လာမယ့် ၂၀၂၂ခုနှစ်မှာမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ နိုင်ငံရေးပြိုင်ဆိုင်မှုတွေ ပိုမို ပြင်းထန်မယ့်အလားအလာတွေ တွေ့မြင်နေရပြီး ငြိမ်းချမ်းရေးကို မျှော်မှန်းလို့ မရနိုင်သေးကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေက သုံးသပ်ထားပါတယ်။
ကမ္ဘာ့ဖလားကို ၂ နှစ်တကြိမ်ကျင်းပဖို့ အဆိုပြုထားတဲ့ အစီအစဉ်ရဲ့ အလားအလာ၊ ကိုဗစ် ၁၉ ကူးစက်မှုတွေကြောင့် အားကစားပွဲတွေအပေါ် ရိုက်ခတ်မှု၊ ဖယ်ဒရာ၊ နဒါးလ် နဲ့ ဂျိုကိုဗစ်ချ်တို့ ၃ ယောက်မှာ ဘယ်သူက ကစားရအခက်ဆုံးနဲ့ ဘယ်သူ ဂရန်းစလမ်းကို အများဆုံး စံချိန်တင်မလဲ ခန့်မှန်းချက်တွေကို ကိုရန်နိုင် စုစည်း တင်ပြထားပါတယ်။
ဒီတပတ် အားကစားကဏ္ဍမှာတော့ ဥရောပချန်ပီယံလိဂ် ဒုတိယအဆင့်ရှုံးထွက်ပွဲစဉ်တွေနဲ့ အဲဒီပွဲစဉ်တွေအပေါ် အသင်းတွေရဲ့ တုံ့ပြန်သံတွေ နဲ့ ကမ္ဘာကျော်ဘောလုံးသမားကြီး မာရာဒိုနာရဲ့ နာရီပြန်တွေ့တဲ့ အကြောင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးပူနွေးမှုဒဏ်ကို ပိုပြီးတော့ ခံနိုင်ရည်ရှိတဲ့ သန္တာကျောက်တန်းတွေဖြစ်လာဖို့အတွက် အပူတပြင်း ကျိုးပမ်း လုပ်ဆောင်လာနေကြပါတယ်။ AP သတင်းကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ ကနေ ကျောင်းရွာရဲကင်းစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးကို ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက ဝင်ရောက်ပစ်ခတ်ရာမှာ ရဲတဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး တယောက်က ဆေးရုံမှာ သေဆုံးသွားပါတယ်။
အခုတပတ် အားကစားကဏ္ဍမှာတော့ စင်ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲဘက်က အခြေအနေတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ သူ့နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ ကျန်းမာရေးကိစ္စကိုပဲ အလေးပေးပြောဆိုပြီး နိုင်ငံရေးကိစ္စတွေ မပါဝင်ဘူးလို့ သိရပါတယ်။
ကယားပြည်နယ်နဲ့ချင်းပြည်နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့တဲ့အဆောက်အဦးအရေအတွက် ဟာ ပြည်နယ်နှစ်ခုပေါင်း ၁,၀၀၀ ကျော် ရှိသွားပြီလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။
အခုတပတ် အားကစားကဏ္ဍမှာတော့ ၂၀၂၁ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု ရွှေဘောလုံးဆုကို မက်ဆီ ရရှိသွားတာ အပါအဝင် ဘရာဇီးတိုက်စစ်မှူး နေမား ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဘောလုံးပွဲတွေက ဘယ်လောက်အထိ နားရမလဲ စတာတွေကို ကိုရန်နိုင်က စုစည်း တင်ဆက်ပေးထားပါတယ်။
အမေရိကန်တွေဟာ အခုနှစ် ဆောင်းရာသီ အားလပ်ရက်ကာလမှာတော့ ကိုဗစ် ၁၉ ကပ်ရောဂါ၊ ငွေကြေးဖောင်းပွမှု၊ နိုင်ငံရေးအရ သဘောထား ပိုကွဲလာတာ စတဲ့ စိုးရိမ်စရာ အကြောင်းအရာတွေ ရင်ဆိုင်နေရပြီး လူတချို့ရဲ့ စိတ်ကျန်းမာရေးအပေါ် ထိခိုက်မှုတွေ ရှိလာနေပါတယ်။ Veronica Balderas သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။
"(၄) ယောက်ကျသွားတယ်။ ကျသွားတယ်လို့လည်း သတင်းအတိကျရတယ်နော်။ အဲဒီ ရွာသားတွေ ထွက်ပြေးရတယ်။ (၆) မိုင်ရွာမှာတော့မကျန်ဘူး။ ခုထိ အိမ်ပြန်မရောက်သေးဘူး။” ( ကရင်နီလူမှုအဖွဲ့အစည်း တာဝန်ရှိသူ)
