ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ အမှုတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့တပတ်အတွင်း ထူးခြားတဲ့အချက်တွေ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ သမ္မတဦးဝင်းမြင့် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတုန်းက ဖြစ်စဉ်ကို ထွက်ဆိုသွားတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအပေါ် အမှုနဲ့ပတ်သက်ပြီး ပြောဆိုခွင့် ပိတ်ပင်ခံရတာတွေ ပါဝင်ပါတယ်။
“ဒီနေ့ လေး ငါးအိမ်လောက် မီးရှို့တယ်။ ခုတိုက်ပွဲဖြစ်တဲ့နေရာက ထလန်ရောန်လို့ ခေါ်တယ်။ မနေ့က သုံးအိမ်ကို မီးရှို့တယ်။ မီးရှို့တဲ့ရွာက ရီလ်သီးလို့ ခေါ်တယ်။ အိမ်ခြေ ၁၀ လောက်ရှိတဲ့ရွာ၊ ၃ အိမ်ကို မီးရှို့တယ်။ မနေ့က ဖလမ်းကနေအလာမှာ အရပ်သားနှစ်ယောက်၊ တောထဲမှာ အလောင်းနှစ်လောင်းတွေ့ ရတယ်။” (CNA ပြောခွင့်ရ)
ဒီတပတ် အားကစားကဏ္ဍမှာတော့ အမေရိကန်နိုင်ငံ Las Vegas မှာ ထိုးသတ်ခဲ့တဲ့ WBC ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံလုပွဲအကြောင်း၊ ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေးအခက်အခဲ အခြေအနေ အပါအဝင် UEFA Nations League ပြိုင်ပွဲ နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲရလဒ်တွေကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ တရားစွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် အပြန်အလှန် စစ်ဆေးမေးမြန်းခဲ့တာမှာ တရားလိုတွေဘက်က သက်သေအခိုင်အမာ ပြသနိုင်ခဲ့ခြင်း မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုးတက်ပြောင်းလဲလာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဟာ စစ်အာဏာသိမ်းမှုကြောင့် နောက်ပြန်ဆုတ်ကုန်တယ်၊ ပြည်သူတွေဘက်က ရွေးချယ်စရာမရှိပဲ ဆက်ပြီးတော်လှန်သွားမှာ ဖြစ်တယ်လို့ မန္တလေးက နွေဦးတော်လှန်ရေး ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကပြောပါတယ်။ ကိုရန်နိုင်မေးမြန်းထားပါတယ်။
အောက်တိုဘာ ၁၀၊ ၂၀၂၁ - ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုးတက်ပြောင်းလဲလာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဟာ စစ်အာဏာသိမ်းမှုကြောင့် နောက်ပြန်ဆုတ်ကုန်တယ်၊ ပြည်သူတွေဘက်က ရွေးချယ်စရာမရှိပဲ ဆက်ပြီးတော်လှန်သွားမှာ ဖြစ်တယ်လို့ မန္တလေးက နွေဦးတော်လှန်ရေး ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
“... နိုင်ငံတော်အာဏာကို တပ်မတော်ကသိမ်းယူလိုက်တဲ့အပေါ် အဖွဲ့ချုပ်ကထုတ်ပြန်တဲ့ ကြေညာချက်တွေနဲ့ပတ်သက်လို့ ဦးညီပုဟာ ဗဟိုအလုပ်မှုဆောင်ဖြစ်တဲ့အတွက် တာဝန်ရှိတယ်ဆိုပြီး စစ်တွေမြို့နယ်တရားသူကြီး ဦးဝင်းနိုင်က အမိန့်ချမှတ်လိုက်တာပါ။”(ဦးမျိုးမြတ်ဟိန်း၊ ရှေ့နေ)
၂၀၂၁ မိုးစပါးနဲ့ ၂၀၂၂ နွေစပါးအတွက် တင်း ၁၀၀ ကြမ်းခင်းဈေး ၅၄၀,၀၀၀ ကျပ်အဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်တာဟာ လယ်သမားတွေ မျှော်လင့်ထားတဲ့ဈေးထက်နည်းနေပြီး အထွေထွေကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတာဖြစ်လို့ ဒီဈေးနှုန်းနဲ့ ရောင်းရမယ်ဆိုရင် အရှုံးပေါ်ဖို့ သေချာတယ်ကြောင်း လယ်သမားတွေ ပြောနေကြပါတယ်။
ဒီတပတ် အားကစားမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်က ကွယ်လွန်သွားခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ပြေးခုန်ပစ်အားကစားသမား မခင်ခင်ထွေးရဲ့ အားကစားသမားဘ၀ ဖြတ်သန်းမှု နဲ့ အမှတ်တရတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ရှေ့သီတင်းပတ်မှာ တရားလိုပြသက်သေကို နှစ်ဖက်ရှေ့နေတွေက အပြန်အလှန် စစ်မေးတာက အမှုအတွက် အရေးကြီးဆုံးဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ပြောလိုက်ပါတယ်။
