မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ ၇၆ဦး ရှိသွားပြီ ဖြစ်ပြီး ဒီရောဂါနဲ့ သေဆုံးသူ ၁၂ ဦး ရှိသွားပါပြီ။ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ အရေအတွက် တိုးလာနိုင်ပေမယ့် သေဆုံးမှုနှုန်း ကို လျှော့ချနိုင်ဖို့ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးရောဂါ (Sesonal Flu- H1N1) ဖြစ်ပွားနေမှုကို အရေးပေါ် အခြေအနေလို့ မသတ်မှတ်ဘူးလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။ H1N1 ဖြစ်ပွားမှုကြောင့် လေဆိပ်နဲ့ဆိပ်ကမ်း အဝင်၊ အထွက်တွေ မှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး နိုင်ငံရပ်ခြားသွားတဲ့ မြန်မာနိုင်ငံသားတွေကို တားဆီးခံရတာမျိုး လည်း အခုချိန်ထိတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ သေဆုံးတဲ့ လူနာ ၆ဦးအထိရှိသွားပြီဖြစ်ပြီး တနိုင်ငံလုံးမှာ ဒီ ရောဂါ ဖြစ် ပွားသူ အယောက် ၃၀ရှိသွားပြီလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောလိုက်ပါတယ်။ H1N1 ကို ကာ ကွယ်ဖို့အတွက် လက်ရှိ ဈေးကွက်ထဲက ကာကွယ်ဆေးတွေက ထိရောက်မှုနည်းတာမို့ လက်ရှိ မြန်မာ ပြည်မှာ ဖြစ်ပွားနေတဲ့ H1N1 နဲ့ ကိုက်ညီမယ့် ကာကွယ်ဆေးရဖို့ ဗိုင်းရပ်စ်ပိုးရဲ့ ဗီဇကို ဂျပန်ကို ပေးပို့ ထားပြီး ကာကွယ်ဆေးထိုးနိုင်ဖို့ စီစဉ်နေတယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူက ပြော ပါတယ်။
ဒီက နေ့ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းက H1N1 ကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးက လူနာတဦး ထပ် ပြီး သေဆုံးသွားပြီး ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ အနည်းဆုံး တလလောက် အချိန်ယူရအုံးမှာ ဖြစ်တယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို အသစ်ထပ် ရောက်ရှိလာတဲ့ လူနာ နှစ်ဦး သေဆုံးသွားတယ်လို့ ရန်ကုန် ဆေးရုံအုပ်ကြီးက အတည်ပြု ပြောကြားလိုက်ပါတယ်။
ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းထဲက ဒေသတချို့မှာ နောက် ၃ရက် အတွင်း မြစ်ရေဟာ စိုးရိမ်ရေမှတ် အထက်မှာပဲ ရှိမှာဖြစ်တာကြောင့် မြစ်ကမ်းနံဘေးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေ အနေနဲ့ သတိ ထားကြဖို့ မိုးဇလဌာနက နှိုးဆော်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ကတည်းက The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိ သျှကိုကိုမောင်တို့ကို သတင်းမီဒီယာ ဥပဒေနဲ့ပါ အရေးယူပေးဖို့ တပ်မတော်ဘက်က ဗဟန်းတရားရုံးကို ဦးတိုက်လျှောက်ထားမှုကိုလက်ခံစစ်ဆေးဖို့ တရားရုံး သဘောတူလိုက်ပါတယ်။
သီပေါ အကျဉ်းထောင်မှာ မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရ တဲ့ သတင်းထောက် ၃ဦးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အပါအဝင် သတင်းလွတ်လပ်ခွင့်ကို တားဆီးတဲ့မတရားတဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များအဖွဲ့ (APHR) က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ မဘသ ဆိုင်းဘုတ်တွေကို မဖြုတ်သိမ်းပေးတာနဲ့ ပတ်သက်ပြီး နိုင်ငံ တော် သံဃာ့ မဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ဥပဒေကြောင်းအရ အရေးယူ ဆောင် ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာနဘက်က ပြောလိုက်ပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်ကို ထိခိုက်စေတယ်ဆိုပြီး ဝေဖန်နေကြတဲ့ ဆယ်သွယ်ရေးဥပဒေ ပြင် ဆင်ချက် မူကြမ်းကို အမျိုးသားလွှတ်တော်မှာ စတင် တင်သွင်းလိုက်ပြီဖြစ်ပါတယ်။ ဒီ ဥပဒေ မူကြမ်းမှာလည်း အငြင်းပွားစရာတွေ ရှိနေဆဲမို့ အများပြည်သူရဲ့ အကြံပြုဆွေးနွေးမှုတွေအပေါ် သေချာဆန်းစစ် လေ့လာပြီးမှ အတည်ပြု ပြဌာန်းပေးဖို့ တတ်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးခင်တုန်းကပဲ အာဏာပိုင်တွေက ဖမ်းဆီးအရေးယူခဲ့တဲ့ သတင်းသမားတွေကို ပြန်လွှတ်ပေးဖို့နဲ့ သတင်းမီဒီယာ သမားတွေ အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို ဖိနှိပ်တဲ့ ဥပဒေကို အဆုံးသတ်ရေး ရန်ကုန်မြို့မှာ ဒီကနေ့ပဲ မီဒီယာသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံ တဝှမ်း သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ အမြန်ဆုံး ပြန်လည်ထူထောင်ရေး လုပ် နိုင်ဖို့နဲ့ ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ဖို့အပြင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အဦးတွေ ငလျင်ဒဏ် ခံနိုင်ရည်ရှိဖို့ အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၁၁၆ သန်း ထုတ်ချေးမှာ ဖြစ်ပါတယ်။
ဒီကနေ့ ဇွန်လ ၁၅ရက်နေ့ ညနေပိုင်းမှာ ပျက်ကျ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်ရဲ့ လေယာဉ် အမှတ် ၅၈၂၀ အမှတ်အသားပါရှိတဲ့ လေယာဉ်အမြီးပိုင်းကို စတင်တွေ့ရှိပြီး ဆယ်ယူဖို့ ကြိုးစားနေတယ် လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိတဦးက ပြောပါတယ်။
မြိတ်ကနေ ရန်ကုန်ကိုအသွား ပျက်ကျခဲ့တဲ့ တပ်မတော် လေယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ ရုပ်အ လောင်း ၈၃လောင်းကို ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းအထိ တွေ့ရှိထားပြီး ခရီးသည် အားလုံး တွေ့တဲ့အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ တပ်မတော် သတင်းမှန် ပြန် ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပျက်ကျ တပ်မတော်ပို့ဆောင်ရေးလေယာဉ်နဲ့ လေယာဉ်ပေါ်ပါ ခရီးသည်တွေကို ရှာဖွေနေတာမှာ ဒီကနေ့တော့ ပင်လယ်ပြင်မှာ ရာသီဥတုဆိုးဝါးတာကြောင့် အခက်အခဲရှိပေမယ့်လဲ တပ်မတော် စစ်ရေယာဉ်တွေနဲ့ ဒေသခံငါးဖမ်းစက်လှေတွေ ပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။
ပျက်ကျ တပ်မတော်လေယာဉ်ရဲ့ အစိတ်အပိုင်းတချို့နဲ့ ရုပ်အလောင်းတွေကိုတော့ ကျောက်နီမော် ကျေး ရွာရဲ့ အနောက်ဘက် ၁၄မိုင်အကွာ၊ လောင်းလုံမြို့ရဲ့ အနောက်တောင်ဘက် ၂၂မိုင်အကွာမှာ စတင် ရှာ ဖွေ တွေ့ရှိခဲ့ပါတယ်။
မြိတ်ကနေ ရန်ကုန်ကိုအသွား လမ်းခရီးမှာပျက်ကျသွားတဲ့ Y-8 200F အမျိုးအစား တပ်မတော်လေယာဉ်က အပျက်အစီးအပိုင်း အစတွေကို ထားဝယ်မြို့အနီး မြင်းခွာအော်ပတ်ဝန်းကျင်မှာ တွေ့ရတယ်လို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိ သူတဦးက ဗွီအိုအေကိုပြောပါတယ်။
ရခိုင်ကမ်းရိုးတန်းဒေသအနီးကနေ ရွေ့လျားတိုက်ခတ်ခဲ့တဲ့ “မိုရာ” ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် စစ်တွေ၊ မောင်တော အပါအဝင် ရခိုင်ပြည်နယ်တွင်းက ဒေသတချို့မှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ် လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မဘသလို့ လူသိများတဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့ကို ဖျက်သိမ်းဖို့ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (မဟန)က ဒီကနေ့ရက်စွဲနဲ့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
တရားလွှတ်တော် ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိပြီး လွတ်မြောက်နေဆဲ ဖြစ်တဲ့ ဦးအောင်ဝင်းခိုင်ကို နောက်ဆုံးတွေ့ခဲ့တဲ့ နေပြည်တော် ပရဆေး ဥယျာဉ်နားမှာ ရှာဖွေဖို့အတွက် ဖမ်းဝရမ်း အသစ် တစောင်ထုတ်ပေးဖို့ ကိစ္စကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် က ဒီကနေ့ (သောကြာ နေ့) ပယ်ချလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်