လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ခဲ့ရာမှာ အချက်အလက်လွဲမှားမှုတွေပါဝင်နေတဲ့သတင်း ပြောပြပါမယ်။
လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေထဲမှာ အစ္စလာမ်ဘာသာဝင်တချို့ ပါဝင်လာတဲ့အပေါ်သဘောထားတွေကို ပြောပြပေးပါမယ်။
NLDပါတီထိပ်တန်းခေါင်းဆောင်တွေအပါအဝင်၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာယှဉ်ပြိုင်ခဲ့ဖူးတဲ့ကိုယ်စားလှယ်တွေထဲက၈၀ရာခိုင်နှုန်းလောက်ပြန်အရွေးခံမှာဖြစ်ကြောင်းသတင်းထုတ်ထားပါတယ်။
လာမယ့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ကပ်ရောဂါကာလ ထုတ်ပြန်ချက်တွေနဲ့အညီ ခွင့်ပြုဖို့ ပြင်ဆင်နေတဲ့အကြောင်းကိုပြောပြပါမယ်။
လာမယ့် ရွေးကောက်ပွဲမှာ ပထမဆုံး မဲပေးခွင့်ရမယ့်သူတွေ အပါအဝင် သန်းနဲ့ချီတဲ့ လူငယ်တွေလည်း မဲပေးခွင့်ရမှာ ဖြစ်ပေမဲ့ အခွင့်အရေးကို အသုံးမချနိုင်မှာ စိုးရိမ်နေပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့တင်ပြချက်ဟာ လက်တွေ့အခြေအနေတွေကို ထင်ဟပ်နေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲဆန္ဒရှင်စာရင်းတွေကို လာမယ့် စနေနေ့ကစ ထုတ်ပြန်ပေးသွားမယ့်အကြောင်း ကြေညာထားပြီး၊ မဲပေးခွင့်ရှိသူတွေ ပါ-မပါ၊ အချက်အလက် မှန်မမှန် စစ်ဆေးဖို့လည်း တိုက်တွန်းထားပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ စာရင်းကို ရပ်ကွက်၊ ကျေးရွာတွေအလိုက် ဇူလိုင်လ ၁၈ ရက်နေ့ကစ ကြေညာသွားမှာပါ။ မဲပေးခွင့်ရှိသူတွေ အနေနဲ့ စာရင်းမှာ ပါ-မပါ စစ်ဆေးဖို့လည်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က တိုက်တွန်းထားပါတယ်။
COVID-19 ကပ်ရောဂါကာလ အကန့်အသတ်တွေကြား ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကြုံလာရမယ့် စိန်ခေါ်မှုတွေအပေါ် စိုးရိမ်မကင်း ဖြစ်သူတွေထဲ သတင်းမီဒီယာတွေလည်း ပါဝင်လာတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။
ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ သယံဇာတထုတ်လုပ်တဲ့ လုပ်ငန်းတွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေကို အားပေးရာ ရောက်နေတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုအဖွဲ့တခုက ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုလိုက်တဲ့အကြောင်း တင်ပြပေးချင်ပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ နေရပ်စွန့်ခွာ ထွက်ပြေး နေရသူတွေပါ မဲပေးနိုင်အောင် စီစဉ်နေပေမဲ့ စစ်ရှောင်ဒုက္ခသည်တွေ ကြားမှာတော့ မျှော်လင့်ချက်တွေ အားနည်းနေ
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းမှာ လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ မတော်တဆမှုနဲ့ ဆက်နွယ်ပြီး တပ်မတော်က အဆင့်မြင့် အရာရှိ နှစ် ယောက်ကို အရေးယူလိုက်တဲ့အကြောင်း ပြောပြပေးချင်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ ဝှေခါကျောက်စိမ်းလုပ်ကွက် မြေပြိုကျမှုနဲ့ လူ ၂၀၀ နီးပါး သေဆုံးမှုဟာ မြေယာစီမံခန့်ခွဲနဲ့ဆိုင်တဲ့ ဥပဒေတွေ စနစ်တကျ ချမှတ်ကိုင်တွယ်မှုအားနည်းတာကြောင့်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ထောက်ပြကြပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေငြာလိုက်ပေမဲ့ အသေးစိတ် အစီအစဉ်တွေကို မသိရေသးတာကြောင့် နိုင်ငံရေးပါတီတွေ အခက်အခဲကြုံရမှာ စိုးရိမ်နေတဲ့အကြောင်းကို ပြောပြပေးပါမယ်။
နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ရာမှာ အပြောင်းအလဲတွေ ရှိခဲ့တဲ့အတွက် ဝေဖန်သံတွေ ထွက်ပေါ်လာတာပါ။
နိုင်ငံရေးပါတီ ၉၀ ကျော် ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲကို ကပ်ရောဂါကာလ အကန့်အသတ်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား ကျင်းပရမယ့် အခြေအနေကြောင့် လွတ်လပ်မျှတနိုင်ပါ့မလားဆိုပြီး နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြတာပါ။
COVID-19 ရောဂါကြောင့် လတ်တလောမှာ အလုပ်သမား ၂ သိန်းခွဲကျော်လောက် အလုပ်လက်မဲ့ ဖြစ်သွားရတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲနီးလာချိန်မှာ နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေ ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့အွန်လိုင်း လူမှုကွန်ယက်စာမျက်နှာတွေအပြင် မီဒီယာ အမည်ခံထောင်ကာ သတင်းမှား ဖြန့်နေတာတွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက သတိပေးပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေအနေနဲ့ COVID -19 ကပ်ရောဂါအခြေအနေကြောင့် မဲဆွယ်စည်းရုံးရေး အကြပ်အတည်း ဖြေရှင်းဖို့ နည်းလမ်းသစ်တွေနဲ့ ကျော်လွှားဖို့ စဉ်းစားလာကြတာတွေ ရှိတာကို စုစည်းတင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ အင်တာနက်လိုင်းဖြတ်တောက်ထားမှုကို ကန့်ကွက်တဲ့ ရန်ကုန်မြို့က တတ်ကြွလှုပ်ရှားသူ ငါးဦးကို ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ထားတဲ့ အကြောင်းကို မမေခပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်