ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် မတ်စကာတင်မြို့က ကျောင်းသားတွေ တရုတ်နိုင်ငံကို စရိတ်ငြိမ်းလည်ပတ်ခွင့်ရခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံကို အမေရိကန်ကျောင်းသား ၅၀၀၀၀ လာရောက်လည်ပတ်နိုင်ဖို့ရည်ရွယ်တဲ့ သမ္မတရှီကျင့်ပင် အစီအစဉ်အတွက် အစပျိုး ကြိုးပမ်းမှုလည်းဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ အရှေ့အလယ်ပိုင်း (၅) ကြိမ်မြောက်ခရီးစဉ်ဟာ ဂါဇာမှာ အပစ်ရပ်စဲရေး ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်သူတချို့ ရှိပေမဲ့ အမေရိကန် အရာရှိကြီးတဦးကတော့ ဒီအတွက် အာမ မခံနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီပြဿနာ ပြေလည်ရေး အလားအလာ ဘယ်လိုရှိသလဲ။
ကရင်နီပြည်လို့လည်း ခေါ်ကြတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း နှစ်ကျောင်းကို စစ်ကောင်စီ ဂျက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသားတွေအပါအဝင် ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကရင်နီစစ်ဘေးကူညီရေးအဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော် မှာရှိတဲ့ အမျိုးသား ဗိသုကာပြတိုက်မှာ ကလေးတွေအတွက် ပြခန်းတခုကို ဖွင့်လှစ်လိုက်ပါတယ်။ ကလေးတွေအတွက် ရေးသားထုတ်ဝေထားတဲ့ စာအုပ်တွေကို အခြေခံပြီး အခုလိုပြခန်းစီစဉ်ထားတာဖြစ်တဲ့ အကြောင်း Maxim Adams သတင်းပေးပို့ထားပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကြပ်အတည်းကို အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက လျစ်လျူရှုနေကြတယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee က ဝေဖန်ပြောဆိုပါတယ်။
စစ်ကောင်စီရဲ့ အရေးနိမ့်မှုတွေ အဘက်ဘက်မှာ တွေ့မြင်လာရပေမဲ့၊ တကယ်လက်တွေ့မှာ စစ်တပ်ပြိုကွဲရင်ကော ကောင်းမွန်တဲ့ အစိုးရတရပ် ပေါ်ထွက်လာနိုင်ခြေ ရှိပါသလား။ ၂၀၂၄ မြန်မာ့အရေးအလားအလာနဲ့ ပတ်သက်ပြီး ဦးကျော်ဇံသာကို မမြသဇင်အောင် မေးမြန်းဆွေးနွေးထားပါတယ်။
စစ်ပွဲအလွန်ကာလ ဂါဇာကမ်းမြှောင်ဒေသနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာ အစ္စရေးနဲ့ အမေရိကန်ကြား သဘောထားကွဲလွဲနေပါတယ်။ ဂါဇာကို အစ္စရေးက ထိန်းချုပ်နိုင်မယ်လို့ အများစုက ယုံကြည်ကြပြီး ၄ ပုံ ၁ ပုံကျော်ကတော့ အဲဒီဒေသမှာ ဂျူးတွေအခြေချနေထိုင်ဖို့ ပြန်တည်ဆောက်ပေးမယ်လို့ မျှော်လင့်ကြပါတယ်။
ရှမ်းမြောက်တိုက်ပွဲ အပစ်ရပ်အောင် တရုတ်က ကြားဝင်စေ့စပ်နိုင်ခဲ့ပေမဲ့ ရခိုင်မှာတော့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။ ရှမ်းမြောက်နဲ့ ရခိုင် အခြေအနေဘယ်လိုကွာခြားပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
ရခိုင်တိုက်ပွဲ ရှမ်းမြောက်နဲ့ ဘာကွာသလဲ ရှမ်းမြောက်တိုက်ပွဲ အပစ်ရပ်အောင် တရုတ်က ကြားဝင်စေ့စပ်နိုင်ခဲ့ပေမဲ့ ရခိုင်မှာတော့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။ ရှမ်းမြောက်နဲ့ ရခိုင် အခြေအနေဘယ်လိုကွာခြားပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အိန္ဒိယအဗဟို အစိုးရရဲ့ သဘောထားကို အိန္ဒိယပြည်ထဲရေး၀န်ကြီးက ကြေညာလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံနယ်စပ်ကို ခြံစည်းရိုးကာထားသလို မြန်မာနယ်စပ် အရှည် မိုင် ၁၀၀၀ ကျော် ကို ခြံစည်းရိုးကာမယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးက ပြောလိုက်တာပါ။
