မြန်မာစစ်ဘက်အကြီးအကဲတွေစီးပွားရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတာဟာ အကျိုးစီးပွား ပဋိပက္ခ ဖြစ်စေတယ် လို့ ဝေဖန်ချက်တွေထွက်ပေါ်ခဲ့ပေမယ့်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဆိုတာဟာ မြန်မာ့တပ်မတော်သားတွေ သက်သာချောင်ချိရေးအတွက် ဖွဲ့စည်းလုပ် ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတခု လို့ တပ်မတော်ဘက်က တုံ့ပြန်ပါတယ်။
COVID-19 ကပ်ရောဂါနဲ့ ကြုံနေရချိန် အစိုးရဘက်က မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ပြန်လည် ခေါ်ယူရေး လုပ်ဆောင်နေချိန်အတွင်းမှာ၊ ကြန့်ကြာမှုတွေမှာ သည်းခံစောင့်ဆိုင်းပေးကြဖို့ မြန်မာအစိုးရဘက်က ပြောဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပေါ် စွပ်စွဲပြစ်တင်ဖို့တင်ပြခဲ့ တဲ့အပေါ် မှာ လွှတ်တော် ဘက်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စစ်ဆေးခဲ့တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာရပါတီ အနေနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေရွေးချယ်တာမှာ လူမျိုးဘာသာကွဲတွေအပေါ် နေရာပေးတာ မရှိခဲ့တာတွေနဲ့ ပတ်သတ်လို့ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေကို ကိုယ်စားလှယ်အဖြစ် မရွေးချယ်ဖို့ ဆောင်ရွက်ခဲ့တာတွေအပေါ်မှာ ဝေဖန်ချက်တွေ ရှိခဲ့ပါတယ်။
ကပ်ဘေးအလွန်စီးပွားရေးကုစားမှု အစီအစဉ်အဖြစ်နဲ့ COVID-19 တုံ့ပြန်ရေး ရန်ပုံငွေလျာထားကာ ထိခိုက်သွားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ ချေးငွေတွေ ချပေးတာတွေ ရှိပြီး ဒီ ချေးငွေထောက်ပံ့တဲ့ အစီအစဉ်ဟာ မြန်မာအစိုးရက COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ကြီးရဲ့ အစိတ်အပိုင်း တရပ်ဖြစ်ပါတယ်။
မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အစုအပြုံလိုက် နုတ်ထွက်နေကြတဲ့အပေါ် အစားထိုးခန့်ထားနိုင်ဖို့ ပြည်ထောင်စုအစိုးရက ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ ရခိုင်မြောက်ပိုင်းဒေသ ရပ်ရွာအုပ်ချုပ်ရေးတွေကို အစိုးရဘက်က ဆက်ပြီး ထိန်းထားနိုင်ပါ့မလား...
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၉ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ စိုးရိမ်ရဆဲ နိုင်ငံစာရင်းထဲ မြန်မာကို ဆက်လက်ထည့်သွင်းထားတာနဲ့ ပတ်သတ်လို့ ပြည်တွင်းတုံ့ပြန်မှုတွေကို စုစည်းတင်ပြပေးပါမယ်။
ဖွဲ့စည်းပုံပါ ပြဌာန်းချက်အရ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှာ ကျင်းပရမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောထားပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဒီနှစ်နိုဝင်ဘာလထဲ ကျင်းပမယ်လို့ ကော်မရှင်ကဆိုထားပါတယ်။ COVID-19ကပ်ရောဂါရဲ့အကန့်အသတ်တွေကြောင့် ဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ လက်ရှိ အာဏာရပါတီ နဲ့ တန်းတူ မျှတစွာ ယှဉ်ပြိုင်ခွင့်ရပါ့မလားဆိုတာကို့ နိုင်ငံရေးပါတီအချို့က စိုးရိမ်နေပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်းတွေမှာ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါသလဲ၊ ပြည်သူတွေဘက်ကရော ဘယ်လောက်ထိ စိတ်ဝင်စားမှု ရှိလာသလဲဆိုတာတွေကို စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောပြပေးမှာပါ။
