လူထုကျန်းမာရေးတာဝန်ရှိသူတွေက ကိုရိုနာရောဂါပိုးကာကွယ်ဖို့ အလုပ်များနေချိန် အမေရိကန်က တရုတ်နွယ်ဖွားတချို့အကြား စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံမှာစဖြစ်တဲ့ ဒီရောဂါပိုးကြောင့် တရုတ်နွယ်ဖွားတွေကို ကြောက်ရွံ့လာမှာစိုးရိမ်ကြတာပါ။ Michelle Quinn သတင်းပေးပို့ချက်ကို ကိုရဲမင်းထွန်း တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နဲ့ အမေရိကန် အသံလွှင့်သတင်းဌာန တစ်ခုတို့ ကြား ဖြစ်ပွားခဲ့တဲ့ အငြင်းပွားဖွယ် အင်တာဗျူးအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တုန့်ပြန်မှုက လွတ်လပ်တဲ့မီဒီယာလောကအတွက် စိုးရိမ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ VOA သတင်းထောက် Brian Padden ရဲ့ သတင်းလွှာကို ကိုရဲမင်းထွန်း တင်ပြပါမယ်။
ရေခဲဖုံးနေတဲ့ အန္တာတိကတိုက်ကို ကမ္ဘာ့ သတ္တမမြောက်တိုက်ကြီးအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ က ရှာဖွေတွေ့ရှိခဲ့ကြပြီးတဲ့နောက် နိုင်ငံပေါင်းစုံက ပိုင်နက်နယ်မြေရရှိဖို့ ကြိုးစားခဲ့ကြပါတယ်။
အမေရိကန် ပြည်ထောင်စုကို ကလေးမွေးဖွားဖို့ ရည်ရွယ်ချက်နဲ့ လာတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့အလည်ခရီး (Birth Tourism) ကို ရပ်ဆိုင်းပစ်နိုင်ဖို့ သမ္မတထရမ့် အစိုးရက ပြည်ဝင် ဗီဇာစည်းမျဉ်းသစ်တွေ ချမှတ်လိုက်ပြီဖြစ်ပါတယ်။ VOA သတင်းထောက် Ardita Dunellari ရဲ့ သတင်းပေး ပို့ချက်ကို ကိုရဲမင်းထွန်းကပြောပြပါမယ်။
တရုတ်နိုင်ငံအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ coronavirus ရောဂါပိုးသစ် ကူးစက်ခံရမှုနဲ့ အဲဒီ ရောဂါပိုးကြောင့် သေဆုံးခဲ့ရသူ အမှန်တကယ် အရေအတွက်ဟာ အခုသိရှိထားတဲ့ အရေအတွက် ထက် ပိုများနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) က ပြောပါတယ်။
အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား ၂၀၁၅ က ချုပ်ဆိုထားတဲ့ JCPOA စာချုပ်ကို အပြီးတိုင် စွန့်လွှတ်လိုက်ပြီလို့ အီရန်က ကြေညာလိုက်တဲ့နောက် အမေရိကန်နဲ့ အီရန်ကြား နျူးကလီးယား သဘောတူညီချက် ရရှိဖို့ လောလောဆယ် အလှမ်းဝေးသွားခဲ့ပါပြီ။ VOA သတင်းထောက် Brian Padden ရဲ့ သတင်းလွှာကို ကိုရဲမင်းထွန်း တင်ပြပါမယ်။
လွန်ခဲ့တဲ့ ၂ နှစ်က ရွေးကောက်ပွဲကာလအတွင်း အပြင်းအထန် ဖိနှိပ် ချုပ်ချယ်ခံခဲ့ရတဲ့ ကမ္ဘောဒီးယား မီဒီယာ အဖွဲ့အစည်းတွေဟာ ပြန်လည် နာလန်ထူဖို့ ကြိုးစားနေရဆဲပဲ ဖြစ်ပါတယ်။ ဖနွမ်းပင်မြို့က VOA သတင်းထောက် Brian Padden သတင်းပေးပို့ ထားတာကို ကိုရဲမင်းထွန်းက ပြောပြပေးပါမယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း အပြင်းအထန် ဖိနှိပ် ချုပ်ချယ်ခံခဲ့ရတဲ့ မီဒီယာ အဖွဲ့အစည်းတွေဟာ ပြန်လည် နာလန်ထူဖို့ ကြိုးစားနေဆဲပါ။
အီရတ်မှာရှိတဲ့အမေရိကန်စစ်စခန်း ၂ ခုကို အီရန်က ပဲ့ထိန်းတပ်မစ်ဇိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် သမ္မတ Trump က ပြည်သူတွေကို မိန့်ခွန်းပြောပါတယ်။ သမ္မတမိန့်ခွန်းအပေါ် သုံးသပ်ချက်တချို့ကိုတော့ ဗွီအိုအေသတင်းထောက် Patsy Widakuswara ပေးပို့တဲ့သတင်းကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။
