ဖားကန့် ကျောက်စိမ်းလုပ်ကွက်တွေက စွန့်ပစ်ထားတဲ့ မြေစာပုံတွေထဲမှာ ကျောက်ရှာရင်း မြေပြိုကျလို့ သေဆုံးရသူ ၁၇၄ ဦးကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်ပေမယ့် ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ Donald Trump အပေါ် သက်ကြီးပိုင်း အမေရိကန်တွေရဲ့ ထောက်ခံမှု ကျဆင်းလာနေတယ်လို့ သဘောထားစစ်တမ်းတွေက ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ် ရွေးကောက်ပွဲမှာ ရီပတ်ပလီကန်တွေနိုင်ဖို့ ဒီမဲဆန္ဒရှင်တွေက အထောက်အကူ ဖြစ်ခဲ့တာပါ။ ဒီလူထု သဘောထား စစ်တမ်းတွေအရတော့ ဒီမိုကရက် ပြိုင်ဘက် Joe Biden အတွက် သတင်းကောင်းပါ။
အစိုးရ အထောက်အပံ့ရနေတဲ့ နိုင်ငံရပ်ခြား ကော်ပိုရေးရှင်းတွေက မဟာဗျူဟာကျတဲ့ ဥရောပကုမ္ပဏီကြီးတွေကို ဝယ်ယူမှာကို ဥရောပသမဂ္ဂအဖွဲ့ (EU) က တားဆီးဖို့ ကြိုးစားနေပါတယ်။
ကုလသမဂ္ဂ အဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့တာ ဇွန်လ ၂၆ ရက်နေ့ကပဲ ၇၅ နှစ် ပြည့်သွားပါပြီ။ စတင်တည်ထောင်ခဲ့ချိန်က အခြေအနေတွေနဲ့ မျက်မှောက်ကမ္ဘာ့အခြေအနေတွေ အလွန်ကွာခြားသွားပြီဖြစ်သလို အဖွဲ့ကြီးကို စောင့်ကြိုနေတဲ့ စိန်ခေါ်မှုတွေအကြောင်း Margaret Besheer သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်း ပြောပြပါလိမ့်မယ်။
အနောက်ဖက်ကမ်းခြေဒေသက ဂျူးအခြေစိုက်စခန်း ၁၃၀ ကျော်ကို အစ္စရေးလ် အချုပ်အခြာ အာဏာအောက် သွတ်သွင်းမယ်လို့ ဝန်ကြီးချုပ် Benjamin Netanyahu ကပြောပါတယ်။ Deal of the Century ရာစုနှစ်သဘောတူညီချက်လို့ခေါ်တဲ့ အမေရိကန်သမ္မတထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်မှာ အဲဒီလို သွတ်သွင်းဖို့ကို အဆိုပြုထားတာပါ။
အစိုးရ အထောက်အပံ့ရနေတဲ့ နိုင်ငံရပ်ခြား ကော်ပိုရေးရှင်းတွေက မဟာဗျူဟာကျတဲ့ ဥရောပကုမ္ပဏီကြီးတွေကို ဝယ်ယူမှာကို ဥရောပ သမဂ္ဂ အဖွဲ့ (EU) က တားဆီးဖို့ ကြိုးစားနေပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံက ကော်ပိုရေးရှင်းကြီးတွေ ဥရောပကုမ္ပဏီတွေကို ဝယ်ယူမှာကို ပိတ်ပင်လိုတာပါ။
မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ NATO ရဲ့ အရှေ့ဥရောပဒေသ စစ်ရေးလေ့ကျင့်မှုတွေမှာ အမေရိကန်တပ်သား ထောင်ပေါင်းများစွာ ပါဝင် ဆင်နွှဲနေပါတယ်။ ဒါပေမဲ့ ဒီနှစ် NATO စစ်ရေးလေ့ကျင့်ပွဲမှာ အမေရိကန်တပ်တွေ ဂျာမနီကနေ ရုပ်သိမ်းမယ် ဆိုတဲ့ ကြေညာချက်က အများ ဆွေးနွေးစရာ ဖြစ်နေပါတယ်။
