ပုပ်ရဟန်းမင်းကြီး Francis ရဲ့ မြန်မာပြည်ခရီးစဉ် ပြီးဆုံးပြီး မကြာခင်မှာပဲ မြန်မာပြည်ရဲ့ ကက်သလစ်သာသနာ ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်လ်ချားလ်စ်ဘိုဟာ ကချင်ပြည်နယ် မြစ်ကြီးနားဒေသကို သွားရောက်ပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ကာဒီနယ်လ်ချားလ်စ်ဘိုဟာ သူ့ရဲ့ မြစ်ကြီးနားခရီးစဉ်အတွင်း မြောက်ပိုင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ တွေ့ဆုံပြီး စစ်ဘေးဒုက္ခ သည်တွေ နေရပ်ပြန်နိုင်ရေး ဦးစားပေး ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။
ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းခြင်းဆိုတဲ့ သတင်းစကားနဲ့ ပုပ်ရဟန်းမင်းကြီး Francis မြန်မာပြည်ခရီးစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ စကားလုံး မသုံးနှုန်းခဲ့လို့ နိုင်ငံတကာ မီဒီယာတွေက ဝေဖန်ထောက်ပြခဲ့ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးက ဘယ်လိုသဘောထားကြောင့်ပါလဲ။ မမြင့်မြင့်ခိုင်က သတင်းထောက်မှတ်စု အစီအစဉ်မှာ တင်ပြထားပါတယ်။
လုံခြုံရေး စိုးရိမ်ချက်ကြောင့် ရခိုင်ပြည်နယ်တွင်း စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်တွေကို အမေရိကန် အစိုးရတာဝန်နဲ့ ခရီးသွားလာမှုအားလုံးကို နိုဝင်ဘာ ၂၃ ရက်နေ့ကနေ ဒီဇင်ဘာ ၄ ရက်နေ့အထိ ၂ ပတ်သွားရောက်ခြင်း မပြုဖို့ ဆိုင်းငံ့ထားတယ်လို့ အမေရိကန်သံရုံးက ညွှန်ကြားချက် ထုတ်ပြန် ထားသလို အမေရိကန် နိုင်ငံသားတွေအနေနဲ့ အဲ့ဒီနေရာမျိုးတွေကို သွားလာ တာ ရှောင်ကြဉ်ဖို့လည်း အကြံပြုချက် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ကြုံတွေ့ခဲ့ရတဲ့ ဆိုးဆိုးဝါးဝါး အခြေအနေတွေက လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုရဲ့ အမှတ်လက္ခဏာတွေ ဖြစ်တယ်လို့လည်း မြန်မာပြည်ကို ၂ရက်ကြာ ရောက်ရှိနေတဲ့ အမေရိကန် လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ပြောဆိုလိုက်ပါ တယ်။
မြန်မာပြည်ကို ၂ရက်ကြာရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Jeffrey Alan Merkley ဦးဆောင်တဲ့ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပြီး စစ်တွေမြို့က အောင်မင်္ဂလာရပ်ကွက်ကို သွားရောက် လေ့လာခဲ့ပါတယ်။
NLD အစိုးရ သက်တမ်း ပထမဆုံးနှစ်မှာ မြန်မာစီးပွားရေး တိုးတက်မှုနှုန်း မျှော်မှန်းတာထက် လျှော့ကျ ခဲ့ပေမယ့် လာမယ့် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း မြန်မာပြည်ရဲ့စီးပွားရေး တိုးတက်မှုနှုန်း ၆.၇% အထိ ရှိလာမယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)က ခန့်မှန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာ အစိုးရအနေနဲ့ ပြတ်သားတဲ့ အဖြေတခု ပေးသင့်ပြီလို့ နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေက သုံးသပ် ကြပါတယ်။
လက်ရှိ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီတွေ အားလုံးရဲ့ ပါတီဝင်ဦးရေ စာရင်းကို ဒီဇင်ဘာ ၃၁ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် တင်ပြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြား ထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံရေး ပါတီတွေ စည်းမျဉ်း စည်းကမ်း နဲ့ ညီ၊မညီ စိစစ်လိုတာဖြစ်ပြီး ပါတီတွေ အကျပ်ရိုက်အောင် လုပ်တာမျိုးမဟုတ်ဘူးလို့ ကော်မရှင်ရဲ့ ပြော ရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက မြန်မာ့ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေကြောင့် တနိုင်းမြို့မှာ လာရောက် စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက်ရိက္ခာပြတ်လပ်နေပြီး ဆောင်းကာလအတွက် အဝတ်အထည်နဲ့ စောင်တွေ အရေးတကြီး လိုအပ်နေ တယ်လို့ တနိုင်းစစ်ဘေးရှောင် ဒုက္ခသည်များ စောင့်ရှောက်ရေး ကော်မတီက ပြောပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ က ေ၀ ဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကို ရှုတ်ချကြောင်းနဲ့ အခြေ အနေတွေ ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောဆိုလိုက်ပါတယ်။ တနှစ်ကျော်ကြာ အရပ်သားအစိုးရလက်ထက် ရင်ဆိုင်နေရတဲ့ စိန်ခေါ် မှုတွေနဲ့ ပတ်သက်လို့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်တာပါ။
ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်နဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော ဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရအနေနဲ့ စတင်ပြင်ဆင်နေပါပြီ။
မြန်မာပြည်တွင်းမှာ အကြမ်းဖက်ဝါဒ လုံးဝ အမြစ်မတွယ်နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး အကြမ်းဖက် တွေရဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံတွေ့နေရချိန်မှာ အိန္ဒိယအနေနဲ့ မြန်မာအတူ အခိုင်အမာ ရပ်တည်ပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်မှာ ပြု လုပ်တဲ့ အိန္ဒိယ ဝန်ကြီးချုပ် ရှရီ နာရန် ဒရာ မိုဒီနဲ့ ပူးတွဲ သတင်းရှင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ဖို့ တပ်မတော် ဘက်က တင်ပြထားမှုအပေါ် နိုင်ငံတော် သမ္မတရုံးဘက်က ခွင့်ပြုထားပြီးဖြစ်တယ်လို့ သမ္မတရုံး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။ မောင်တော ခရိုင်တခုလုံးကို စစ်ဆင်ရေးနယ်မြေအဖြစ် ဘယ်ကာလအထိ သတ်မှတ်ထားမယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အခါ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးဖို့ မရှိသလို ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် ဝင်ရောက် စွက်ဖက်တာမျိုးလဲ လုပ်မှာမဟုတ်ဘူးလို့ ပုပ် ရဟန်းမင်းကြီးရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် UNESCO အဖွဲ့ဆီ မကြာခင် အဆိုပြုလွှာအကြမ်းတင်သွင်းတော့မှာပါ။ ပုဂံရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခြေ အလားအလာနဲ့ ငလျင်ကြောင့် ပုဂံထိခိုက်ခဲ့မှု ပြင်ဆင်တာ ဘယ်အနေအထား ရောက်ပါပြီလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဘာသာရေးနဲ့ လူမျိုးရေးအပေါ် အခြေခံပြီး လွတ်လပ်စွာသွားလာခွင့် ခွဲခြားကန့် သတ်တာတွေကို အဆုံးသတ်ဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က မြန်မာအာဏာပိုင်တွေ ကို အကြံပေးတိုက်တွန်းလိုက်ပါတယ်။ နိုင်ငံသားစီစစ်ရေးကဒ်တွေ ထုတ်ပေးဖို့နဲ့ လွတ်လပ်စွာ သွား လာခွင့်တွေ ပေးဖို့ ကိစ္စရပ်တွေ အပေါ် စိုးရိမ်မှုတွေရှိနေကြပေမယ့် ဒီတွေဟာ ပဋိပက္ခ ဖြေရှင်းရေးအတွက် လုပ်ဆောင်သင့်တဲ့ အချက်တွေဖြစ်တယ်လို့ ကော်မရှင်ရဲ့ ဥက္ကဌ Kofi Annan က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အပြီးသတ် အစီအရင်ခံစာ တင်သွင်းဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။
မတရားသင်း အက် ဥပဒေ ပုဒ် ၁၇/၁နဲ့ သီပေါ အကျဉ်းထောင်မှာ DVB နဲ့ ဧရာဝတီ သတင်းဌာနက သတင်းထောက် ၃ ဦး ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး သတင်းထောက်က သူ့အလုပ် သူလုပ်တဲ့အပေါ် အရေး မယူသင့်ပေမယ့် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး နိုင်ငံတော် လုံခြုံရေးကို ထိခိုက်အောင် လုပ် တာ ထင်ရှားတယ် ဆိုရင်တော့ အရေးယူရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ ဝင် တဦးက ပြောလိုက်ပါတယ်။
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် YBS ဘတ်စ်ကားတွေ တင်သွင်းတာမှာ ပွင့်လင်း မြင်သာမှုမရှိတာနဲ့ ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့ သတင်းရေးသားဖော်ပြချက်ဟာ အစိုးရအဖွဲ့ကို နစ်နာစေပြီး အထင်အမြင်လွဲမှားစေနိုင်တာကြောင့် စီစစ်အရေးယူပေးဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို တိုင်ကြားခဲ့ပါတယ်။
၂၉ နှစ်တိုင် ကြာခဲ့ပေမယ့် ရှစ်လေးလုံးအရေးတော်ပုံရဲ့ မျှော်မှန်းချက်တွေ ဘယ်လောက် ပြည့်ဝခဲ့ပါပြီလဲ၊ ဒီ မျှော်မှန်းချက်တွေ အားလုံး အကောင်အထည်ပေါ်ဖို့ ဘာတွေ လိုအပ်ပါသလဲ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မမြင့်မြင့်ခိုင်က တင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်