က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ အပတ်က ICC တရားသူကြီးတွေက သူ့ကိုအခွင့်အာဏာပေးအပ်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
ရုပ်ရှင်ထဲမှာမဟုတ်ဘဲ တကယ့် Iron Man သံမဏိ လူသားတဦးကတော့ Jet engine ဝတ်စုံကို ဝတ်ဆင်ပြီး ဝေဟင်ထဲ ပျံသန်းပြခဲ့ပါတယ်။ ဗြိတိသျှလူမျိုး Richard Browning ဟာ ဗြိတိန်နိုင်ငံ ကမ်းခြေတခုအနီး မြန်နှုန်းမြင့် လေထဲ ပျံဝဲပြသခဲ့တာမှာ Guinness ကမ္ဘာ့ စံချိန်တင်သွားခဲ့ပါတယ်။ ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။
(Zawgyi/ Unicode) နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံ တရားစွဲဆိုခံရမှုက ဘယ်လောက် ထိခိုက်နိုင်ပါသလဲ ဆိုတာကို George Washington တက္ကသိုလ် နိုင်ငံတကာ ရေးရာ ပါမောက္ခ Christina Fink၊ နောက် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး အကြီးအကဲဟောင်း Priscilla Clapp တို့ရဲ့ အမြင်တွေကို စုစည်းတင်ပြထားပါတယ်။
အစ္စရေးတို့က ဂါဇာကမ်းမြှောင်ဒေသက Islamic Jihad စစ်သွေးကြွအဖွဲ့ရဲ့ အဆင်မြင့် ခေါင်းဆောင်တစ်ဦးကို လေကြောင်းကနေ တိုက်ခိုက် လုပ်ကြံ သတ်ဖြတ် လိုက်တာကြောင့် အဲဒီ အဖွဲ့က ရော့ကက် ဒုံး ၁၅၀ ကျော် ပစ်လွှတ်ပြီး အစ္စရေးကို လက်တုံ့ ပြန်နေပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တူရကီ နှစ်နိုင်ငံအကြား ဆက်ဆံရေး မပြေမလည် ဖြစ်နေချိန်မှာ တူရကီ သမ္မတ Erdogan ဟာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဖို့ ဝါရှင်တန်ဒီစီကို ဒီ တစ်ပတ်ထဲ လာရောက်ဖို့ ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတကိုယ်စား အဆင့်နိမ့်ကိုယ်စားလှယ်အဖွဲ့သာ စေလွှတ်ခဲ့တာကြောင့် ဒေသတွင်းကိစ္စတွေမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်လိုစိတ် နည်းပါးသွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ Patsy Widakuswara သတင်းပေးပို့ချက်ကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။
(Zawgyi/ Unicode) အင်ဒို-ပစိဖိတ်ဒေသ အနာဂတ် ကြီးပွားတိုးတက်ရေး အမေရိကန်ရဲ့ ကတိကဝတ်ပြုမှုဆိုင်ရာ စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သမ္မတထရမ့်ရဲ့အစိုးရက အရှေ့တောင်အာရှမှာ ပြုလုပ်တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကို အဆင့်နိမ့် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကိုသာ စေလွှတ်ခဲ့ပါတယ်။
ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့က ဖိအား တစ်စုံတစ်ရာ ပေးမှာ မဟုတ်သလို အကူအညီလည်း ရနိုင်မှာ မဟုတ်ကြောင်း နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။
( Zawgyi/ Unicode ) " အခုလောလောဆယ်မှာတော့ ကျမတို့ရဲ့ ဒီမိုကရေစီစနစ်က မပြည့်စုံ သေးပါဘူး။ ရွေးကောက်မခံရဘဲ ရှိနေတဲ့ လွှတ်တော်ထဲက ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းက သိပ် ထင်ရှားတဲ့ ဥပမာတစ်ခုပါ။"
အမေရိကန်က Afghanistan ရောက် သူတို့ရဲ့တပ်ဖွဲ့တွေကို တိတ်တဆိတ် ပြန်လည် ရုပ်သိမ်းနေပါတယ်။ အရင်က အာဖဂန် မှာ အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၁၄၀၀၀ လောက် ခဲ့တဲ့အနက် အခုလောလောဆယ် အာဖဂန်မှာ လက်ရှိ အမေရိကန် တပ်ဖွဲ့အင်အား ၁၂၀၀၀ လောက် ကျန်ရှိနေပါတယ်။