အမေရိကန် တရားရုံးချုပ်က ဒီရက်ပိုင်းထဲ ချမှတ်ခဲ့တဲ့ တရားစီရင်ဆုံးဖြတ်ချက် ၂ ခုက သမ္မတ ထရမ့် အစိုးရအတွက် ဥပဒေပိုင်းအရ ရှုံးနိမ့်ခဲ့ရပါတယ်။ သမ္မတထရမ့်ကို ထောက်ခံသူတွေအတွက် အရေးပါတဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စနဲ့ LGBTQ အခွင့်အရေး ကိစ္စနှစ်ခုအပေါ် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တင်ပြပါ့မယ်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရတော့ ထိုင်းနိုင်ငံဘက်မှာ ခိုလှုံနေတဲ့ မြန်မာ ဒုက္ခသည်တွေ နေရပ် ပြန် ရေး မျှော်လင့်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး ၈ နှစ်တာ ကာလ ကြာမြင့်လာခဲ့ပေမဲ့လည်း ဒုက္ခသည် အများစုဟာ ထိုင်း နိုင်ငံထဲ သောင်တင်နေဆဲပါ။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရတော့ ထိုင်းနိုင်ငံဘက်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ရေး မျှော်လင့်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ၈ နှစ်တာကာလ ကြာမြင့်လာခဲ့ပေမယ့်လည်း ဒုက္ခသည်အများစုဟာ ထိုင်းနိုင်ငံထဲ သောင်တင်နေဆဲပါ။
ဇွန်လ ၂၀ ရက်နေ့ စနေနေ့ဟာ ၁၉ နှစ်မြောက် ကမ္ဘာ့ ဒုက္ခသည်များဆိုင်ရာနေ့ ဖြစ်ပါတယ်။ နှစ်စဉ် ကျင်းပတဲ့ ဒီ အထိမ်းအမှတ် နေ့မှာ ဒုက္ခသည်ဘဝကနေ အောင်မြင်မှု ရရှိလာသူတွေကို ချီးကျူး ထောပနာပြုကြသလို ဒုက္ခသည်တွေရဲ့ ဘဝကို လူတွေ ပိုပြီး သိမြင် နားလည်လာရေးနဲ့ ငွေကြး အကူအညီတွေ ရရှိရေးကိုလည်း လှုံ့ဆော်ပေးပါတယ်။
အာဖရိကန်အမေရိကန်လူမည်းတွေ ရဲတွေလက်ထဲ မကြာသေးခင်က သေဆုံးရမှုတွေက ရဲတွေရဲ့ လုပ်ငန်း ဆောင်တာအပေါ်ဆွေးနွေးစရာ ဖြစ်လာသလို ရဲတွေအတွက် ရန်ပုံငွေကြေး ကို ဖြတ်တောက်ဖို့ defund the police ဆိုပြီး တောင်းဆိုလာနေကြတဲ့ အကြောင်း Jesusemen Oni သတင်းပေးပို့ထားတာကို ပြောပြပါမယ်။
ကမ္ဘာကြီးမှာ ဘာတွေဖြစ်လာမလဲဆိုပြီး ကြိုတွက်ကြည့်ရာမှာ မရှိမဖြစ်တဲ့ အရာတခုကတော့ စာရင်းအင်းတွေကို အခြေခံပြီး ပုံဖော်တဲ့ model တွေပဲ ဖြစ်ပါတယ်။ ရှေ့ဘာဖြစ်မလဲ ကြိုတင်တွက်ကြည့်မယ်ဆိုရင် စာရင်းတွေကို ပုံစံသွင်းပြီး ပုံဖော် တွက်ချက်တဲ့ model တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။
