ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်တားဆီးရေး အသွားအလာတွေ ပိတ်ပင်ထားတာကြောင့် အင်ဒိုနီးရှား ပြည်သူတစ်ချို့ အလုပ်လက်မဲ့ ဖြစ်ကြရပါတယ်။ အဲဒီလို အလုပ်ပြုတ်သွားသူတွေကို အင်ဒိုနီးရှား အစိုးရက ဆန် အခမဲ့ ဝေငှပေးနေပါတယ်။ အခမဲ့ပေးတဲ့ ဆန်တွေကို ATM စက်က ငွေထုတ်ပေးသလိုမျိုး ဆန်ကို ချိန်ပြီးထုတ်ပေးတဲ့စက်နဲ့ ပေးဝေနေတာပါ။
ဒီတပတ်ထဲ ကမ္ဘာမြေကပေးပို့တဲ့ ရိက္ခာပစ္စည်းတွေ နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီသတင်းနဲ့အတူ ထူးခြား တဲ့ တစ်ခြားသတင်းတစ်ခုကတော့ Hubble အာကာသ မှန်ပြောင်းကြီး အာကာသထဲ ရောက်နေတာ နှစ်ပေါင်း ၃၀ ပြည့်ခဲ့ တာပါ။ Arash Arabasadi ပေးပို့တဲ့ သတင်းကို ကျွန်တော် ရဲမင်းထွန်း ပြောပြပါမယ်။
Joe Biden ကို ဒီမိုကရက်တစ် ပါတီက ထောက်ခံမှု အပြည့်အဝ ပေးထားပေမဲ့ Progressives လို့ခေါ်တဲ့ လက်ဝဲယိမ်း တိုးတက်ရေးဝါဒီတွေဘက်က ဖိအားပေး တာတွေ၊ လိင်ပိုင်းဆိုင်ရာ မတောမတရားလုပ်ခဲ့တယ်ဆိုပြီး Biden စွပ်စွဲခံထားရတာနဲ့ တသီးပုဂ္ဂလ သမ္မတလောင်းတစ်ဦး ပေါ်လာတွေက ထောက်ခံမဲတွေကွဲကုန်မလားဆိုပြီး စိုးရိမ်နေပါတယ်။
COVID-19 ကူးစက်ရောဂါ ဖြစ်ပွားပုံနဲ့ ကိုင်တွယ်ပုံတွေအပေါ် အမေရိကန်နဲ့ တရုတ် ထိပ်တန်းတာဝန်ရှိသူတွေအကြား အပြန်အလှန် ပြစ်တင်ပြောဆိုနေကြပါတယ်။
COVID 19 လူနေတွေကို remdesivir လို့ခေါ်တဲ့ ဆေးနဲ့ အရေးပေါ် ကုသပေးဖို့ အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေး ဌာန (FDA) က ခွင့်ပြုလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့သတင်းကို ပြောပြပါမယ်။ ကျွန်တော် ရဲမင်းထွန်း ပါ။
ဥရောပနိုင်ငံ တစ်ချို့က အသွားအလာကန့်သတ်ထားတာတွေ ဖြေလျှော့ပေးလိုက် ပါတယ်။ COVID 19 ကပ်ရောဂါ ကို တုန့်ပြန်ပုံချင်း မတူတာကြောင့် တစ်ချို့နိုင်ငံတွေမှာ ကူးစက်မှုနဲ့ သေဆုံးနှုန်းကို လျှော့ချနိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ချိန်မှာ တစ်ချို့မှာတော့ လူ ရာနဲ့ချီ အသက်ဆုံးရှုံးနေရတုန်းပါ။
ကျန်းမာရေးလုပ်သားတွေအတွက် သန်းနဲ့ချီတဲ့ငွေတွေ အလှူငွေကောက်ခံပေးခဲ့တဲ့ ဗြိတိန်နိုင်ငံက စစ်မှူထမ်းကြီး တဦးအကြောင်း Henry Ridgwell ရဲ့ သတင်းလွှာကို ကိုရဲမင်းထွန်းပြောပြပါလိမ့်မယ်။
ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အခံရဆုံးဖြစ်တဲ့ စောပေါ်လိုမြို့က လမ်းတွေပေါ်နဲ့ အများပြည်သူ သွားလာ အသုံး ပြုတဲ့နေရာတွေကို ပိုးသတ်ဆေးတွေ ဖျန်းပြီး ရောဂါပိုး ကင်းရှင်းအောင် ဆောင်ရွက်ဖို့ ဘရာဇီးလ် စစ်တပ်က အကူအညီ ပေးနေ ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေကလည်း အိမ်တိုင်ရာ ရောက် ဆေးစစ်ပေးနေပါတယ်။
ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကို ကာကွယ်ဖို့အရေး အစိုးရ အာဏာပိုင်တွေက မကြုံစဖူး ကန့်သတ်ချက်တွေချ မှတ်နေကြပါတယ်။ အရေးပေါ် အခြေအနေကို အခွင့်ကောင်းယူပြီး တချို့ အစိုးရတွေ အာဏာအလွဲသုံးစား လုပ်မှာကိုတော့ လူ့ အခွင့်အရေး အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။Henry Ridgwell ပေးပို့တဲ့သတင်းကို ပြောပြပါမယ်
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် တည်ရှိဆဲ မညီမျှမှုတွေ ပိုပြီး ကြီးထွားလာဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီး Michelle Bachelet က သတိပေးလိုက်ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကူးစကေ်ရောဂါပျံ့နှံ့နေတာကြောင့် တိုင်းပြည် အကျပ်အတည်း ဆိုက်ရောက်နေချိန်မှာ အမေရိကန် စစ်တပ်ဟာ စမ်းသပ် ကိရိယာတွေ ပို့ဆောင်ပေးတာကအစ ဆေးရုံတွေ ဆောက်လုပ်ပေးတာအဆုံး ရှေ့တန်းကနေ ပါဝင်ကူညီနေပါတယ်။