လာမယ့်နှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေး ကျဆင်းမယ်လို့ ကမ္ဘာ့ ဘဏ်ကရော၊ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) တို့ကပါ သတိပေးခဲ့ ပါတယ်။
တရုတ်နိုင်ငံ အကူအညီနဲ့ ဟိမဝန္တာတောင်တန်းကို ဖြတ်ကျော် ဖောက်လုပ်မယ့် ရထားလမ်း တည်ဆောက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ တာကြောင့် ဒေသအတွင်း တရုတ်နိုင်ငံရဲ့ သြဇာ လွှမ်းမိုးမှု ပိုကြီးမားလာမှာဖြစ်ပါတယ်။
ဆီးရီးယားမှာ အမေရိကန်တပ်တွေရဲ့ လုပ်ငန်းတာဝန်တွေ ပြီးဆုံးသွားပြီလို့ သမ္မတ Donald Trump က ပြောပါတယ်။ ဆီးရီးယားမြောက်ပိုင်း တိုက်ပွဲတွေကြောင့် လူသားချင်းစာနာမှု အကျပ်အတည်းကြီးတရပ် ရင်ဆိုင်ရနိုင်တယ်လို့ ကုသလမဂ္ဂအဖွဲ့အစည်းတွေက သတိပေးနေပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုရဲမင်းထွန်း ပြောပြပါမယ်။
တရုတ်ကွန်မြူနစ်ပါတီဟာ သြစတြေးလျနိုင်ငံရဲ့ အတွေးအခေါ် တန်ဖိုးတွေနဲ့ မလျော်ညီတဲ့ အပြုအမူတွေလုပ်နေတယ်လို့ စွပ်စွဲလိုက်ပြီး သြစကြေးလျတက္ကသိုလ်တွေမှာ ပြည်ပဝင်ရောက်စွက်ဖက်တာတွေ၊ Cyber ထောက်လှမ်းရေးလုပ်တာတွေကို တန်ပြန်လုပ်ဆောင်သွားမယ်လို့လည်း ပြည်ဝထဲရေးဝန်ကြီး Peter Dutton က သတိပေးလိုက်ပါတယ်။
ဆန္ဒပြပွဲတွေနဲ့ မငြိမ်မသက်မှုတွေ ဆက်လက် ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခက်ကြုံနေရတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ တရုတ်ပြည်မကြီးရဲ့ အကူအညီကို ရယူဖို့အချက်ကိုလည်း ပစ်ပယ်မထားဘူးလို့ ဆိုပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီသမ္မတလောင်းအဖြစ် သူ့ကိုစိမ်ခေါ်လာမယ့် Joe Biden အပေါ်စုံစမ်းစစ်ဆေး ကြဖို့ သမ္မတ Donald Trump က နိုင်ငံခြား အစိုးရတွေကို တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် မြန်မာအစိုးရက အမေရိကန်က အမြဲတမ်းနေထိုင်ခွင့်အတွက် ထုတ်ပေးတဲ့ Green Card နဲ့ ဆင်တူတဲ့ NVC လို့ခေါ်တဲ့ ကတ်တွေ ထုတ်ပေးမယ်၊ စိစစ်ပြီးတဲ့အခါ NID ကတ်တွေ ထုတ်ပေးမယ်လို့ သဘောတူလိုက်ပြီဖြစ်ကြောင်း ပြောလိုက်ပါတယ်။
တရုတ်ပြည်မကြီးမှာ ကွန်မြူနစ်ပါတီ အုပ်ချုပ်မှု အနှစ် ၇၀ ပြည့်မြောက်တဲ့ အခမ်းအနား ကျင်းပနေစဉ် တရုတ်နိုင်ငံ တစည်းတစ်လုံး တည်းဖြစ်ရေး သမ္မတ ရှီက ပြောကြားတဲ့ တစ်ရက်တည်းမှာ ဟောင်ကောင်မှာ ဆန္ဒပြသူတွေကတော့ ဗဟိုအစိုးရက တင်းတင်းကျပ်ကျပ် အုပ်ချုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အမြင်နဲ့ ဆန္ဒပြပွဲတွေကို ဆက်လက်လုပ်နေပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကို တရားစွဲဆို အရေးယူဖို့ စတင် လုပ်ဆောင်တော့မယ် ဆိုတဲ့ အောက်လွှတ်တော် လူများစု ခေါင်းဆောင် ဒီမိုကရက် အမတ် နန်စီ ပီလိုစီရဲ့ ဆုံးဖြတ်ချက်ဟာ သမ္မတ ဒေါ်နယ်ထရမ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်တဲ့အခါ ကြုံတွေ့ရမယ့် မသေချာမရေရာမှု အခြေအနေတွေကို ပိုမို ရှုပ်ထွေးသွားစေခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးအင်အားကို သမ္မတ Doanld Trump က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားတဲ့မိန့်ခွန်းမှာ အမွှန်းတင် ပြောဆိုသွားပါတယ်။ ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားရေးဆိုင်ရာ မူဝါဒတွေကိုလည်း ကာကွယ်ပြောသွားပါတယ်။ Jeff Custer ပေးပို့တဲ့သတင်းကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်