ကမ္ဘာတဝှမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ထိ သတင်းသမား ၃၂၀ ဖမ်းဆီးခံထားရပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံက ၄၄ ယောက်၊ မြန်မာက ၄၃ ယောက်ရှိနေပြီး သူတို့နောက်မှာ ဘီလာရုစ် နိုင်ငံက ၂၈ ယောက်နဲ့ တတိယ အများဆုံးဖြစ်တယ်လို့ဖော်ပြထားပါတယ်။
၂၀၂၄ နှစ်ဆန်း ဇန်နဝါရီလ အစောပိုင်းမှာပဲ ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ Kyiv မြို့မှာ လူနေအဆောက်အအုံတွေထိခိုက်ပျက်စီးခဲ့ရသလို အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး ၅၀ ဒဏ်ရာရခဲ့ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Anna Kosstutschenko သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါမယ်။
တရုတ်ရဲ့ ဒေသတွင်းကျုးကျော်မှုတွေအပေါ်စိုးရိမ်မှုရှိတဲ့ ဖိလစ်ပိုင်က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နိုင်ငံတဝန်း စစ်အခြေစိုက်စခန်းတွေမှာ အမေရိကန်တပ်တွေ ဝင်ရောက်ခွင့် ပိုပြီးခွင့်ပြုလာခဲ့ပါတယ်။ အကြောင်း VOA သတင်းထောက် Bill Gallo သတင်းပေးပို့ထားပါတယ်။ မမြသဇင်အောင်ပြောပြမှာပါ။
စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး တပ်ဖွဲ့တွေ အထိုင်ချထားတဲ့စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလ ၁၁ ရက်နေ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့သလို စခန်းမှာရှိတဲ့ လက်နက် ခဲယမ်း တချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်း စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တိုက်ပွဲတွေ အရှိန်မြှင့်လာတာနဲ့ တချိန်ထဲမှာပဲ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ပိုစိပ်လာပါတယ်။ တရုတ်ရဲ့ ဒီလိုခြေလှမ်းလာတာဟာ ကန်ရဲ့ Burma Act ဥပဒေ NUG ကိုယ်စားလှယ်ရုံးကို ဝါရှင်တန်မှာ ဖွင့်ခွင့်ပေးတဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေတယ်လို့ သုံးသပ်သူတချို့ကဆိုပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်း စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တိုက်ပွဲတွေ အရှိန်မြှင့်လာတာနဲ့ တချိန်ထဲမှာပဲ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ပိုစိပ်လာပါတယ်။ တရုတ်ရဲ့ ဒီလိုခြေလှမ်းလာတာဟာ ကန်ရဲ့ Burma Act နဲ့ NUG ကိုယ်စားလှယ်ရုံးကို ဝါရှင်တန်မှာ ဖွင့်ခွင့်ပေးတဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေတယ်လို့ သုံးသပ်သူတချို့ကဆိုပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေချိန်မှာပဲ တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီကြား တွေ့ဆုံမှုတွေကြောင့် မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ပိုမိုသြဇာလွှမ်းမိုး လာနိုင်သလား ခန့်မှန်းမှုတွေလည်း ထွက်ပေါ်လာနေပါတယ်။
ကယ်လီဖိုးနီးယားတောင်ပိုင်းက အာမေးနီးယန်းအမေရိကန် တွေရဲ့ Rose Parade နှင်းဆီပန်းလှေ အလှပြပွဲတော်ကို နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့တိုင်း ကယ်လီဖိုးနီးယားပြည်နယ် Pasadena မှာ ခမ်းခမ်းနားနား ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်ကို ၁၈၉၀ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ Genia Dulot သတင်းပေးပို့ထားတာကို ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်