အခုတပတ် ဗွီအိုအေရဲ့ အားကစားကဏ္ဍမှာတော့ ပေါ်တူဂီတိုက်စစ်မှူး မန်ချက်စတာယူနိုက်တက်က ခရစ္စတီယာနို ရိုနာလ်ဒိုကို ပြန်ခေါ်လိုက်တာနဲ့ ဒီအပေါ်မှာ နည်းပြတွေ အပါအဝင် အားကစားလောကအတွင်းက သဘောထားတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ဒီတပတ် အားကစားအစီအစဉ်မှာတော့ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ် ရဲ့ Welterweight တန်းချန်ပီယံ လက်ဝှေ့ပွဲ သတင်းတွေနဲ့ အင်္ဂလန် ပရီးမီးယားလိခ် ဘောလုံးပွဲသတင်းတွေအပါအဝင် အားကစားသတင်းတချို့ကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်ထဲ တိမ်းရှောင်သွားတဲ့ မြန်မာဒုက္ခသည် အများစုကို ပြည်နယ်အစိုးရအစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးပေးသလို နှစ်နိုင်ငံ နယ်စပ်က ကျောင်းတွေမှာ မြန်မာကလေး ၁၇၀ ကျော် ကျောင်းတက်နေပြီလို့လည်း ဒေသအခြေစိုက်သတင်းတွေမှာ ဖော်ပြကြပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဗုဒ္ဓဟူးနေ့ညက ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ခလရ ၅၈ က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်အချို့ ကျေးရွာအတွင်းကျရောက်ခဲ့ပြီးတော့ လက်နက်ကြီးကျည်တလုံးက ပေါက်ကွဲခဲ့ပေမဲ့ တလုံးကတော့ ပေါက်ကွဲတာမရှိခဲ့
ဒီတပတ် တပတ်အတွင်း အာကစား အစီအစဉ်မှာ ဥရောပ အမှတ်ပေး ဘောလုံးပြိုင်ပွဲတွေအကြောင်းနဲ့ ဘာစီလိုနား အသင်းကနေ PSG အသင်းကို ပြောင်းသွားတဲ့ ကမ္ဘာကျော် ဘောလုံးသမား မက်ဆီအကြောင်းသတင်းတွေအပါအဝင် အားကစားသတင်းတချို့ကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ စစ်ကောင်စီက ထုတ်ပြန်တဲ့အမိန့်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြတဲ့သူတွေဟာ မနေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် မုံရွာ နဲ့ ရန်ကုန်မြို့တွေမှာလည်း အသေးစားဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။
သြဂုတ် ၁၅၊ ၂၀၂၁ - မြန်မာစစ်ကောင်စီက အိမ်စောင့်အစိုးရ ပြောင်းလဲဖွဲ့စည်းခဲ့တာနဲ့ ပတ်သက်ပြီးတော့ စစ်အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြသပိတ်တွေနိုင်ငံတဝန်း ဆက်ဖြစ်နေချိန်မှာပဲ ရန်ကုန်နဲ့မုံရွာမြို့တွေမှာ ဒီနေ့မနက်ပိုင်းက ဆက်တိုက်ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ မရှိပေမယ့် အာဏာပိုင်တွေဘက်ကတော့ လုံခြုံရေးတွေ တိုးမြှင့်ချထားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင် ဆန္ဒပြတာတွေကြောင့် ပုဒ်မ ၅၀၅ အပါအဝင် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း တရားစွဲဆိုခံရတဲ့အမှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကြေအေး ရုပ်သိမ်းခွင့် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