“..ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ပြောတဲ့စကားအတိုင်းပဲ။ ကြွေကျသည်ဖြစ်စေ၊ ကြွေမကျသည်ဖြစ်စေ၊ ကိုယ့်လက်ထဲမှာကြွေကျတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဖာသာကိုယ် ပြန်ကောက်ပြီးတော့ ပြန်လည်ထူထောင်အောင်တော့ လုပ်ပေးရမယ့်တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲ လုပ်ဆောင်ပေးမယ်လို့ ကျနော် ပြောချင်ပါတယ်။” (ဗိုလ်ချုပ် ဇော်မင်းထွန်း)
“တရားခံ ဇင်လင်းခေါ် ကြွယ်ကြီးက ပစ္စတိုသေနတ်နှစ်လက်၊ တရားခံ ခင်ခင်ကြွယ် ခေါ် ခင်လေးက ပစ္စတိုတလက်ကိုင်ပြီးတော့ လှေကားအတိုင်း ပြေးဆင်းပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့ပါတယ်။ ပြန်လည်ပစ်ခတ်ဖမ်းဆီးရာမှာ တရားခံနှစ်ဦးလုံးကို အသေ ဖမ်းဆီးရမိခဲ့ပါတယ်။“ (ဗိုလ်ချုပ် ဇော်မင်းထွန်း)
ဒီတပတ် အားကစားကဏ္ဍမှာတော့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပသွားတဲ့ ရိုင်ဒါဖလား ဂေါက်သီးပြိုင်ပွဲ၊ Laver Cup တင်းနစ်ပြိုင်ပွဲ နဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ထိုးသတ်ခဲ့တဲ့ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံလုပွဲတွေအကြောင်းကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့ အမှုတွေထဲက ၁ ခုကို ပြီးခဲ့တဲ့ သီတင်းပတ်က တရားရုံးက စွဲချက်တင်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီလက်အောက် တရားစီရင်ရေးကနေ တရားမျှတမှု မရနိုင်ဘူးလို့ ဥပဒေပညာရှင်တဦးက သုံးသပ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ထားတဲ့မြို့နယ်တွေ ပိုတိုးလာပြီး ချင်းပြည်နယ်က မြို့နယ် ၈ ခုမှာ မနေ့ကစပြီးဖြတ်သလို ကချင်ပြည်နယ်က ဖားကန့်မှာဆိုရင် အင်တာနက်ဖြတ်ထားတာ တလနီးပါး၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ကချင်ပြည်နယ်က မြို့တချို့တွေမှာလည်း အင်တာနက်ပိတ်ပင်ထားခံနေရပါတယ်။
ဒီတပတ်အားကစားကဏ္ဍမှာတော့ ဖိလစ်ပိုင်နိုင်ငံက နာမည်ကြီး လက်ဝှေ့သမား သမ္မတရွေးကောက်ပွဲဝင်ဖို့ ကြေငြာလိုက်တာ၊ ဘိုင်ယန်တိုက်စစ်မှူး ဥရောပမှာ ဂိုးအများဆုံးသွင်းတဲ့ ရွှေဖိနပ်ဆုရသွားတာ နဲ့ ပီလီရဲ့ကျန်းမာရေး နောက်ဆုံးအခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်ခင်ဗျာ။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုတဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်အမှုတွေကို သောကြာနေ့တိုင်း နှစ်ပတ်တကြိမ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဒီတပတ် အားကစားအစီအစဉ်မှာ US Open Tennis ပြိုင်ပွဲက ချန်ပီယံသစ်တွေအကြောင်းနဲ့ ဥရောပချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲတွေက မန်ချက်စတာ ယူနိုက်တက်အသင်း တိုက်စစ်မှူး Cristiano Ronaldo အကြောင်း သတင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
တရုတ်ကွန်မြူနစ်ပါတီက ကြီးမှူးကျင်းပတဲ့ အာရှနိုင်ငံရေးပါတီများတွေ့ဆုံပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အပါအဝင် ပြည်တွင်းက နိုင်ငံရေးပါတီ ၄ ခု တက်ရောက်ခဲ့ပါတယ်။ ပြည်တွင်းနိုင်ငံရေး အရှုပ်အထွေး အရှိန်မြင့်လာချိန် အကျိုးမျှော် လုပ်ရပ်တခုသာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ရှု မြင်ကြ။
ဒီတပတ် ဗီအိုအေရဲ့ အားကစားကဏ္ဍမှာတော့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနာလ်ဒို ဂင်းနစ်စံချိန်တင်နိုင်လိုက်တာ၊ ကမ္ဘာ့ဖလား ၂ နှစ် တကြိမ် ကျင်းပဖို့ အဆိုပြုတဲ့အပေါ် UEFA ဥက္ကဋ္ဌရဲ့ သဘောထားနဲ့ ကမ္ဘာကျော်ဘောလုံးသမားကြီး ပီလီရဲ့ ကျန်းမာရေး နောက်ဆုံး အခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်