COVID-19 ကမ္ဘာ့ကပ်ဘေးကြောင့် ထိခိုက်နစ်နာမှုရှိတဲ့ လုပ်ငန်းတွေကို မြန်မာအစိုးရက အကူအညီပေးနေရာမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းငယ်တွေ ပိုပြီး ထိထိရောက်ရောက်အကူအညီ ရရှိအောင်လို့ဆိုပြီး မကြာသေးခင်ကပဲ COVID-19 ကြောင့် စီးပွားရေးပေါ် သက်ရောက်မှု ကုစားရေး လုပ်ငန်းအဖွဲ့ကို အစိုးရဘက်က ဖွဲ့စည်းခဲ့ပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အစည်းအဝေးမှာ လစ်လပ်သွားတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ရာထူးပြန်လည် ခန့်အပ်ဖို့အတွက် လက်ရှိနေပြည်တော် ဒုတိယ မြို့တော်ဝန်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ ဦးရဲမင်းဦးကို ခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။
လာမယ့် ၂၀၂၀ မှာ ကျင်းပပြုလုပ်ဖဖို့အတွက် ခုချိန်ထိ ရွေးကောက်ပွဲအတွက် ဘယ်လိုပြင်ဆင်ထားလဲ ပြင်ဆင်မှုတွေက ဘာတွေလဲဆိုတာ တိတိကျကျထုတ်ဖော်ပြောဆိုတာမရှိခဲ့တဲ့ အပေါ် ပါတီတွေနဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ အရပ်ဘက်အဖွဲ့တွေဘက်က ရွေးကောက်ပွဲအပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။
ခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ မျှတမှု မရှိတာမို့ဆိုတဲ့ စွပ်စွဲချက်နဲ့ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ပြည်ခိုင်ဖြိုးပါတီဘက်က ပြည်သူ့လွှတ်တော်မှာ တင်သွင်းတဲ့အဆို ရှုံးနိမ့်သွားတာကို တင်ပြပေးပါမယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက မိုင်းပြင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစိန်က လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ရုပ်သိမ်းရေးအဆို တင်သွင်းခဲ့တာပါ။
လက်ရှိဘဏ္ဍာနှစ်ရဲ့ ဖြည့်စွက် ဘတ်ဂျက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်တွေထဲက ကျပ်သန်းပေါင်း ၂၀,၀၀၀ ကျော် ဖြတ်တောက်ဖို့ အာဏာရပါတီ ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က လွှတ်တော်ကို တင်ပြထားတာပါ။
COVID-19 ရောဂါကြောင့် လူမှုစီးပွားရေးကို ကုစားနိုင်ဖို့ အတွက်ကော စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက်ပါ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကနေ ဂျပန်ယန်း ၃၀ ဘီလီယံချေးယူနိုင်ရေးနဲ့ ပတ်သတ်လို့ လွှတ်တော်မှာ အပြန်အလှန်ဆွေးနွေးခဲ့တာတွေကို ပြောပြပါမယ်။
ရခိုင် မြောက်ပိုင်းက ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ ICJ နိုင်ငံတကာတရားရုံး ကြားဖြတ်အစီအမံအရ ပထမဆုံးအစီရင်ခံစာကို အခု မေလ ၂၃ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမှာပါ။
COVID-19 ရောဂါပိုးရှိတယ်လို့ သံသယနဲ့ ကန့်သတ်စောင့်ကြည့်ခံနေရတဲ့ လူနာတချို့သေဆုံးတဲ့အပေါ် စိုးရိမ်မှုတွေတိုးနေတာကြောင့် သူတို့ဘယ်လိုအသက်ဆုံးရှုံးရတာလဲဆိုတာ မေးမြန်းတင်ဆက်ပေးပါမယ်။
ဘာသာရေးအကဲဆတ်တဲ့ မိတ္တီလာမြို့မှာတော့ လူမှုကွန်ယက်ပေါ်မှာ သံဃာတော်တွေကို ဝေဖန်ရေးသားသူ ကို လာမယ့် ၂၆ရက်နေ့မှာ မန္တလေးတိုင်းတွင်းမှာ ရုံးထုတ်စစ်ဆေးဖို့ လုပ်ထားတာကိုပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်