တပတ်တာ အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တောင်းဆိုအုံကြွခဲ့တဲ့ ရှစ်လေးလုံး လှုပ်ရှားမှု ၃၃ နှစ်ပြည့်မြောက်တဲ့နေ့မှာပဲ နိုင်ငံအနှံ့ ဆန္ဒပြလှုပ်ရှားဖို့ တက်ကြွလှုပ်ရှားသူတွေ ပြင်ဆင်နေပါတယ်။
သြဂုတ် ၈၊ ၂၀၂၁ - လက်ရှိနိုင်ငံရေးမှာ ကြုံနေရတဲ့ အကျပ်အတည်းတွေကို နိုင်ငံရေးအရ ဖြေရှင်းရမယ်လို့ သူ့ရဲ့အယူအဆကို ပြောပြီးတော့၊ အခုလို ထိပ်တိုက်ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့် ကိုယ့်ရဲ့ယုံကြည်ရာကို ခက်ခက်ခဲခဲပါ ပြောယူနေရတယ်လို့ တချိန်က ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့ပေါ်နဲ့ ကျေးလတ်ဒေသတွေမှာ ရေကြီးရေ လျံတာ တွေတာရှိနေပြီး မြေနိမ့်ပိုင်းကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တစ်ချို့ ရေမြုပ်နေပြီဖြစ် သလိုည ဖက် ဒီရေတက်ချိန် ရေထပ်ပြီတော့ တက်လာနိုင်တဲ့ အခြေအနေရှိနေတာကြောင့် ဒေသခံ တွေစိုးရိမ်နေကြပါတယ်။
ကိုဗစ်ကူးစက်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကနေ အပြန်အလှန်ကုန်သွယ်တာကို ရပ်ဆိုင်းထားပေမဲ့ ကိုဗစ်ရောဂါအတွက် လိုအပ်တဲ့ဆေးဝါး၊ ဆေးပစ္စည်းတွေကိုတော့ နေ့စဉ်တင်သွင်းခွင့် ပေးထားကြောင်း မြန်မာစီးပွားကူးသန်းဌာနက ပြောလိုက်ပါတယ်။
ဒီသီတင်းပတ် အားကစားအစီအစဉ်မှာ တိုကျို အိုလံပစ်ပြိုင်ပွဲ နောက်ဆုံးရ ဆုတံဆိပ်တွေ ပြိုင်ပွဲတွေအကြောင်း ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာအာဏာသိမ်းထားတဲ့ စစ်ကောင်စီကအိမ်စောင့်အစိုးရကိုဖွဲ့စည်းလိုက်တာဟာဟာနိုင်ငံရေးအရသံတမန်နည်းလမ်းကြောင်းတခုကိုဖော်ဆောင်တာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဝန်ကြီးတဦး ပြောလိုက်ပါတယ်။ အိမ်စောင့်အစိုးရဖွဲ့လိုက်တဲ့အပေါ်နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့သဘောထားတွေကိုကိုရန်နိုင် တင်ပြထားပါတယ်။
အာဏာသိမ်းထားတဲ့ စစ်ကောင်စီက အိမ်စောင့်အစိုးရကို ဖွဲ့စည်းတာဟာ နိုင်ငံရေးအရ သံတမန်လမ်းကြောင်းတခု ဖော်ဆောင်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဝန်ကြီးတဦးက ပြောသလို ဘယ်လိုပဲ နာမည်ပြောင်းပြောင်း ပြည်သူလူထုက အယုံအကြည်မရှိကြောင်း နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင်တဦးကလည်းပြောပါတယ်။
မန္တလေးမြို့က မြတောင်နဲ့ ဘုရားကြီးသပိတ်စစ်ကြောင်းက ဆန္ဒပြလူငယ်တွေနေထိုင်တဲ့ နေရာကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းက ဝင်ရောက်ပစ်ခတ် စီးနင်းခဲ့တာကြောင် တယောက် သေဆုံးပြီး ၁၁ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
မန္တလေး၊ မြတောင်ဘုန်းကြီးကျောင်းကို စစ်တပ်က စီးနင်းရှာဖွေပြီး လူတယောက်နဲ့ သံဃာတော်နှစ်ပါးကို ဖမ်းသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်