အောင်မှတ်ရနိုင်တဲ့ စာစီစာကုံးတွေကို ကျောင်းသားတွေက အင်တာနက်ပေါ်မှာ အခမဲ့ အသုံးပြုနိုင်တဲ့ AI ChatGPT ကိုအသုံးပြု ရေးသားလာကြတာပါ။ ဒီလို စာတမ်းလိမ်လည်ရေးသားမှုကို ဖော်ထုတ်ပေးနိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ နည်းလမ်းတွေ လိုအပ်နေတဲ့အကြောင်း Matt Dibble ကသတင်းပေးပို့ထားတာကို ဆက်ပြီး တင်ပြချင်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်လို့ အတင်းကြပ်ဆုံးပြည်နယ်တခု လည်းဖြစ်ပေမဲ့လည်း အာရှနွယ်ဖွားတွေကြား အမုန်းတရား အခြေခံတိုက်ခိုက်မှုတွေတိုးလာမှာကို ဒေသခံတချို့ စိုးရိမ်နေကြပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေး သေဆုံးနှုန်းများတဲ့ ချင်းပြည်နယ်မှာဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပျက်ယွင်းသွားတာမို့၊ စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ အရပ်ဘက်ဆရာဝန်တွေက ပြောပါတယ်။
အင်ဒိုနီးရှားနဲ့တရုတ်အလုပ်သမားတွေကြားပဋိပက္ခဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကတရုတ်ပိုင် နီကယ်အရည်ကျိုစက်ရုံမှာတင်းမာမှုတွေဆက်ရှိနေပါတယ်။ဒီဖြစ်ရပ်က အင်ဒိုနီးရှားမှာ တရုတ်ကုမ္ပဏီတခုရဲ့ စီးပွားရေးလည်ပတ်နေတဲ့အခြေအနေကို မီးမောင်းထိုးပြတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသက်ဘေးလွတ်အောင် ထွက်ပြေးနေရသူတွေဟာ သူတို့ရဲ့နေအိမ်ဆီ အမြန်ဆုံး ပြန်ချင်နေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေစခဲ့တာ ၄ နှစ်တာကာလထဲရောက်လာတာနဲ့အတူ ကိုဗစ်မျိုးဗီဇကွဲအသစ်တွေလည်း ထွက်ပေါ်နေတာပါ။ လတ်တလောအမေရိကန်ပြည်ထောင်စုမှာတော့ ကိုဗစ်မျိုးကွဲသစ် XBB.1.5 ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မြသဇင်အောင်က တင်ပြပါ့မယ်။
စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီဖက်က စစ်ကြောင်းတိုးချဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် လက်နက်ကိုင် တော်လှန်းရေးအဖွဲ့အစည်းတွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲ ကြိုကြားကြိုကြား ဖြစ်နေဆဲပဲလို့ ဒေသခံနဲ့ စစ်ရှောင်ကူညီပေးသူတွေက ဗွီအိုအေကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက နိုင်ငံကူးလက်မှတ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာ၊ နိုင်ငံခြားမှာအလုပ်လုပ် ခွင့်စာအုပ် ပုံစံပြောင်းတာအပါအဝင် စာအုပ်လျှောက်ဖို့ အွန်လိုင်းကနေ ရက်ချိန်းယူတာကအစ အားလုံးကို စစ်ကောင်စီဘက်က ပိတ်ပင်ထားခဲ့တာပါ။
နယူးယောက်မြို့မှာ ဆေးရုံကုတင်နဲ့ ဝန်ထမ်းမလုံလောက်မှု၊ အချိန်ပို ခိုင်းပေမယ့် လုပ်ခလစာတိုးမပေးမှုတွေကြောင့် ထောင်နဲ့ချီတဲ့ သူနာပြုတွေ အလုပ်ရပ်နားပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ သူနာပြုသမဂ္ဂကလည်း ဆေးရုံတွေနဲ့သူနာပြုတွေကြား ညှိနှိုင်းမှုတွေပြုလုပ်ပေးနေတဲ့အကြောင်း မမြသဇင်အောင် တင်ဆက်ထားပါတယ်။
CNF ဌာနချုပ်ဖြစ်တဲ့ ဝိတိုရိယစခန်းနဲ့ ဖလမ်းမြို့နယ်အစပ်မှာ ဒီနေ့ ညနေပိုင်းလောက် မြန်မာစစ်ကောင်စီက လေကြောင်းကနေ ၃ကြိမ် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်၊ ဆေးရုံ ပြင်ပလူနာဆောင် ထိခိုက်ပျက်စီးသလို မိသားစုလိုင်းခန်းတစ်ခု မီးလောင်ပျက်စီးသွားပါတယ်။