ဒီတပတ် အားကစားကဏ္ဍမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက ဆိုးရှားကို နည်းပြအဖြစ်က ထုတ်ပယ်လိုက်တာ နဲ့ မနေ့ အင်္ဂါနေ့ညက ကစားသွားတဲ့ ဥရောပချန်ပီယံလိဂ် ဘောလုံးပွဲ နောက်ဆုံးရလဒ်တွေကို ကိုရန်နိုင်က တင်ပြထားပါတယ်။
ကြောက်ရွံတွန့်ဆုတ်ခြင်းမရှိ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေကြတဲ့ မြန်မာ အပါအဝင် ကမ္ဘာတဝှမ်းက သတင်းသမား ၄ ဦးကို သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ (CPJ) က ဒီနှစ် ၂၀၂၁ ခုနှစ် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်လိုက်ပါတယ်။ Julie Taboh သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ အထူးသဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်အိမ်ရာနဲ့ လမ်းဘေးဝဲယာက ဆိုင်ခန်းတွေကို ရှင်းလင်းပြီးတဲ့နောက် ရပ်ကွက်လမ်းတွေ၊ လူနေအိမ်တွေကိုပါ စစ်ဆေးမှုတွေ တိုးပြီး လုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
အခုတပတ် ဗီအိုအေရဲ့ အားကစားကဏ္ဍမှာတော့ ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲကို ဘယ်အသင်းတွေ ခြေစစ်ပွဲအောင်သွားကြပြီဆိုတာ နဲ့ လာမယ့် သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ရော်ဂျာဖယ်ဒရာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မလား ဆိုတာတွေနဲ့ပတ်သက်ပြီး ကိုရန်နိုင်က စုစည်း တင်ပြထားပါတယ်။
“သတင်းသမားတယောက်ကို ထောင်ဒဏ်အမြင့်ဆုံးချတာကတော့ ဒါ သင့်လျော်မှုမရှိဘူး။ နောက်ပြီးတော့ ဒီအမှုတွေအပေါ်မှာ ကျနော်တို့ဘက်က တင်သွင်းတဲ့ သက်သေခံချက်တွေကို ထည့်သွင်းသုံးသပ်ထားတာ မရှိဘူး။” (ဦးသန်းဇော်အောင်၊ ဖဲန်းစတား ရဲ့ရှေ့နေ)
ဒီတပတ် အားကစားကဏ္ဍမှာတော့ ဘာစီလိုနာက ရှာဗီ ကို နည်းပြခန့်လိုက်တာ အပါအဝင် ဥရောပဘောလုံးအသင်းတွေရဲ့ နည်းပြ အပြောင်းအလဲတွေ နဲ့ ပဲရစ် မာစတာ တင်းနစ်ပြိုင်ပွဲမှာ နိုဘက် ဂျိုကိုဗစ်ချ် ရဲ့ စံချိန်သစ်တွေ ထပ်တင်လိုက်တဲ့အကြောင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ရန်ကုန်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းက အထက်တန်းပြ ကျောင်း ဆရာမတယောက် ဒီနေ့ နိုင်ဝင်ဘာ ၅ ရက်မှာ ကျောင်းသွားစဉ် သေနတ်နဲ့ ပစ်သတ်ခံရသလို လှိုင်ယာယာမီးခွက်ဈေးနားက ပါရမီဆေးခန်းမှာလည်း ပစ်ခတ်မှုတခုကြောင့် သူနာပြုတဦးသေဆုံးခဲ့ရပေမယ့် ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဆီးဂိမ်းပြိုင်ပွဲတွေမှာ သံပြား၊ သံလုံး၊ လှံတံပစ်၊ ဘော်လီဘော နဲ့ ဂေါက်သီး စတဲ့ အာကစားနည်းမျိုးစုံဝင်ပြိုင်ပြီး၊ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်အများဆုံးရယူပေးခဲ့တဲ့ ဒေါ်ဂျင်နီဖာတင်လေးရဲ့ ဆီးဂိမ်းပြိုင်ပွဲအတွေ့အကြုံတွေအကြောင်း တွေ့ဆုံမေးမြန်းထားတာကို ကိုရန်နိုင်က ဒီတပတ်ရဲ့ အားကစားကဏ္ဍမှာ တင်ပြထားပါတယ်။
အခုတပတ် အားကစားကဏ္ဍမှာတော့ အီဂျစ်နိုင်ငံက Empower အမျိုးသမီး ဘောလုံးအကယ်ဒမီ နဲ့ ဘောလုံး အကယ်ဒမီတည်ထောင်သူ Farida Salem အကြောင်းကို ကိုရန်နိုင်က ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်