(Zawgyi/ Unicode) အီရန်အပေါ် စီပွားရေး ပိတ်ဆို့မှု အသစ်တွေ ချမှတ်သွားမှာဖြစ်သလို NATO မဟာမိတ်တွေရဲ့ အခန်းကဏ္ဍကို အရှေ့အလယ်ပိုင်းဒေသ အတွင်းမြှင့်တင်ဖို့ကိုလည်း သမ္မတထရမ့်က တိုက်တွန်းလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာ့ အဆင့်မြင့် နည်းပညာလောကကို လွှမ်းမိုးဖို့ ကြိုးစားနေသလို အမေရိကန်နဲ့လည်း စစ်ရေးအရ ယှဉ်နိုင်အောင် ကြိုးပမ်းနေပြီး BRI ခါးပတ်လမ်း စီမံကိန်းနဲ့ ကမ္ဘာကို လွှမ်းမိုးနိုင်အောင် လုပ်နေတယ်လို့ NATO အဖွဲ့ဝင်တွေက ယူဆကြပါတယ်။ Jela de Franceschi သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်း တင်ပြပါမယ်။
အီရတ်နိုင်ငံအတွင်း အမေရိကန်တို့ တိုက်ခိုက်လို့ အီရန်နိုင်ငံရဲ့ ထိပ်တန်း တပ်မှူး ကျဆုံးရတာကြောင့် အမေရိကန်ကို လက်စားချေ တုံ့ပြန်မယ်လို့ အီရန် ထိပ်တန်း ခေါင်းဆောင်းတွေ ကြုံးဝါးပြောဆိုနေပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guetteres က သူ့ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်သဝဏ်လွှာမှာ ကုန်လွန်တော့မယ့် ၂၀၁၉ ခုနှစ်ကို စိတ်ပျက် အားငယ်စဖွယ် သုံးသပ်ထားပေမဲ့ ၂၀၂၀ နှစ်သစ်အတွက်တော့ လူငယ်တွေအပေါ် ယုံကြည်အားထားလို့ ပိုကောင်းတဲ့ အနာဂတ်ဖန်တီးဖို့ မျှော်လင့် ချက်တွေ အပြည့်ရှိနေပါတယ်။
NATO အဖွဲ့ရဲ့ ၂၀၁၉ ခုနှစ် ထိပ်သီးအစည်းအဝေးအတွင်း တကမ္ဘာလုံးမှာ ချဲ့ထွင်လာနေတဲ့ တရုတ်နိုင်ငံ ကို မဟာဗျူဟာ စိန်ခေါ်မှုတခုအဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု တရာရုံးချုပ်ဟာ ၂၀၂၀ ခုနှစ်မှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ငွေကြေးမှတ်တမ်းနဲ့ပတ်သက်တဲ့အမှုတွေကို စီရင်ချက်ချဖို့ ရှိနေပါတယ်။ ဒီအမှုတွေကို စီရင်ချက်ချပေးဖို့ ဒီမိုကရက်အမတ်တွေက တောင်းဆိုခဲ့ကြတာပါ။ Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။
ရိုးရာဓလေ့ အသစ်ရောအဟောင်းပါ ရောယှက်နေတဲ့ ခရစ္စမတ်အငွေ့အသက်တွေဟာ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်က သမိုင်းဝင်ရှေးဟောင်းမြို့လေး Williamsburg မှာ လွှမ်းခြုံလို့နေပါတယ်။ ခရစ္စမတ်ကာလ လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်လာနေတဲ့အကြောင်း Deborah Block ပေးပို့တဲ့သတင်းကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။
ရိုးရာ ဓလေ့ အသစ်ရော အဟောင်းပါ ရောယှက်နေတဲ့ ခရစ်စမတ်အငွေ့အသက်လေးတွေဟာ အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ်က သမိုင်းဝင် ရှေးဟောင်းမြို့လေးဖြစ်တဲ့ Williamsburg မြို့ကလေးကို လွှမ်းခြုံလို့ နေပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ ဆီရီးယားကနေ ရုပ်သိမ်းသွားပြီးတဲ့နောက် တူရကီတပ်တွေက ဆီရီးယားနိုင်ငံထဲ ထိုးစစ်တွေ ဆင်နွှဲခဲ့တာကြောင့် အရင်ကတည်းက မတည်မငြိမ်ဖြစ်နေတဲ့ နယ်မြေဟာ ပိုဆိုးလာခဲ့ပါတယ်။ IS အစွန်းရောက်တွေ ပြန် ခေါင်းထောင်လာမှာ စိုးရိမ်ရတဲ့အကြောင်း Stella Grigory ရဲ့သတင်းကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။
စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူ အမေရိကန် စစ်သား ၃ ဦးကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့် ပြုခဲ့တဲ့အတွက် စိုးရိမ်မိကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်