စစ်ကောင်စီက ကျင်းပမယ့် အခုနှစ် ၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို နိုင်ငံအဝှမ်း ရပ်ကွက်အလိုက် မြို့ပေါ်တွေမှာ လိုက်လံကောက်ယူနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေက ဒီစာရင်းထဲမှာ ပါဝင်နိုင်ပါ့မလား။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ပြေးဒုက္ခသည်ဦးရေဟာ ၃ သောင်းဝန်းကျင် ရှိနေတယ်လို့ အကူအညီပေးနေသူတွေက စာရင်းပြုစုထားကြပါတယ်။ စစ်ရှောင်ကာလ ၂ နှစ်နီးပါး ကြာလာချိန်မှာ အဲဒီ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာအပြင် နေထိုင်ဖို့နဲ့ ကျန်းမာရေးအတွက်ပါ အကူအညီတွေ အတော်လေး လိုအပ်နေတာပါ။
KNDF၊ KA အပါအဝင် အခြား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တနှစ်အတွင်း တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖြစ်ခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီး အလွန်အကျွံအသုံးပြု ပစ်ခတ်တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၁၅၀ ကျော်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ KNDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
သြစတြေးလျနိုင်ငံ Melbourne မြို့က Yarra မြစ်ထဲမှာ လျှပ်စစ်စက်ဘီးကအစ လက်တွန်းဈေးဝယ်လှည်းတွေအထိ အမှိုက်တွေ စုနေတတ်ပါတယ်။ ဒီလို သံထည်အမှိုက်တွေကို သံလိုက်တုံးနဲ့မြှားယူ ဆယ်ဖို့ စေတနာ့ဝန်ထမ်းတွေက လုပ်ဆောင်နေကြပါတယ်။ငါးမြှားသလို သံလိုက်နဲ့အမှိုက်မြှားကြတဲ့အကြောင်းမမြသဇင်အောင်က တင်ဆက်ထားပါတယ်။
Save the Children အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၄ ခုက အာဖဂန်နစ္စတန်မှာ လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်တွေကို ဆိုင်းငံ့ထားတယ်လို့ ပြောပါတယ်။ ဒီအဖွဲ့တွေမှာ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်မပြုကြောင်း တာလီဘန်အစိုးရရဲ့ ကြေညာချက်ကို တုံ့ပြန်ပြီး ဆိုင်းငံ့တာပါ။ မြသဇင်အောင်ကတင်ပြပါ့မယ်။
၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းမှာ နိုင်ငံရေးအပြောင်းအလဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြုံခဲ့ရသလို၊ အကြမ်းဖက်မှု၊ စစ်နဲ့ပဋိပက္ခအပြင် များစွာသော အပြောင်းအလဲတွေလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့အကြီးအကဲ သိက္ခာတော်ရဆရာ ဒေါက်တာခလမ် ဆမ်ဆွမ်ကို ခရီးသွားလာခွင့်ပိတ်ပင်လိုက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုခေါ်ယူ စစ်ဆေးမေးမြန်းနေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူတချို့ဆီက သိရှိရပါတယ်။
"ကန်သာယာမှာ ဖျက်နေတာ။ ပြီးတော့ မေမြို့-မန္တလေး ရထားလမ်းဘေးတလျှောက်။ နောက်ပြီး မြို့ပတ်ရထား သံလမ်းတလျှောက်မှာ ဒီနေ့ဖျက်နေတာ။ မနေ့ကတည်းက ဖျက်မိန့်တွေအော်တယ်။ စာရွက်တွေ ဝေထားတယ်တဲ့။ တချို့ကလည်း ကိုယ့်ဘာသာကိုယ် ဖျက်ကြတယ်ပေါ့။ ကိုယ့်ဟာကိုယ် မဖျက်နိုင်တာကျတော့ ဘူဒိုဇာနဲ့ ဒီတိုင်း ထိုးလိုက်တယ်။” (မျက်မြင်)
"ကားလမ်းတွေပိတ်တော့လေ ဆီကားတွေက ဝင်လို့မရဘူး။ အဲဒါကြောင့်မို့လို့ စက်သုံးဆီတွေ ပြတ်ပြီးတော့ ဈေးတက်တာဟုတ်တယ်။ တချို့က အိန္ဒိယဘက်က မိုးရေးဆီကို ဝယ်သုံးကြတယ်။ ဒါပေမဲ့ မိုးရေးဆီက မကောင်းဘူး။ ဒီက ဆိုင်ကယ်တွေနဲ့ထည့်လို့ မရဘူး၊ ယိုးဒယားဆိုင်ကယ်တွေလည်း အဲလိုပဲ ထည့်မရဘူး။” (တမူးဒေသခံ)
ကရင်နီပြည်နယ်အခေါ် ကယားပြည်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မြို့ကို စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေ ၇,၀၀၀ လောက် ရှိပြီး အဲ့ဒီအထဲမှာ ကင်ဆာ၊ ဆီးချို၊ သွေးတိုး စတဲ့ နာတာရှည် ရောဂါသည်တွေ ၃၀၀ နီးပါးလောက်ရှိတဲ့အကြောင်း အကူအညီပေးနေသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်