သမ္မတ Recep Tayyip Erdogan လက်အောက်မှာ တူရကီနိုင်ငံ အာဏာရှင် နွံတွင်းထဲ သက်ဆင်းနေရတယ်လို့ အနောက်တိုင်း အစိုးရ တွေနဲ့ နိုင်ငံတကာ လေ့လာသူတွေက နှစ်အတော်ကြာ ပြောနေခဲ့ပါတယ်။ အခုလည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကြောင့် တူရကီ နိုင်ငံထဲ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ ပိုပြီး လျော့နည်းလာတဲ့အကြောင်း ပြောပြပါမယ်။
ပုဂ္ဂလိက ကုမ္ပဏီက တည်ဆောက်တဲ့ SpaceX ဒုံးပျံကို အသုံးပြုပြီး ပထမဆုံးအကြိမ်အဖြစ်နဲ့ အမေရိကန် အာကာသယာဉ်မှူး ၂ ဦး လိုက်ပါသွားတဲ့ အာကာသယာဉ်ကို စနေ့နေ့ နေ့လယ်ပိုင်းက အာကာသထဲ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။ ကိုရဲမင်းထွန်း တင်ပြပါလိမ့်မယ်။
အမေရိကန်နိုင်ငံထဲ လူဖြူ ရဲအရာရှိတစ်ယောက်က လူမည်းအမျိုးသားတစ်ယောက်ရဲ့ လည်ပင်းကို ဒူးနဲ့ဖိပြီး ပြင်းပြင်းထန်ထန်ချုပ်ကိုင်ဖမ်းဆီး ခဲ့ပြီးတဲ့ နောက် လူမည်းအမျိုးသားသေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ရဲတပ်ဖွဲ့ ဝင်တွေကလူမည်းတွေ အပေါ် အင်အား အလွန်အကျွံ သုံး နေသလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်လာပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကြောင့် ဥရောပနိုင်ငံတော်တော်များများမှာ အသွားအလာ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပေမဲ့ တမူထူးခြားတဲ့နည်းလမ်းတဲ့ ကိုင်တွယ်နေတဲ့ နိုင်ငံကတော့ ဆွီဒင်နိုင်ငံပဲ ဖြစ်ပါတယ်။ အစောပိုင်းကတော့ ဆွီဒင်ရဲ့ ကိုင်တွယ်ပုံက မှန်သလိုလို ရှိခဲ့ပေမဲ့ အခုတော့ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာတွေ ပိတ်ပင်ထားတာကို ဖြေလျော့ရမှာက ပြည်နယ် အစိုးရတွေရဲ့ ကိစ္စလို့ သမ္မတ ဒေါ်နယ်ထရမ့်က ကနဦးက ပြောထားခဲ့တာပါ။ နောက်တော့ ပြည်နယ်အစိုးရ တွေကို ဆန္ဒပြနေသူတဲ့သူတွေကို သူက ထောက်ခံခဲ့ပြန်ပါတယ်။ ဒီပြည်နယ်တွေက ရွေးကောက်ပွဲ အေါ် သက်ရောက်မှုတွေလည်း ရှိနေတဲ့အကြောင်း တင်ပြပေးပါ့မယ်။
ပြင်သစ်နိုင်ငံမှာ ၂ လကြာ အသွားအလာ ပိတ်ပင်ထားတာတွေ ပြန်ဖွင့်ပေးချိန်မှာပဲ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးကို အစိမ်းရောင် စီးပွားရေးအဖြစ် ပြန်လည် တည်ဆောက်မယ်လို့ ပြင်သစ် အစိုးရက ပြောပါတယ်။
COVID-19 ရောဂါ လူနာ အစောဆုံးဖြစ်ပွားတာထက် ပိုစောနိုင်တဲ့ သံသယဖြစ်ဖွယ် ကူးစက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တခြားနိုင်ငံတွေကို တိုက်တွန်း လိုက်တဲ့အကြောင်း Reuter သတင်းတပုဒ်ကို ကိုရဲမင်းထွန်းက ပြောပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်