အီတလီလူမျိုးတို့ အသဲစွဲ ဘောလုံးပွဲ တစ်ပွဲနဲ့ ကနဦး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုဖြစ်နိုင်ချေရှိတဲ့ နျူမိုးနီးယားရောဂါသည် လူနာတစ်ယောက်ကို ခြေရာ မခံ လိုက် နိုင်လိုက်တာကြောင့် အီတလီနိုင်ငံ အထိနာစေတဲ့ ကူးစက်ရောဂါကပ်ဘေးကြီးကို ကျ ရောက်သွားရတာလို့ ဒေသခံ အီတလီ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက စိုးရိမ်စရာတွေ ဆက်လက် ရှိနေသေးတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ပြောခွင့်ရ Ms. Aryani Manring က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် မြန်မာအစိုးရက ဝန်ခံပြောကြား ခဲ့တာက ၂၀၁၉ ခုနှစ်အတွင်း ထူးခြားမှုတခုလို့လည်း ပြောပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ ပျံ့နှံ့နေတာကို ထိန်းချုပ်ဖို့အရေး နိုင်ငံတော်တော်များများက ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်တွေ ချမှတ်ထားတာဟာ လေကြောင်းလိုင်းတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ဗီအိုအေ သတင်းထောက် Bill Gallo သတင်းပေးပို့ ထားတာကို ကိုရဲမင်းထွန်းက ပြောပြပေးပါမယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ ဝူဟန်မြို့က အခြေအနေကို ကိုရဲမင်းထွန်းက ပြောပြမှာပါ။
အာဖဂန်နစ္စတန်မှာ အလုံးစုံ ငြိမ်းချမ်းရေးကို ဦးတည်သွားစေမယ့် နည်းလမ်းတစ်ရပ်အနေနဲ့ အမေရိကန်နဲ့ တာလီဘန် တပ်ဖွဲ့တို့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ လျှော့ချသွားမယ့်စမ်းသပ်ကာလတစ်ခုကို မကြာခင်စတင်ဖို့ သဘောတူလိုက်ကြပါပြီ။ VOAသတင်းထောက် Artidta Dunellari ရဲ့ သတင်းပေးပို့ချက်ကို ကိုရဲမင်းထွန်း တင်ပြပါမယ်။
Coronavirus ပိုးကူးစက်မှုတွေကို ကာကွယ်ဖို့ ကမ္ဘာ့နိုင်ငံတွေဟာ နိုင်ငံရဲ့ဝင်ပေါက် ထွက်ပေါက်တွေမှာ ရောဂါ စောင့်ကြည့် စစ်ဆေး ရေးတွေ လုပ်ဆောင်နေရပါတယ်။ Coronavirus ကာကွယ်ရေး ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဘယ်လိုလုပ်ဆောင်နေပါသလဲ။ Muazzem Hossain Shakil သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြပေးပါမယ်။
အာဖရိကက တောရိုင်းတိရစ္ဆာန်တွေကို တိတ်တခိုး သတ်ဖြတ်ရောင်းစားနေသူ မုဆိုးတွေအတွက်တော့ ကြံ့ချိုတွေဟာ အဖိုးတန် ပစ်မှတ်တစ်ခုပါ။
တရုတ်နိုင်ငံထဲ ခရီးသွားလာရေးလမ်းကြောင်းတွေကို ပိတ်ပင်လိုက်တာဟာ တရုတ်နိုင်ငံထဲ မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေ သောင်တင်နေမယ့် အခြေအနေ ဖြစ်လာသလို မြောက်ကိုရီးယားက ထွက်ပြေးလာသူ အရေအတွက်လည်း သိသိသာသာ လျော့ကျသွားပါတယ်။ VOA သတင်းထောက် Bill Gallo သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက တင်ပြပါမယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့် နှံ့နေတာကြောင့် တရုတ်နှစ်သစ်ကူး ကုန်ဆုံးတဲ့ အခါမှာ တရုတ်နိုင်ငံတွင်းက စက်ရုံအလုပ်ရုံတွေ ပြန်ဖွင့်ပါ့မလားဆိုပြီး အမေရိကန်နိုင်ငံတွင်းက စီးပွားရေးလုပ်ငန်း တော်တော်များများက စိုးရိမ်နေကြပါတယ်။ VOA Michell Quinn သတင်းပေး ပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်