၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအပါအဝင် မြန်မာအိုလံပစ်အားကစားအဖွဲ့ပွဲ ရလဒ်တွေ၊ အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ရွှေတံဆိပ်ရရှိတဲ့အကြောင်းတွေကို ဒီတပတ် အားကစားကဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ကိုဗစ် ၁၉ ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေများလာနေတဲ့အတွက် နာရေးမီးသင်္ဂြိုဟ်တဲ့နေရာနဲ့ လူနာတွေအတွက် အောက်ဆီဂျင်ရရှိနိုင်ဖို့ အခက်အခဲတွေကို အကြီးအကျယ်ရင်ဆိုင်နေရတယ်လို့ နိုင်ငံတဝန်းက လူမှုကူညီရေးအသင်းအဖွဲ့တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကူးစက်မှုတွေမြင့်တက်နေတဲ့ ကိုဗစ် ၁၉ ရောဂါကာကွယ် ကုသရေးအတွက် ဆက်လက် လုပ်ဆောင်နေပေမယ့်၊ စစ်ကောင်စီ နဲ့ ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိဘူးလို့ ဆရာဝန်တချို့က ပြောလိုက်ပါတယ်။
ဒီတပတ် အားကစားအစီအစဉ်မှာ တိုကျိုအိုလံပစ်ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေ ဂျပန်နိုင်ငံကို ရောက်နေကြပြီဆိုတဲ့သတင်းနဲ့ ဗြိတိန်နိုင်ငံက British Open ဂေါက်သီးရိုက်ပြိုင်ပွဲ သတင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
COVID-19 ရောဂါ ကူးစက်မှုတွေ မြင့်တက်လာနေတဲ့ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူတွေ အနေနဲ့ ဆေးရုံတွေမှာပါ ကုသမှုရဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံတဝန်း COVID-19 ရောဂါ ကူးစက်မှုတွေ မြင့်တက်နေပြီး ရန်ကုန်မြို့မှာလည်း မြို့ခံတွေအတော်များများဟာ ဆေးဝါးကုသမှုရရှိဖို့နဲ့ အောက်ဆီဂျင် ရရှိဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ စွပ်စွဲထားသလို အဂတိငွေတွေကို သူ့အနေနဲ့ လက်ခံစရာ အကြောင်းလည်း မရှိခဲ့သလို ပေးစရာအကြောင်းလည်း မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဖြစ်သူတွေကို ငြင်းဆန်ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်လုံလောက်တယ်လို့ အာဏာပိုင်တွေကပြောပေမယ့် လက်တွေ့လုပ်ဆောင်နေသူတွေကတော့ အောက်ဆီဂျင်ပြတ်မယ့်အရေး စိုးရိမ်နေကြပါတယ်။
ဒီသီတင်းပတ် အားကစား အစီအစဉ်မှာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ဖလားဘောလုံးပွဲအကြောင်း သတင်းတွေနဲ့ ဘရာဇီးနိုင်ငံမှာကျင်းပတဲ့ ကိုပါ အမေရိကဖလားဘောလုံးပွဲ သတင်းတွေ၊ ဝင်ဘယ်တန် Tennis ပြိုင်ပွဲ အကြောင်း သတင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
တရုတ်ကွန်မြူနစ်ပါတီက ထိန်းချုပ်တာ နှစ် ၇၀ ပြည့်ပြီးတဲ့နောက် တိဘက်ဒေသက လူမှုရေးတည်ငြိမ်မှု နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေကို အလေးပေးဖော်ပြထားတဲ့ ကျေးရွာပုံစံတွေအကြောင်း AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပေါ် စွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး နေပြည်တော်က သီးသန့်တရားရုံးမှာ ဒီတပတ် ၄ ပတ်မြောက်အဖြစ်နဲ့ ဆက်ပြီးတော့ ကြားနာစစ်ဆေးခဲ့ပါတယ်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းမှာ Covid 19 ပိုးကူးစက်မှုဟာ ၅ ရက်အတွင်း ၃ ဆလောက် တိုးလာပါတယ်။ အတည်ပြုလူနာတွေရော၊ ဆေး မစစ်နိုင်သေးပေမဲ့ ကိုဗစ်ရောဂါလက္ခဏာပြနေသူတွေပါ များပြားလာတာကြောင့် အောက်စီဂျင် ထောက်ပံ့ရေးမှာ အခက်အခဲတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု စိုးရိမ်စရာ ပြန်ဖြစ်နေတာကြောင့် မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို တရုတ်ဘက်က ပိတ်လိုက်ပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအားလုံး ရာနှုန်းပြည့် ရပ်ဆိုင်းသွားတာ နှစ်အတော်ကြာမှာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ဒေသတွင်း ရွာတွေမှာ စစ်တပ်ဘက်က လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီဘက်က တရားစွဲတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ဇွန် ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ ကြားနာစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး တရားလိုပြသက်သေတွေနဲ့ ပတ်သက်ပြီး အထက်တရားရုံးကို ပြင်ဆင်မှုတွေ တက်သွားဖို့ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက ပြောလိုက်ပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်းမြို့နဲ့ ကောလင်းမြို့တို့မှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲကြောင့် ၂ ဖက် အကျအဆုံးရှိသလို ကောလင်းမြို့မှာဆိုရင် စစ်ကောင်စီဘက်က ပစ်ခတ်လို့ ဒေသခံတွေ ဒဏ်ရာရတာတွေ ရှိပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စုမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ အကြား လတ်တလောဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံ ၇၀၀ကျော်လောက်ဟာ နေ့ရပ်စွန့်ခွန် ထွက်ပြေးနေရပြီး လောလောဆည် အခြေအနေတွေ မငြိမ်သက်သေးတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေပါတယ်။
ဒီသီတင်းပတ် အားကစား ကဏ္ဍမှာတော့ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေအပြီး ကွာတားဖိုင်နယ်အဆင့်ကို ရောက်လာတဲ့ ယူရို ၂၀၂၀ ဥရောပဖလား ဘောလုံးပြိုင်ပွဲတွေအကြောင်းနဲ့ Wimbledon Tennis ပြိုင်ပွဲတွေအကြောင်း ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နဲ့ အင်းစိန်မြို့နယ်အတွင်းမှာ ဒီနေ့ ဗုံးပေါက်ကွဲမှုတွေ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုတွေ ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဘက်က ရပ်ကွက်အတွင်းမှာ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်